DaveJanuary 5, 20101min880
လွန်ခဲ့တဲ့၁ဝနှစ်လောက်တုန်းက အိမ်အများစုဟာ အင်တာနက်သုံးဖို့အတွက် Dial-upစနစ်ကိုပဲ တပ်ဆင်ခွင့်ရခဲ့ တယ်။အဲဒီတုန်းက အိုင်ပေါ့တို့၊ဖလက်တီဗွီတို့၊Nintendo Wii တို့ ဘာမှ မရှိခဲ့သေးပါဘူး။၂၀၁ဝထဲရောက်လာ ခဲ့ပြီဆိုတော့ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အဟောင်းအနွမ်းတွေကို ခေါက်ထားခဲ့ပြီး ပိုမိုဆန်းပြားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို မျှော်မှန်းသင့်ပါတယ်။ဥပမာ အိမ်တွင်းရုပ်ရှင် ငှားရမ်းမှုမျိုး၊အမေဇုံကင်ဒဲလ်လိုမျိုးတွေပေါ့။ရွေးချယ်စရာတွေကတော့ အများကြီးဖြစ်မှာသေချာပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ မဝယ်သင့်တော့တဲ့ ပစ္စည်းတွေကျန်ရှိနေတဲ့အထဲက ၁ဝမျိုးကို ကောက်နုတ်ဖော်ပြ ချင်ပါတယ်။ ဒီဗီဒီခွေများ ခွေငှားဆိုင်ကနေ ဗွီဒီယိုခွေငှားရမ်းကြည့်ရှုကြရတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ပါပြီ။ဘလော့ဘတ်စတာက ၂၀၁ဝခုနှစ်ကုန်ရင် သူတို့ရဲ့အငှားဆိုင်တွေရဲ့ ၂၂ရာခိုင်နှုန်းကို ပိတ်ပစ်တော့မှာဖြစ်တယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ပြီးတော့ ဒီဗီဒီဇာတ်ကားတစ်ကားဆိုရင် ဒေါ်လာ ၂ဝ ရှိခဲ့ပါတယ်။တိုင်းမ်ဝါနာကေဘယ်က ဇာတ်ကားတစ်ကားကို ၄.၉၉ဒေါ်လာလောက်နဲ့ပဲ ထောင်သောင်းချီပြီး ဖြန့်ပေးတော့မယ်။ဗာရိုက်ဇုန်ဖီးယို့စ်ကေဘယ်ကလည်း တစ်လမှာ ၅.၉၉ဒေါ်လာပေးဆောင်ရုံနဲ့ ရုပ်ရှင်ဇာတ် ကားတွေကို ကိုယ်ကြည့်ချင်သလောက် အကန့်အသတ်မရှိ ဒေါင်းလုပ်ရယူစေနိုင်တော့မယ်လို့ […]