fattyOctober 17, 20111min1376
ပြည်တွင်းမှအခြေခံပညာအထက်တန်းအောင်ပြီး သက်ဆိုင်ရာပိုလီကျောင်းများသို့ ဝင်ရောက်ဖြေဆိုရန်လျှောက်ထားသူအများအပြားရှိခဲ့သည်။ ပိုလီကျောင်းတွင် ၃ နှစ် တက်ရောက်ပြီး အလုပ်အကိုင်ရရှိခြင်း။ grant, loan , scholarship များ ရရှိမှုများကြောင့် လည်းကောင်း အချိန်ပိုင်းအလုပ်ကို တရားဝင်လုပ်ကိုင်ခွင့်ရှိသောကြောင့်လည်းကောင်း ကျောင်းသားများစိတ်ဝင်စားကြသည်ဟုဆိုသည်။ ယခုနှစ်တွင် ပိုလီဖြေဆိုမည့်ကျောင်းသားများသည် ကျူရှင်အသီးသီးတွင်တက်ရောက်ကြပြီး ထိုကျူရှင်များမှတဆင့် ဖြေဆိုခွင့်လျှောက်ထားသူများနှင့် online မှ မိမိအစီအစဉ်ြ်ဖြင့်မိမိလျှောက်ထားသူများအား ယခင်နှစ်များကကဲ့သို့ မြန်မာပြည်တွင် ဖြေဆိုခွင့်မရတော့ဘဲ Singapore သို့သွားရောက်ဖြေဆိုရမည်ဟုသိရသဖြင့် ကျောင်းသားအများစုမှာ အောင်မအောင် သေချာမှုမရှိဘဲ Singapore သို့သွားရောက်ရမည်ဖြစ်သဖြင့် အခက်အခဲများတွေ့နေရကြောင်း ကျောင်းသားအများစုက ပြောပြကြပါသည်။ ချွင်းခြက်အနေဖြင့် .. ရန်ကုန်မြို့ရှိ RV Center တွင် တက်ရောက်သောကျောင်းသားများကိုမူ မြန်မာပြည်တွင်လာရောက်စစ်ဆေးပေးသွားပြီး ဖြစ်ကြောင်းသိရသဖြင့် ကျန်ကျောင်းသားများမှာ အံ့အားသင့်ကြရကြောင်းလည်းြ့ားသိရပါသည်။ (မည်သည့်ဂျာနယ်တွင်မှဖေါ်ပြခြင်းမရှိပါ)