မောင် ပေNovember 5, 20128min23742
မင်္ဂလာပါ ခင်ဗျာ မောင်ပေ တစ်ယောက် ကျိုက်ထီးရိုးဘုရားဖူးထွက်ခဲ့ပါတယ် ရွာထဲမှာ ကျိုက်ထီးရိုးဘုရားဖူးသွားတဲ့ ပို ့စ်တွေ ရှိပြီးသားဆိုပေမယ့် ၊ ဒီပို ့စ်ကိုတော့ မောင်ပေ့ ဗားရှင်း ဆိုပြီး အားပေးကြပါခင်ဗျား ။ (MP’sV) ဆိုတာ မောင်ပေ့ ဗားရှင်းပေါ့ဗျာ ။ ၂၈.၁၀.၂၀၁၂ တနင်္ဂနွေညမှာ မန်းတလေးကနေ မြတ်မန္တလာထွန်း အိပ်ပက်လက်ကားကြီးစီးပြီး ရန်ကုန်အောင်မင်္ဂလာ ကားကွင်းကို ရောက်ပါတယ် ။ ကားခကတော့တစ်ယောက်ကို ၁၀၅၀ဝ ကျပ် ကျပါတယ် ။ တစ်ကယ်လို ့၊ ရန်ကုန်-မန်းတလေး တစ်လတစ်ကြိမ်လောက် အမြဲသွားလာနေတဲ့ လူတွေ ဆိုရင်တော့ ၊ ဒီဂိတ်ကိုပဲ အမြဲစီးမယ်ဆိုရင် မန်ဘာအဖြစ်သတ်မှတ်ပြီး မန်ဘာကတ်လုပ်ပေးပါတယ်တဲ့ ။ မန်ဘာကတ် နဲ ့ဝယ်ရင်တော့ လက်မှတ်တစ်စောင်ကို ၉၅၀ဝ […]