parparaziApril 1, 20101min1075
မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည့် ၂ရ ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင် မိုးလုံလေလုံအားကစားရုံ ငါးရုံနှင့် အားကစားရွာကိုလည်း သီးသန့်တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။ သို့ဖြစ်၍ယ ခုအခါ နိုင်ငံတကာအဆင့်မီ ပရိသတ် ၃၀၀၀ဝ ဆံ့ ဇေယျာသီရိအားကစားကွင်းနှင့် ဇမ္ဗူသီရိ အားကစားကွင်းတို့ကို Max Myanmar ကုမ္ပဏီက တစ်နှစ်ခွဲအတွင်း အပြီး တည်ဆောက် လျက်ရှိသည်။ “၂ရ ကြိမ်မြောက် ဆီးဂိမ်းကို နေပြည်တော်မှာ ၂၀၁၃ ဒီဇင်ဘာလုပ်ဖို့လျာ ထားတယ်။ ပြိုင်ပွဲလုပ်တဲ့အခါ ပြိုင်ပွဲဝင် အားကစားသမားတွေ သီးသန့်နေဖို့ အားကစားရွာ တည်ဆောက်ဖို့ စီစဉ်ထားတယ်။ ဟိုတယ်တွေလည်းထပ်ပြီး ဆောက်ဖို့ရှိတယ်” ဟု မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီတွဲဖက်အထွေထွေအတွင်းရေးမှူးဦးခင်မောင်လွင်က ၁၇-၃-၂၀၁ဝ ရက်တွင် ပြောကြားသည်။ […]