ေ႐ႊဂ်ဴးNovember 14, 20121min1094
အဲ့နေ့ည ခရေတို့ခြံထဲက ကွပ်ပြစ်မှာ သူငယ်ချင်းတွေ ထိုင်ပြီး စကားတွေ ထိုင်ပြောဖြစ်ကြပါတယ်… ကိုကြီးဆောင်းလူတော့ မပါဘူး သူက သူ့ကျောင်းက သူငယ်ချင်းတွေ လာခေါ်လို့ လက်ဘက်ရည်ဆိုင်သွားထိုင်ပါတယ်… အဲ့တော့ ကျန်တဲ့သူတွေပဲ ကျန်ခဲ့ပါတယ်…  ည ၁ဝ နာရီလောက်မှာ လူစုခွဲဖြစ်ကြပါတယ်… အဲ့ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်ကုန်သွားပြန်ပါတယ်… နောက်နှစ်နွေကျောင်းပိတ်ရက်လည်း ဒီလို ထူးမခြားနားအဖြစ်လေးတွေနဲ့ပဲ ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ပါတယ်… အင်း ပျော်ရွှင်စရာဆိုပေမယ့် အဲ့နွေရာသီမှာ နွေဦး ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားနေပြီ ဆိုတဲ့ သတင်းကို ဝဿန်ဆီက ကြားရပါတယ်… ခရေကတော့ ထုံးစံအတိုင်း နွေဦးနဲ့ တွေ့တော့ ပြောလိုက်မိသေးရဲ့ ခုမှ ၈ တန်းစတက်မယ်… မထင်ရဘူးနော် လို့ ပြောတော့ အေးပေါ့ နင် ဘယ်သိမလဲ ငါ့အဲ့ကောင်မလေးကို ဘယ်လောက်စိတ်ဝင်စားနေသလဲဆိုတာကို တဲ့ […]