ဂ်စ္စူNovember 2, 20101min703
မည်သည့်နိုင်ငံတွင်မဆို မော် တော်ယာဉ်များမောင်းနှင်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင် ခွင့်ပါမစ် (International Driving Permit)များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် လျှောက်ထားနိုင်သည်ကို သိရှိသူ နည်းပါးလျက်ရှိ ကြောင်းသိရသည်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး  ကော်မတီမှ နည်းပညာဆိုင်ရာ အကြံပေးဖြစ်သူ ဦးအောင်မြင့်က မြန်မာနိုင်ငံအတွင်း ယာဉ်မောင်း လိုင်စင်လက်ဝယ်ရှိထားသူများအနေ ဖြင့် အပြည်ပြည်ဆိုင်ရာ ယာဉ် မောင်းနှင်ခွင့်လက်မှတ်အား က-ည-န ရုံးများတွင် လာရောက် လျှောက်ထားနိုင်သည်ကို သိရှိသူ နည်းပါးကြောင်း၊ အဆိုပါ လက်မှတ် ကိုင်ဆောင်ထားပါက မည်သည့် နိုင်ငံတွင်မဆို ယာဉ်မောင်းနှင်ခွင့်ရရှိ မည်ဖြစ်ကြောင်း၊ အာဆီယံ ယာဉ် မောင်းလိုင်စင်နှင့် ကွာခြားချက်မှာ အာဆီယံယာဉ်မောင်းလိုင်စင်သည် အာဆီယံဒေသတွင်းနိုင်ငံများတွင် သာ ယာဉ်မောင်းနှင်ခွင့်ရှိပြီး အာဆီ ယံ ပြင်ပနိုင်ငံများတွင် မောင်းနှင်ခွင့် မရှိကြောင်း ပြောသည်။ […]