ဇီဇီOctober 14, 20131min49842
  မမရေ မမရေ အိမ်မှာကောင်းကောင်းနေ!!! အဟိ ဘာမှဟုတ်ဘူးးးး ဘယ် တစ်ပတ်လောက် လာပြီး စားဖိုမှူးလုပ်ပေးနိုင်မတုန်းလို့ မေးကြည့်မို့။ ကေဇီရေ စားဖို့သာ ရတာ။ ဟင်းစပ်က စဉ်းစားရဦးမှာ ကျန်တဲ့သူတွေ မေးကြည့်ဦး။။။။။ ဘယ်နေမတုန်း ချစ်မရဲ့ မေးပြီးပြီ။ ပေးမယ်တဲ့။ အဲဒါ မမ ပဲကျန်တယ်။ စဉ်းစားပေးပါဦးနော်။ စားချင်တာတွေချရေးမယ်ဆိုတော့ ဟင်းစပ်တွေက ထွက်လာတယ်။ အပျင်းနည်းနဲ့ စပ်ထားတယ်လို့တော့ မပြောနဲ့နော်။ ကိုယ်တိုင်သာချက်ရရင်ဆိုတဲ့ အတွေးကလည်း ပါနေတော့။ 😛 ဒီလိုနဲ့ ချစ်မရဲ့ လေးဇီးကွတ်နဲ့ ဒီ တစ်ပတ် ထမင်းဆိုင် ပြန်စရပြန်ပါပြီ။ နောက်တစ်ပတ်ကတော့ အီးဇီးကွတ် စားဖိုမှူးတစ်ယောက်ပါ။ ~~~~~~~~~~~~~~~~~~ တနင်္လာ အသားဟင်းအနေနဲ့ ဝက်သားလုံးကြော် မယ်။ ဝက်သားလုံးကြော်ဖို့အတွက် ဝက်သားကို နုတ်နုတ်စင်းထားရတယ်။ ကြက်သွန်နီကို […]


ဇီဇီOctober 7, 20132min55347
မဟာတို့က အရင့်အရင် ဆိုင်မှာ လာလာပြီး ဟင်းတွေက ရွေးချယ်စရာမရှိဘူးးးးး။ မနက်စာ/ညစာ ထပ်ပါက မစားချင်ဘူး စသည်ဖြင့် လာနားညည်းသည်က တစ်ကြောင်းးးးး သူ့ကိုယ်သူ စားဖို မူးးးးးး သင်ရိုးကုန်ဟု ကြွားချင်းကို အညင်ကပ်သည်က တစ်ကြောင်းးး မို့ ဒီ တစ်ပတ် ထမင်းဆိုင်ကို သူ့လက်ကို အပ်လိုက်ပါတယ်။ လက်ကုန် ရောင်းပါစေဆိုပြီးးးးးးး ၁) ဟင်း ဆန်းဆန်း စဉ်းစားဖို့ရယ် ၂) ချက်နည်းတွေလည်း တာဝန်ယူနိုင်တယ် ဆိုတာကြောင့် လာစားသူ ပလိတ်သတ်ကြီး အားမနာ ပါးမနာ မေးမြန်းနိုင်ပါတယ်။ ဖျော် ယမကာ နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေပါ ပါ မယ်ပြောတာမို့ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ ~~~~~~~~~~~~~~  Monday တနင်္လာနေ့။ ဘရိတ်ဖတ်စ် (မနက်စာ) ၁။  […]


ဇီဇီSeptember 30, 20132min62664
ကဲလေ။ ဒီတစ်ပတ်က အများအကြိုက် ချက်နိုင်၊ ဟင်းစပ်နိုင်မဲ့ ရွာရဲ့ နာမည်ကျော် စားဖိုမှူးတစ်ယောက်ကို ခေါ်ထားပါတယ်။ သူ က အရှေ့တောင်အာရှရဲ့ အချစ်တတ်ဆုံး အမျိုးသားတစ်ယောက်လည်းဖြစ်ပါသေးတယ်။။ ဒီ စားဖိုမှူးရဲ့ အားသာချက်ကတော့ စားသုံးသူတွေ နားထောင်လိုက်ရုံနဲ့ စားချင်စိတ်တွေ တဖွားဖွားပေါ်လာအောင် ချက်နည်း စားနည်းလေးက အစ ပြောပြနိုင်မဲ့ စားဖိုမှူး ဟောင်ကောင် ကျောက် ဖြစ်ပါတယ်။ ဖေကျောက်နဲ့ ဆို အနော် ဧည့်ခံရ သက်သာတယ်။ သူ က စကားပါ ပြောနိုင်လို့။  😀 ဟိဟိ။ ချက်နည်းတွေ ပါ ပြောထားတဲ့ အတွက် လာတဲ့ သူများ အကြိုက်တွေ့နိုင်မှာပါ။ ဝက် ချစ်သူများ အတွက်လည်း ရည်ရွယ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~   ဒီ တနင်္လာ […]


