fattyOctober 3, 20101min20410
မြန့်မာ့အသံနဲ့ပါတ်သက်လို့အသံလွှင်တဲ့အကြောင်းတွေကို စာအုပ်အဖြစ်ထုပ်ဖူးတာ မြန့်မာ့အသံ ဦးကျော်ဦးပါ။ ကျနော်တို့ဆရာပေါ့။ ….. အခုတော့လွတ်လွတ်လပ်လပ်ရေးလို့ရတုန်း ကျနော်က ဖေါက်သည်ချရတဲ့သဘောပါ။ အဲဒီမှာလုပ်တုန်းကလည်း ရေးခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာလည်း SB ကခေါ်းပြီးစစ်ဆေးခြင်းခံရပါတယ်။ အခုတော့လွတ်လပ်ပြီပေါ့ …. ကျနော်ရှိစဉ်က မြန်မာ့အသံရုပ်မြင်သံကြားမှာ … ခတ် တည်တည်နဲ့ လူမသိသူမသိ မှားခဲ့ရတာလဲရှိခဲ့သလို … တတိုင်းပြည်လုံးသိပြီး ဝက်ဝက်ကွဲ အရှက်ကွဲခဲ့တာမျိုးလဲရှိခဲ့ဘူးပါတယ်။ ….. ပထမဆုံးတခုပြောချင်တာကတော့ မတတ်သာလို့လိမ်ခဲ့ရမှုပါ။ …………………………. ဟိုတုန်းက သတင်းကြေငြာပြီးရင် မိုးလေဝသ သတင်းလွှင့်ပါတယ် ။ အခုလို မိုးလေဝသဌာနကလာပြီး ဖတ်တာမဟုတ်သေးပါဘူး ဒီက announcer ကဘဲဖတ်ပေးရတာပေါ့ အခုတော့ရိုက်ကူးရေးတောင် မိုးလေဌာနကဘဲသူတို့ဖာသာလုပ်နေပြီလားမသိဘူးဗျ။ အဲဒီတုန်းကထဲက သူတို့ဖာသာရိုက်ဖို့စီစဉ်နေတာတော့ကြားမိပါတယ်။ ဟိုတုန်းကတော့မိုးလေဝသ သတင်းကို သူတို့ဌာနက ဆိုင်ကယ်လေးနဲ့ ညနေဘက်ဆိုနေ့တိုင်းလာလာပို့ရပါတယ်။ သတင်းစာသားရယ် ဂြိုလ်တုဓာတ်ပုံရယ်ပေါ့ .. တရက်တော့မိုးတွင်းကြီးပေါ့ဗျာ […]