အညာတမာFebruary 21, 20121min23119
ကျွန်တော်ကတော့ မန်းလေးဂဇက်ကို မန်ဘာမဝင်ဘဲ ဖတ်ဖြစ်နေတာကြာပါပြီ။ အခုနောက်ပိုင်းတော့ မန်ဘာလုပ်ပြီး ဖတ်ဖြစ်ပါတယ်။ သူများတွေမန့်တာမြင်တော့ ကျွန်တော်လည်းမန့်ချင်လို့ မန်ဘာဝင်လိုက်တာ။ ခက်တာက ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကတော့ မြန်မာဖြစ်ပြီး မြန်လာလိုမရိုက်တက်ခြင်းပါ။ ဒါကြောင့် မတက်တခေါက် အင်္ဂလိပ်စာနဲ့ဘဲ မန့်ဖြစ်နေပါတယ်။ အင်္ဂလိပ်လို မန့်ရတာဆိုတော့ အခက်အခဲရှိတာပေါ့။ လိုရင်းကိုလဲ မရောက်ဘူးလေ။ မန်းလေးဂဇက်ကို ဖတ်ရပါများလာ၊ မန့်တာများလာတော့ နောက်ထပ်ပိုးတစ်မျိုးက ဝင်လာပြန်ရော။ မလန့်ပါနဲ့။အိပ်ချ်အိုင်ဗီပိုး မဟုတ်ပါဘူး။ကိုယ်ပိုင်ပို့(စ်) တင်ချင်တဲ့ပိုးပါ။ ဒါကြောင့် ဒီအကြောင်းအရာလေးကို ရေးဖြစ်တာပါ။ (စာရိုက်တာတော့ ကျွန်တော့ သားတော်မောင်ရဲ့ အစွမ်းပါ။) လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော်က တကယ့်အဖြစ်အပျက်ပါ။ ကျွန်တော်မူလတန်းတုန်းကပေါ့။ အဲဒီအဖြစ်အပျက်ကို ဒီနေ့အထိ မျက်စေ့ထဲ၊ ဦးနှောက်ထဲမှာ မြင်မိ၊မှတ်မိနေသေးတယ်။ ကျွန်တော်က အညာဒေသရဲ့ မြစ်တာဝေးရွာကပါ။ မေတ္တာမဟုတ်တဲ့ မြစ်တာပါ။ နိမ့်ရာမှမြင့်ရာကို စီးဆင်းတဲ့ […]