ဇီဇီSeptember 23, 20135min60558
ဒီတစ်ပတ် လာချက်မဲ့ စားဖိုမှူးရှိဘူးးးးး ကွကိုယ် စီစဉ်ရမှာဆိုတော့ ဒီတစ်ပတ်တော့ ထမင်းကြော်တဲ့ တစ်ပတ်ပေါ့။ ~~~~~~~~~~~~~~~~~~~~~~~~~~~ တနင်္လာနေ့ ငါးခြောက်ထမင်းကြော် (တချို့ကတော့ ငါးပုတ်ခြောက်ကို သုံးတယ်ပြောတယ်။) တွဲဖက်က ကြက်အတောင်ပံကြော် ငရုတ်သီးစိမ်းကို ပဲငံပြာရည်ကြည်နဲ့ စိမ်ထားတာလေးနဲ့တွဲစားရင် အင်မတန်လိုက်၏။ ပြီးမှ သံပုရာရည်လေး မှာသောက်ပါ။   ဘယ်လိုကြော်မတုန်း ဆိုတော့၊ (ဂျပန် ဆိုင် က မေးလာသလောက် ရေးပေးမှာနော်၊ ဟိ) ငါးခြောက်ကို ပြုတ်ပြီးမှ အတုံးသေးသေးလေးတွေ တုံးထားပါ။ ဂေါ်ဖီပါးပါးလှီးးးး၊ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ဘဲဥကို နောက်အိုးတစ်လုံးနဲ့ အချပ်ကြော်ပြီး ပါးပါးညှပ်ထားပါ။ ဆီအိုးတည်၊ ပူလာရင် ကြက်သွန်နီ နဲ့ ငါးခြောက်လေး ထည့်လှိမ့်လိုက်၊ နဲနဲ မွှေးလာရင် ဂေါ်ဖီပါးပါးလှီးလေးထည့်လိုက်။ နွမ်းလာရင် ထမင်းခြေထားပြီးသားကို ထည့်ပါ။ […]


ဇီဇီSeptember 16, 20131min36465
ညင်းညင်းးးး ညင်းးးးးးးး   😀 ဒီတစ်ပတ် လက်စွမ်းပြမဲ့ စားဖိုမှူးက ဘယ်သူတုန်းသိလားးးးးးးး ဘယ်သူ ရှိမတုန်းးးးးးး အသဲလေးပေါ့။ အသဲလေးးးး။ ကျနော့ အခေါ် မွသဲ။ အများ အခေါ် မသဲ ရွာ နာမည် တီအန်အေ  ဆိုတဲ့ မသဲနုအေးဖြစ်ပါတယ်။ မီးဖိုထဲမှာစကား တပြောပြောနဲ့ချက်သွားတာများ ကျွမ်းကျင်ချက်။ နောက်မုန့်ဆိုင်ဖွင့်မှ ထပ်ခေါ်ဦးမယ်။  ~~~~~~~~~~~`  ခိုင်ဇာရေ အိမ်မှာချက်လေ့ရှိတဲ့ဟင်းတွေထဲကစီပြီးအစပ်အဟပ်တည့်မယ်ထင်တာလေး တွေ ချက်မလားလို့ဟေ့။ အိမ်မှာကဆီပြန်စားလေ့မရှိတော့ စားလေ့ရှိတာလေး ချက်ဖြစ်မယ်ထင်တယ်။။  အစပ်အဟပ်မတည့်ဘူးထင်ရင်အတွဲတွေပြင်လိုက် သိလားညီမလေး။  အမဟင်းတွေကတော့ ပေါ့ရွှတ်ရွှတ်တွေ။ အပေါ့အငံအတွက်တော့ လာမြည်းလိုက်ဦးနော်။ တော်ကြာ လာစားတဲ့သူတွေ အရသာမရှိမှာစိုးလို့။ ရပါတယ် အမရေ။ ဘာတွေ ချက်မယ်လို့ စိတ်ကူးထားလို့တုန်းးး၊    တနင်္လာ နေ့ အတွက်  ငါးကြင်းကို အာလူးလေးခံ […]


ဇီဇီSeptember 9, 20132min57956
  KZ ထမင်းဆိုင်ဖွင့်မလို့။ ဒီရွာထဲမှာ။   မျက်စိပြူးမသွားကြပါနဲ့။ ဒီလိုပါ။   အရင်က ကိုယ်က ကိုယ်ပိုင်စီးပွါးလုပ်ဟေ့ ဆိုရင် ထမင်းဆိုင်ဖွင့်ချင်တာရယ်။ ဒါပေသိ ဖြစ်ဖြစ်မြောက်မြောက် ဘာ…..မှ မချက်တတ်တာက တစ်မျိုး။ လူအများစာ အိုးကြီးချက် မချက်တတ်တာကလည်း တစ်ဖြစ်။ ကိုယ့်စီးပွါးဆိုရင် ကိုယ့်ဝင်ငွေ/ထွက်ငွေတွက်ရတော့မှာကလည်း ခေါင်းကိုက်စေမှာတစ်ကြောင်း။ နောက် အလကားလာစားမဲ့သူတွေ အများကြီးရှိတာက တစ်လမ်းမို့ …… လက်တွေ့ အကောင်အထည်မဖော်ဖြစ်သေးဘူးဆိုပါစို့။   😀   နောက် ဖွင့်ချင်တဲ့ဆိုင်ကလည်း မြန်မာထမင်းဟင်းမှရယ်…. ဘာရယ်တော့မဟုတ်ဘူး။ ဟင်းစပ်တည့်တဲ့ ဟင်းလေးတွေပဲ ချက်တဲ့ဆိုင်မျိုး။ လူမျိုးစုံရဲ့ အစားအစာမျိုးစုံ ပါမှာပဲရယ်။   ခု ဖွင့်ထားတဲ့ ဆိုင်တွေက ဘာဟင်းမဆို အကုန်ရတာမျိုးလေ။ ကိုယ့်ဟာကိုယ် ဟင်းစပ်ပြီးမှာစားရတာမျိုးမဟုတ်လား။ အဲဒါမျိုး ဖွင့်ချင်ဘူးရယ်။   […]