ဇီဇီAugust 17, 20152min42229
တစ်ပတ်စာ တော့မရဘူးးး ဆိုတော့ ၅ ရက်စာပဲ ဒုက်ခပေးတော့မယ်။ ငါးတွေကို ပြေါပါတယ်။ ဒီရာသီက မိုးရာသီ ဆိုတော့ ပူပူစပ်စပ်လောင်လောင် နွေးနွေးတွေ စားချင်သောက်ချင်ကြမယ်ထင်လို့ သူများတွေ ငါးတွေ ဒုတ်ခပေးထားတဲ့ဟာတွေ သွားခိုးလာခဲ့တယ်။ ပိုင်ရှင်တွေ လိုက်လာရင်တော့ ပိတ်သတ်ကြီးပဲ ကွကိုယ် ကြည့်ရှင်းကြပေရော့။   ၁) ငါးခူရဲယိုအနှီးထုတ် ဟင်း လို့ ပေးလိုက်တယ်။ (ဦးကျောက်ခဲ ချက်တဲ့ထဲက နှိုက်လာတာ။) ချက်နည်းက လွယ်၏… ရဲယိုရွက် မနုမရင့် အနာလွတ် အရွက်ကြီးကြီးကို ရေစင်စင်ဆေးထားပါ ။ အရွက်က အစိမ်းရောင် အတော်ရင့်ပြီး ခပ်ကြွပ်ကြွပ်ဆိုရင်တော့ ရေနွေးဖျောပြီး ဖြန့်ထားပါ ။ ငါးရံ့/ငါးခူအသားကို နုတ်နုတ်စင်းပြီး ငါးခြစ်သား (သို့) ငါးဖယ်ခြစ်နဲ့ရောပါ ၊ စုစုပေါင်း ၂၀-သားခန့် […]


ဇီဇီJuly 27, 20153min65021
  ဒီ တစ်ပတ်လည်း ထမင်းဆိုင် မဖွင့်တာ ကြာလို့သာ ကြံဖန်ဖွင့်ရတာ။ အမှန်တော့ အသုပ်ဆိုင်ပဲ ထားပါတော့။ မွသဲ ဆီက ဆေးဘဲဥသုပ်နဲ့ ကျန်တဲ့ အသုပ်တွေတော့ မွမွဘုတ် ဆီ က ယူပါတယ်။         မွဘုတ်                                 အောင်မိုးသူ ရဲ့ မြင်းခွါရွက်သုပ် အိမ်မှာ မေမေမြင်းခွာရက်သုပ်ရင်တော့ အမြစ်ကအစမသင်ဘူး အကုန် ပါးပါးလှီးတာ ပါးတာမှ ပါးလျှပ်နေအောင် လှီးတာ။ ငရုတ်သီးစိမ်းပါးပါးနဲ့ မြေပဲထောင်းထားတာရယ်။ သံပုရာသီးရယ် ဟင်းခတ်မှုန့် […]


ဇီဇီMay 11, 20154min42049
မျှစ်ကြော် မျှစ်ကြော် အချစ်လေးနော်။ ဟိဟိ။ မဝင့် ကို သတိရလို့။ လူတွေမြန်း အစားသောင်းကျန်းချက် ဝါးလုံးတောင် အလွတ်မပေးဘူး ဆိုတာ ဒါမိုးပေါ့။ ဘာရှိရမတုန်းးး မျှစ် ပေါ့။ ချက်စားလိုက်တာများ အမျိုးမျိုးးး မိုးဦးစ ရာသီစာထဲမှာ အရမ်းကြိုက်တဲ့ ဟင်းမို့ စုထားမို့ပါ။ တိုင်းရင်းသားတွေ အကုန်လုံးလည်း မျှစ်ကို တစ်မျိုးမဟုတ် တစ်မျိုး ချက်စားကြတာချည်းပဲ။   ရွာမှာ ဘယ်သူတွေက မျှစ်ကို ဘယ်လိုချက်စားတုန်း ဆိုတာ ကြည့်ရအောင်။ ~~~~~~~~~~~~~~~~ ပထမဆုံး ရွာသူ မေဖလားဝါး ရဲ့ မွန် မျှစ်ပေါက်ဟင်း တဲ့။ (https://myanmargazette.net/149218) ဒီနေတော့ ့ ဈေးကိုသွားရင် ဝါးပိုးမျှစ်နုနုကြီးတွေတွေ့တာနဲ့ ဝယ်လာခဲ့တယ် ။ စားလို့လည်းကောင်း ၊ အဟာရနဲ့ပြည့်စုံပြီး  အရသာရှိလှတဲ့ […]


