ဂ်စ္စူJanuary 25, 20111min1125
တပ်ပြေးအဖြစ်ဖမ်းခံရတဲ့ကလေး ပျောက်ဆုံးနေ အမရပူမြို့နယ် ဆင်ရွာမြင်းမူးက ဦးကျော်တင့် ဒေါ်ခင်လေးမာတို့ရဲ့ အသက် ၁၅ နှစ်အရွယ် မောင်ကျော်ရဲအောင်ဟာ ၂၀၀ရ ခုနှစ်က ၉တန်းစာမေးပွဲကျလို့ စိတ်ညစ်ပြီး သူတို့ရွာက တပ်သားတချို့ရှိတဲ့ မန္တလေးတံခွန်တိုင်ရပ်က လေ့ကျင့်ပညာသင်ကျောင်း ထောက်ပို့တပ် (ပလခ ၂) ကိုသွားနေခဲ့ပါတယ်။ အဲဒီတပ်မှာ အသက်မပြည့်သေးလို့ သူ့ကိုထိမ်းသိမ်းလေ့ကျင့်ပေးနေတုန်း ၆လရှိလာတော့ မပျော်လို့ဆိုပြီး ကသာမြို့နယ်က စစ်တကောင်းအရပ်ကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ တနှစ်ပြည့်တော့ အိမ်ကပြန်ခေါ်ပြီး မြို့နယ်မီးရထားရုံးမှာ အလုပ်သွင်းပေးထားလို့ တနှစ်ကျော်ကာမှ ကျောက်ဆည်အခြေစိုက် ခလရ ၁၄ တပ်ရင်းက တပ်ကြပ် အောင်ကျော်ဇံ နဲ့အပေါင်းပါ ၄ယောက်ကနေ မောင်ကျော်ရဲအောင်ကို တပ်ပြေးဆိုပြီး ဖမ်းခေါ်သွားတယ်လို့သိရပါတယ်။ မောင်ကျော်ရဲအောင် အိမ်ပြန်လာတဲ့အခြေအနေနဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ပြန်လည်ဖမ်းဆီးသွားတဲ့ အခြေအနေကို အဘိုးဖြစ်တဲ့ […]