thit minJanuary 22, 20121min25813
ဤနေရာတွင် ပါဝါဆိုသည်ကိုပြောရလျှင် အခွင့်အာဏာအင်အားကိုဆိုလိုပါသည်။ အာဏာပါဝါဆိုသောစကားကို ကြားဘူးကြပါလိမ့်မည်။ ငယ်စဉ်ကလေး ဘဝ ကတည်းက လူသည် အမိန့်ပေးခံခဲ့ရသည်။ ဟိုဟာမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဟိုဟာမစားနဲ့၊ ဒီဟာကိုလုပ်၊ဒီကိုသွား၊ ဒီဟာကိုလုပ်ဟု မိဘအုပ်ထိန်း သူများမှ အစပြု၍ ဆရာဆရာမ အလယ် အချင်းချင်း အဆုံး ပြောကြဆိုကြ အမိန့်ပေးတတ်ကြသည်။ ဤနေရာတွင် ပြောသည့်အတိုင်း လုပ်ခြင်း မလုပ်ခြင်းပေါ်တွင် တုံ့ပြန်မှုအမျိုးမျိုးရှိသည်။ တချို့က ဘာတုံ့ပြန်မှုမရှိ၊ မလုပ်လဲရသည်။ တချို့ကြ မလုပ်ရင်၊ အပြစ်ပေးခံရသည်။ အနဲဆုံးစိတ်ဆိုးတာခံရမည်။ အနောက်တိုင်းစကားအရတော့ မုံလာဥနီ နှင့် တုတ် ဟု ဆိုသည်။ တိရိစာ္ဆန် လေ့ကျင့်သော နေရာမှ လာပုံရသည်။  မျောက်တကောင်ကို ဂျွမ်းထိုးခိုင်းမည်။ ခိုင်းသည့်အတိုင်းလုပ်ပါက မုံလာဥနီ ကျွေးမည်။ ခိုင်းသည်ကိုမလုပ်ပါက တုတ် နဲ့ ရိုက်မည်။ […]


thit minDecember 25, 20111min55384
အားလုံးသိပြီးသားများကိုပြန်လည်ပြောပြခြင်းသာဖြစ်ပါသည်။ ဝိုင်းဝန်းဆွေးနွေးပေးပါလို့မေတ္တာဖြင့်။ တဦးချင်းပြုပြင်ရန်လိုအပ်ချက်များကိုလည်းဖြည့်စွက်ဆွေးနွေးနိုင်ပါကြောင်း နှင့် ပို့စ်တခုသီးသန့်တင်၍ဆွေးနွေးလျှင် လည်း ပါဝင်ဆွေးနွေးပါမည် ဆိုသည်ကိုပါအသိပေးအပ်ပါသည်ခင်ဗျား။ ကျနော်ကိုယ်တိုင်အပါအဝင် တဦးချင်းကိုဘယ်လိုပြင်မယ်…….. ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပါ့မယ်။ ဒီဆီမီနာဟာဘာလဲဆိုတော့…………. အားလုံးမိမိတို့ရဲ့ အမြင်တွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်တဲ့ အိုးပင်းဆီမီနာပါ။ ကျနော် တယောက်ထဲကဆွေးနွေးတာမျိုးမဟုတ်ဘဲ ဂေဇက်ကြွလာမိတ်သဟာ ဂေဇက်ဝင်မိသားစုများပါ ပါဝင်ဆွေးနွေးတာမျိုးပါ။   ဒီ ဆီမီနာရဲ့ ရည်ရွယ်ချက်ကတော့……….   ၁။ မိမိတို့၏ ငုတ်လျှိုးနေသော ကိုယ်ပိုင်အတွေးအခေါ်များကို ဖော်ပြပေးရန်နှင့်အများနဲ့ညှိနှိုင်းပြီးအတည် ပြုချက်ရယူရန်။ ~~~~~~~ဥပမာ။ ။ကိုပေါက်(မန္တလေး)ရေးသောအတွေးပါးပါးစာများ။   ၂။အကြောက်တရားများ၊အားကိုးရာရှာစိတ်ဓာတ်များကြောင့်”ကျ”ဆင်းနေသောကိုယ့်ကိုကိုယ်ယုံကြည်မှုများ ကိုပြန်လည်ဖော်ထုတ်လာစေရန်။   ၃။အူမ မတောင့်ခဲ့၍ သီလ မစောင့်နိုင်ခဲ့သော ဝန်ထမ်းဘဝမှ ဘဝ၏စိတ်ဖိအားများကိုထွက်ပေါက်ရှာရန်အတွက် ဘီယာဖိုးကေတီဗီဖိုး  မာဆတ်ဖိုး စသည်တို့အတွက် လာဘ်စားသောဝန်ထမ်းဘဝသို့ ရောက်နေခြင်းအတွက် အမှားပြင် အမှန်ရောက် နည်းလမ်းများ ရှာဖွေနိုင်ရန်။ ~~~~~~ဥပမာ။  ။ကိုကြောင်လတ်၏ဂေဇက်ဆီမီနာ-1ဆွေးနွေးမှုမှ။   […]