ဇီဇီApril 20, 20152min44429
ဟေးဟေးးး ပူတင်း မျိုးစုံကို မွမွအိ ဆီကနေ တူးထားလို့ ဒီ ခေါင်းစဉ်ဖြစ်သွားတယ်။ :chit: သတင်းစာ အတွက် စု ရင်း … မွအိ ဆီက ၄ မျိုး၊ မွဝေ ဆီ က တစ်မျိုး၊ ရွှေပုံ့ ရေးထားတာလေး ရှာလို့ ရတာ တစ်မျိုးမို့  စုလိုက်တယ်။ :sar: ~~~~~~~~~~~~~~~~~~~~~~~~~ 1) အက်တက် ကြက်ဥပူတင်းမုန့်…( Egg Tarts )- Ma Ei   (https://myanmargazette.net/186774) ချစ်စရာလဲကောင်း၊အရသာလဲရှိတဲ့ မုန့်ကလေးကို စားခဲ့ရလို့ စိတ်ဝင်စားပြီး မီနူးကိုကြည့်လိုက်တော့ အက်တက် ကြက်ဥမုန့်ပါတဲ့… ဝါသနာအရ မုန့်လုပ်ကြည့်ချင်တာမို့ ပြုလုပ်နည်းကို ရှာဖွေတဲ့အခါမှာ ပုံစံတူ အမျိုးမျိုးကိုတွေ့ရပါတယ်… အချိုးအစားတွေလဲ တစ်မျိုးနဲ့တစ်မျိုး […]


ဇီဇီMarch 23, 20155min115951
      မြီးရှည် ဆိုတာ မန်းလေးမှာ မုန့်တီ နဲ့ ရှမ်းခေါက်ဆွဲပြီးရင် တတိယနေရာလိုက်တဲ့ထိ နာမည်ကြီးပါတယ်။ မန်းလေး မြီးရှည်… မိုးကုတ်မြီးရှည်… ကျိုင်းတုံမြီးရှည်… မိုင်းသာမြီးရှည်.. စသည်ဖြင့် ဒေသအလိုက်မြီးရှည်တွေကလည်းရှိသေးရဲ့။ ဆိုတော့ ကြိုက်တတ်ရင် မြီးရှည်သည်လည်း စိတ်ရှည်လက်ရှည် လုပ်စားပျော်ပါကြောင်းးး… :sar: ~~~~~~~~~~~~~ ပထမဆုံး တင်ပြ (အဲလေ) ပြောပြချင်တဲ့ မြီးရှည်ကတော့ ကေဇီ အမြီးရှည် ဖြစ်ပါဒီ၊. ဒီ နည်းကို မနှစ်က လာတဲ့ အမေနဲ့ အဒေါ်ထံမှ လက်ပူးလက်ကြပ် သင်ယူထားတာမို့ စိတ်ချလက်ချ စားနိုင်ပါကြောင်း သဒင်းဂေါင်းပေးလိုက်ပါဒီ။ ဟိဟိ.. :k: မိုးကုတ်- မန်းလေးဖက်စပ် မြီးရှည် . မုန့်ဖတ် – (တစ်မျိုးမဟုတ် တစ်မျိုး) ၁) […]


