hankyiMarch 25, 20112min1281
ငလျင်တဲ့လေ မြေလွှာတုန်ဟီး  မြေကြီးအက်ကွဲ သည်းအူပြတ်အောင်  လှိုင်းခတ်တုန်ခါ မြေကမ္ဘာရဲ့ ကြေကွဲခန်း… ငလျင်တဲ့လေ နေရာထိုင်ခင်း  ပျက်ယွင်းဖောက်ပြန် ရပ်တည်ရန်ခက်  အသက်ဆုံးရှုံး ယူကြုံးမရ  ဘဝအိုးအိမ် စည်းစိမ်ပျက်စီး သောကမီးတွေဝေမျှသူ… ငလျင်တဲ့လေ စိတ်မဖြေနိုင်  တွေဝေမှိုင်ငေး အတွေးတုန်လှုပ်  ရုတ်ရုတ်သဲသဲ ကြေကွဲခန်းဖွင့်  ရွေးချယ်ခွင့်မဲ့ ဝင်ရောက်ခဲ့တဲ့ ကမ္ဘာနာ… ငလျင်တဲ့လေ ကမ္ဘာမြေပြင်  တုန်ယင်အက်ကွဲ မခေါ်ဘဲလာ ကမ္ဘာနာမို့ ဖြေသာနိုင်လည်း  လူ့စိတ်ထဲတွင် ငလျင်လောဘ  ဝိသမတို့ လှိုင်းထလှုပ်ရှား  သနားမဲ့ကင်း ရိုင်းမိုက်ခြင်းတို့  လက်ငင်းယူဆောင် လူ့ဘောင်ခြေမွ  တောကြောင်ထဖို့ ရှေ့ကနှိုးဆော်  လမ်းပြသော်ကား ရမ်းကားလွန်း၍  ယုတ်ညံ့သည်… ဪ… ကိုယ့်ပြည်ကိုယ့်ရွာ  ကိုယ့်အနာကို ကြင်နာယုယ  ကုသဖို့ဝေး ကိုယ်ကျိုးတွေးသည့်  ကိုယ့်သွေးကိုယ့်သား လောဘသားတို့  သနားစိတ်ဝင် လူစိတ်ပြင်အောင်  ရှေ့ဆောင်လမ်းပြ […]


အာဖ်ံ ကြီးNovember 20, 20101min1355
ဘာအကြောင်းကြောင့်နဲ. အာဖျံကွီးပြောတာကို လူကြီးတွေ လက်ခံခဲ့ကြတရ်ဆိုတာ ပြောတော့မရ်ဗျာ … မပြောခင် … အိမ်ဖွဲ.စည်းပုံကို အရင်ရှင်းပြမရ် … အပေါ်ထပ်မှာက အိပ်ခန်းနှစ်ခန်းရှိတရ်၊ အိပ်ခန်းတွေကိုကျော်ပီး ရှေ.ကိုဆက်လျှောက်သွားရင် ဝရံတာရှိတရ်။ အစတုန်းကတော့ ဝရံတာမှာ ဘာမှမရှိဘူး။ အဲဒါကိုချစ်လှစွာသောဦးလေးဖြစ်သူက ဝရံတာရဲ.ဘယ်ဘက်ထောင့်မှာ အခန်းလေးတစ်ခန်းလုပ်လိုက်တရ်၊ အာဖျံကွီးရဲ.အခန်းနဲ.ကပ်ရပ်ဖြစ်သွားတာပေါ့။ ကြားထဲမှာနံရံလေးတစ်ခုပဲခြားတော့တရ်။ သူက အမြဲတမ်း သူငယ်ချင်းတွေနဲ. ဂီတာတီး၊ လျှောက်သွားနေကျဆိုတော့ အိမ်ပြန်နောက်ကျတတ်တရ်။ ပြန်လာရင်တံခါးခေါက်ပီးဝင်နေရတာဆိုတော့ သူဘယ်အချိန်ပြန်လာလဲဆိုတာ အိမ်ကလူတွေသိတရ်၊ သိတော့သူအဆူခံရတရ်ပေါ့။ အခန်းလေးလုပ်လိုက်တော့ သူ.အတွက် တော်တော် အဆင်ပြေသွားတရ်လေ။ ဘယ်အချိန်ပြန်လာလာ OK ပဲ။ ခြံစည်းရိုးကိုကျော်တက် .. ပီးရင်ပေါ်ကိုတွယ်တက် … သူ.အခန်းကိုသူဝင်ပီးအိပ်။ အဲလို … အဲလို …။သူကလဲ သူ.အကြံနဲ.သူ။ (ချစ်လှစွာသောဦးလေးဉာဏ်ကောင်းချက်က အာဖျံကွီးနဲ. တစ်ထပ်တည်းပဲ ဟဲဟဲဟဲ) […]


အာဖ်ံ ကြီးNovember 1, 20101min1929
နာနာဘာဝ၊ ဝိနာဘာဝတွေဆိုတာ တစ်ကရ် ရှိတရ်ဗျ။ လောဘနဲ.သေရင် ပြိတ္တာဘုံ၊ ဒေါသနဲ.သေရင် ငရဲဘုံ၊ မောဟနဲ.သေရင် တိရိစာ္ဆန်ဘုံ ကိုရောက်တတ်တရ်လို. အာဖျံကွီးတို.ရဲ. မြတ်စွာဘုရားရှင်က ဟောကြားခဲ့တရ်။ သေခါနီး တစ်ခုခုကို စွဲလမ်းမိသွားလို.ကတော့ နာနာဘာဝ၊ ဝိနာဘာဝ ပြိတ္တာဘုံကို ရောက်ကြရရောတဲ့။ အဲ … အခုအကြောင်းကတော့ အာဖျံကွီး တစ္ဆေကို ဘယ်လိုမြင်ခဲ့တရ်ဆိုတာကို Senior တွေဆီမှာ ဖေါက်သည်ချမလို.ဗျ။ နာနာဘာဝ၊ ဝိနာဘာဝတွေကို မြင်ချင်တိုင်းလဲ မမြင်နိင်ဘူးဗျ … ကိုယ့်ရဲ.ဘုန်းတန်ခိုး မှေးမှိန်နေချိန်ရယ်/သူတို.က ကိုယ့်ရဲ.အကူအညီ (အမျှအတမ်းဝေဖို.) လိုအပ်လို ့ ကိုယ်ထင်ပြတာရယ်ကြောင့် သူတို.ကို တွေ.မြင်နိင်ပါတရ်တဲ့။ (တခြားမြင်နိင်တဲ့နည်းတွေကိုလဲ စာအုပ်တချို.မှာ ဖတ်ဖူးသဗျ … ဥပမာ။ ။ထူးဆန်းတဲ့ဆေးမြစ်တစ်ချို. ရဲ.အစွမ်းကြောင့်လဲ မြင်နိင်ကြတရ်ဆိုလားပဲဗျာ … ထားလိုက်ပါတော့လေ) အစကတော့ […]