ဂ်စ္စူJune 5, 20111min782
တေးရေး မောင်သစ်မင်း ကွယ်လွန်သွားပါပြီ။ ဒီမနက် ၉ နာရီ မိနစ် ၂ဝ ကပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆီမီတဝေ့ ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ တေးရေး မောင်သစ်မင်းဟာ စတီဒီယို ခေတ်ဦးမှာ ပါဝင်ခဲ့သူဖြစ်ပြီး သူရေးခဲ့တဲ့ သီချင်းတွေနဲ့ မြန်မာစတီဒီယို လောကကို အများကြီး အကျိုးပြုခဲ့သူဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ သူနဲ့ ရေးဖော်ညီအစ်ကိုတွေဖြစ်တဲ့ တေးရေး ဝင်းမင်းထွေးနဲ့ တေးရေး မြင့်မိုးအောင်တို့ အနားမှာ ရှိနေကြပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်ခဲ့တယ်လို့ Eleven Media မှာ ရေးသားခဲ့ပါတယ်။ သူ ကွယ်လွန်ချိန်မှာ ၅၈ နှစ်ရှိပါပြီ။ သူဟာ ၂၀၁ဝ နိုဝင်ဘာလကတည်းက အူမကြီးကင်ဆာ ဝေဒနာကို ခံစားခဲ့ရပြီး မေ လကုန်ပိုင်းလောက်မှာ ဘန်ကောက်ကို ဆေးကုသမှု ခံယူဖို့ […]