ဇီဇီMarch 16, 20152min70047
  အကို့ မိန်းမ – မရီး အိပ်ချင် – သန်း မရီးသန်း ဆိုတော့ မရမ်းသီးပေါ့။ ဟိ။ ငယ်တုန်းကတော့ စကားထာဖွက်ရင် အဲလို ဖွက်တာပဲ။   :mrgreenn: ~~~~~~~~~~~~~~~~~~~ ဆေးဖက်ဝင် မရမ်းသီး (http://yinfamily24.blogspot.sg/2013/03/blog-post.html) မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာက…ျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။ ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်သွားခြင်းများအတွက် မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်သည်။ အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်းစေရန်နှင့် […]


ဇီဇီMarch 9, 20153min76242
ဒီ တစ်ခေါက် သယ်လာတာ…… – ငါးရံ့ခြောက် – ပင်လယ် ငါးပြေမခြောက် – ငါးပိကောင်ခြောက် – ငါးကျည်းခြောက် – ငါးနီတူခြောက် – ပုဇွန်ခြောက်  (မွသဲ နဲ့ မမ ပေးလိုက်တာ) – အာပြဲချောက် – ချဉ်စော်ကားသီးခြောက် – ပုဂံ က ဝယ်လာတဲ့ ပုံးရည်ကြီး – အာတီဒုံ ပေးတဲ့ ဝါးခယ်မ ပုဇွန်ချဉ် – အာလူးကြော် – မွနှင်းပေးလိုက်တဲ့ သန့်စင် ရယ်ဒီမိတ် ထမင်းသုပ် ပါဝင်ပစ္စည်းများ – လူကြုံနဲ့ ထပ်ပါလာတာ က အမတ်မင်း ရဲ့ ခိုးရာပါ လက်ပံခေါင်းခြောက် – ဇော်သန့်ပါလာတဲ့ လက်ဖက်, ဝက်သားအမွကြော် နဲ့ မရမ်းသီး […]


ဇီဇီFebruary 23, 20154min62461
  Nasi Brayani – (ဒံပေါက်ထမင်း) ဟိ။ ဒန်ပေါက် (ဒံပေါက်) ဆိုလို့ ဒန်အိုးပေါက်လို့တော့မထင်လိုက်ပါနဲ့။ ခင်ဇော် တစ်နေ့တာ အစားချင်ဆုံး အစားအသောက် စာရင်းထဲမှာ ပါဝင်တဲ့ (ဒံပေါက်) ဒန်ပေါက်ရယ်ပါ။ စာရင်းထဲ ဘာတွေပါတုန်းဆိုတာတော့ ပြောပြဘူးးး၊ ဒီ ဧည့်သည်ကို ကြောက်သွားမှာ ဆိုးလို့။ ခိ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“ ပထမဆုံး ဒန်အိုး ဖောက်မဲ့ သူကတော့ စွယ်စုံ ကိုကို ကျောက်(စ) ဖြစ်ပါတယ်။ ဟိဟိ။ ကျောက်စ်တို့အရပ်က စိနတိုင်းဆိုတော့ အိန္ဒိယစာ အနှီဒံပေါက်က စိတ်ရှိတိုင်းဝယ်စားဖို့ မလွယ်လှပါဘူး ။ ဆိုင်မရှိဘူးလားဆိုတော့ ရှိတော့ရှိပါရဲ့ အရောင်အဆင်းကလည်း စွဲမက်လောက်ဖွယ်မရှိ ၊ အနံ့အရသာကလည်း ချိုချိုရဲရဲ ပါးစပ်ထဲမှာ အာမထိလျှာမထိမို့ စားချင်ရင် ကိုယ့်အားကိုယ်ကိုး ၊ […]


