fattyOctober 1, 20101min1518
title ကို english လိုရိုက်ပါဆိုလို့သာ …သိပ်တော့အရသာမတွေ့ဘူးဗျ။ ..ထားပါလေ ။ အဆက်ပေါ့ …. ဦးခင်မောင်ညိန်း က အဲဒီတုန်းက လက်ထောက်ညွှန်မှုးဖြစ်နေပြီ။ သတင်းအယ်ဒီတာလဲဟုတ်ကဲ့ … မြန်မာ့ရုပ်မြင်သံကြားမှာ စနေ တနင်္ဂနွေဆို နေ့ခင်းပိုင်းသတင်းဖတ်ရတာကိုး … တရက်ပေါ့ နေ့ခင်းသတင်းဖတ်ရမဲ့နေ့ ကိုညိန်းဖတ်ရမယ့်နေ့ကိုး … သူကသတင်းအယ်ဒီတာဆိုတော့ သတင်းတွေက သူ့ဆီအရင်ရောက်တယ်ဗျ အဲ သတင်းတွေလဲရောက်လာရော သူ့မျက်နှာက သိပ်မသာယာဘူး .. သူ့တာဝန်က ရောက်လာတဲ့သတင်းတွေကို တည်းဖြတ်ရတယ်။ သူက အရေးကြိးပုဂ္ဂိုလ် vip လဲဖြစ်တယ်လေ ။ ရုံးကိုသူ့ ဘောက်စ်ဝက်ဂွန်ကားလေးနဲ့ လာလေ့ရှိတယ်။ အဲဒီနေ့က မှတ်မှတ်ရရဘဲဗျ သူသတင်းတွေကြည့်ပြီး မျက်နှာကသိပ်မကြည်ဘူး အဲဒီတုံးက ကျနော်တို့ကအရာရှိပေါက်စလေးတွေပါ။ သူ့လဲမမေးရဲဘူးလေ။ မေးလို့လဲမကောင်းဘူး သတင်းဆိုတာ မပေါက်ကြားရဘူးလေ။ ဒါပေမဲ့ ကျနော်တို့က […]