natureJuly 20, 20111min65527
ဂျပိုးကို ဘယ်လို နှိမ်နှင်းရမလဲ။ ဂျပိုးတွေဟာ ရှိလာပြီဆိုရင် အင်မတန် ရှင်းရခက်ပါတယ်။ အစာမစာရပေမဲ့လည်း တော်တော် ကြာကြာအသက်ရှင်နေနိုင်ပါတယ်။ ညသန်းကောင်ဆိုရင် အစာရှာထွက်တတ်ပါတယ်(၂နာရီခန့်)။ စာအုပ်ထဲမှာ ဖတ်ကြည့်တော့ ကြောင်ပန်းရွက်  ၊ ဒူးရင်းသီးအခွံ ၊ ပရုပ်လုံးတွေက ဂျပိုး ပြေးတယ်လို့ဆိုပါတယ်။ Hair Dryer တွေနဲ့လည်းမှုတ်ကြည့်ဖူးပါတယ်။ မြန်မာပြည်မှာတော့ ဂျပိုးရှိရင် နေပူလှမ်း ဖျာကိုတုတ်နဲ့ ရိုက်တတ်ကြပါတယ်။ ဂျပိုးနှိမ်နှင်းရေး အတွေ့အကြုံ လေးများရှိရင်တင်ပေးကြပါဦး။   ဒီလိုအကူအညီတောင်းပြီး ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ဂျပိုးသေဆေး ဟာသလေးတခုပြန်သတိရတယ်။ တခါတုန်းက ရွာတရွာမှာ လူတယောက်ဟာ သူ့အိမ်မှာ ဂျပိုးသောင်းကျန်းလို့ မြို့တက်ပြီး ဂျပိုးသတ်ဆေး ဝယ်သတဲ့။ ဂျပိုးသတ်ဆေး ရောင်းတဲ့သူက သူ့ဆေးကို ရဲရဲကြီးအာမခံပြီး ရောင်းသတဲ့။ သူ့ဆေးနဲ့ သတ်လို့ မသေတဲ့ ဂျပိုးတကောင်ကို […]