ဇီဇီDecember 4, 201416min105886
မုန့်ဟင်းခါး (သို့) မုန့်ဟင်းငါး ဆိုတဲ့ နာမည် ဘယ်ကဘယ်လို ရတယ်တော့ မသိ။ အာ့ ကိုယ့် အလုပ်လည်း မဟုတ်။ အဟစ်။ အရေးကြီးတာက အင်မတန်ကြိုက်သော နေ့တိုင်းစားနိုင်သော အစားအသောက်ဖြစ်နေခြင်းးး (မုန့်ဟင်းခါးအလှည့်ဆိုတော့ ဂလိုပဲ ပြောရမှာပေါ့။ နောက် အစားအသောက်အလှည့်ကျ တစ်မျိုး ပြန်ပြောရမှာပေါ့နော့)  :mrgreenn:  မွင်းငါး လို့ ခေါ်ရတာ အားသန်လို့ ဂလိုပဲ ရေးမယ်နော်။ အဘိုးက ဒေးဒရဲ ကျိုက်လတ်ဆက် ဆိုတော့ မွင်းငါး ကို အင်မတန်ချေးများတယ်၊ ငါးနည်းတယ်တို့၊ ငံပြာရည်မကောင်းဘူးတို့ စသည်ဖြင့်ပေါ့။ အဲ!! မွင်းငါးချက်ရင်လည်း ငါးအသားနွှင်ပြီး စပါးလင်ငရုပ်သီးအကြမ်းဖတ်ထောင်းနဲ့ ငါးမွှေစပ်စပ်လေး ချက်ပေးရသေးတယ်။ ပြီးမှ မွင်းငါးကို ငါးမွှေပါ ထည့်စားတယ်။ ငှက်ပျောအူလည်း နုနေမှ၊ ကြက်သွန်ဥ အရွယ်တော်ပေါလောပေါ်မှာ […]


ဇီဇီNovember 24, 201412min43548
  ဒီ တစ်ပတ်ကတော့ မွမွအိ ရဲ့ ငါး မျိုး အစုံအလင် နဲ့ ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတွေဖြစ်ပါတယ်။ မွမွအိရဲ့ ထုံးစံ အတိုင်း ဓာတ်ပုံနဲ့ တကွ ရတဲ့ အချိန်မှာ ပို့တာမို့ တင်ရတဲ့ အချိန် ပြည့်ပြည့်စုံစုံ မြင်ရမှာပါ။ မြင်ပြီး ဗိုက်ဆာလာတော့ စားစရာက မရှိ။  :mrgreenn:   ~~~~~~~~~~~~~~~~~~~~ ငါ …ငါ ဘယ်သူ ပဲ ဘယ်ဝါပဲ လို့ ငါ စွဲ မထား သင့်ဘူး… ငါ့ …ပစ္စည်းတွေ ပဲရယ်လို့ လဲ အစွဲ မထား သင့်ဘူးဆိုထားတာမို့… ငါး …တော့ ဆွဲ ကောင်းမှာပါနော်…ဒီတော့…. ငါးလေးတွေ ကောင်းကောင်းဆွဲရအောင် ..ဓာတ်ပုံရိုက်ဖြစ်ထားတဲ့ ငါးချက်လေးတွေ […]


ဇီဇီNovember 17, 20143min52441
ဟေးဟေးဟေးးး နောက် ဒေသ အစားအသောက်တွေကို ပေးမယ် လို့ ပြောပါတယ်။ (ဟိ၊ တရားဝင် ကြေငြာလိုက်တော့ ကိုဂျီးမျိုးသန့် ပြေးလို့ရတော့ဘူးး) ကဲ!!! မုံညင်း ခရီးစဉ် စ ကြစို့ရဲ့။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကျနော်က ကချင်ပြည်နယ်သားဆိုတော့ ဒေသထွက် အစားအစာတွေကို ကြိုက်သူပါ။ အထူးသဖြင့် မုန်ညင်းပါပဲ၊ မုန်ညင်းတောင်မှ အခါးဓါတ်ပါတဲ့ မုန်ညင်းစိမ်းကို (ရန်ကုန်မှာ) တွေ့တိုင်း မရိုးတန်း ဝယ်ချက်စားတဲ့သူပေါ့လေ။ ဒါကြောင့် ရွာထဲမှာ ဒီလိုမျိုး ရေးရမယ်ဆိုတော့ ဒီမုန်ညင်းကို သတိရပြီး ဒီခေါင်းစဉ်တပ်လိုက်တာပါ။ အိမ်မှာက ဟင်းကို မနက်ည အပြီး ချက်တာများလို့ တစ်ရက်တစ်မျိုး ပေးလိုက်ပါတယ်။   (၁) တနင်္ဂနွေ ရုံးပိတ်ရက်ဆိုတော့ ဈေးသွားတာပေါ့။ ဈေးရောက်တော့ ဆောင်းနဲ့အတူ ပေါ်လာတဲ့ မုန်ညင်းစိမ်းတွေကို […]


