BayoteMarch 29, 20101min1021
အခု အစည်းဝေးဆုံးဖြတ်လိုက်ပါပြီ။ ဆုံးဖြတ်ချက်ကတော့ မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အများစုက မှတ်ပုံမတင်ဖို ့ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ပါတယ်။ ဦးအောင်ရွှေ ကတော့ နေမကောင်းဘူးဆိုပြီး အစည်းဝေးကို တက်ရောက်ခြင်းမရှိကြောင်းသိရပါတယ်။ သူက မှတ်ပုံတင်ဖို ့ကြိုးပန်းခဲ့သူဖြစ်ပါတယ်။ လူငယ်အမျိုးသမီးတဦးကတော့ တကယ်ပျော်စရာကြီး ရှင်၊ တကယ်အောင်ပွဲခံမဲ ့နေ ကြရင် ဒီထက်ကို ပို ပျော်ရမှာပဲနော်လို ့ မျက်ရည်ဝဲ ရင်းဆိုပါတယ်။