ဇီဇီNovember 10, 20142min60047
ခေါင်းစဉ်ကြည့်ပြီး …. ခင်ဇော်တစ်ကောင် ဘယ်သူ့ကို အပျော်ကြံနေလဲ မမှတ်ကြပါနဲ့။ ဟိဟိ။ :kwi: အပေါင်း (၆) မျိုးရှိလို့ ၆ ရက်စာပဲ ပေါင်းလို့ရမယ် ပြောတာပါ။     ဒီ တစ်ပတ်ကတော့ …… ဒါလင့် ရဲ့ ချစ်ချစ် မွမွနို (NOVY) ရဲ့ အပေါင်းများ ဖစ်ပါတယ်။ ဂလောက် တော်လွန်းလို့ ဒါလင် က အသည်းစွဲတာ ဆိုတာ ယုံမှားဖွယ်မရှိ။ :chit:   ဂလိုချက်တတ်စားတတ်ပြီး ဒီ ကိုယ်လုံးလေး ထိန်းနိုင်တာကို အံ့ဩ ချီးကျူး အားကျသေးရော့ဗျာ။   ~~~~~~~~~~~~~~~~~~~~~~~~~~~~ . 1) ငါးပေါင်း+ ချိုချဉ် ဟင်းရည်မွှေး   ငါးပေါင်းကနေစမယ်နော်  ( ချိုချဉ်ဟင်းရည်) […]


ဇီဇီNovember 3, 20141min37259
ဒီ တစ်ပတ်ကို ခွစ် ကို နားပူလို့ ရထားတာလေးနဲ့ ကျေနပ်လိုက်ကြဦးနော်။ ဟိ။  :k: မရှင်းရင် သများရဲ့ ကရင်မလေးကို မေးကြပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“ ကေဇီရဲ့ထားစားလို့ရတဲ့အစားလေးတွေရေးတဲ့.. https://myanmargazette.net/201451 အဖုထွက်ပို့စ်ကတည်းက ရေးပေးမလို့.. ကြားထဲ..အသုဘတွေဆက်သွားလို့.. အခု.. ကိုရေမြေင်းချက်တဲ့ပို့စ်မှ ရေးပေးဖြစ်လိုက်တယ်.. သများကြိုက်လို့.. စိတ်လိုလက်ရရှိရင် ကိုယ်တိုင်ကြော်ချက်ထားပြီး ထားစားလေ့ရှိတဲ့ ဘူးသွပ်..ပုလင်းသွပ်အကြော် အလှော်နည်းတွေပေးလိုက်တယ်.. သိပြီးသားလည်းဖြစ်မှာပါ.. နည်းတွေက ခက်လွန်းတော့.. သများကတော့ လက်တမ်းချက်နေကြဆိုတော့.. အချိုးအစားအတိအကျတော့မသိ.. ဆား..ငံပြာရည်.. ကြက်သားမှုန့်တို့ .. သကြားပုလင်းတို့ကို ဆပြီး..စောင်းထည့်လိုက်တာပဲ….. ရယ်ဒီမိတ် Paste တွေဝယ်ပြီး သူတို့အထုတ်ပေါ်က အချိုးနဲ့ချက်ရင် ဘယ်တော့မှအချိုးမပြေတတ်လို့.. ကိုယ့်လက်ဆကိုပဲအားကိုးတယ် :mrgreenn:   1) ငါးကွမ်းရှပ်ဆားပေါ့တုံး/ငါးရောင်ခြောက်တုံး ငါးခြောက်၂ဝသားလောက်ကို လက်သန်းတစ်ဆစ်စာလောက်တုံး.. ရေဆေးပြီး နေပြန်ပြထား.. နေ၁နာရီလောက်ပြပြီးရင် […]