fattyJuly 22, 20101min1717
အမိန့်ရသည်အလား ကြိုးတိုက်သံတံခါးကို ဖွင့်လိုက်သည်နှင့် ထောင်ပိုင်ကြီးနှင့် ထောင်မှူးကြီးတို့သည် ဦးစောအား ဝဲယာညှပ်လျက် တွဲပြီး ဖြစ်နေတော့သည်။ ဦးစောကား လက်ထိပ်မပါ။ ဝတ်ရုံဗလာဖြင့် ၎င်း၏ နောက်ဆုံး ခရီးဖြစ်သော ကြိုးစင်ရှိရာသို့ ညင်သာတိတ်ဆိတ်စွာဖြင့် လိုက်ပါလာခဲ့သည်။ ကျွန်တော်တို့သည် ဆိတ်ငြိမ်လေးလံသော ခြေလှမ်းများဖြင့် ဦးစော၏ နောက်မှ ကပ်လျှက် ပါလာကြသော်လည်း ခံစားချက်က ပြင်းထန်သည်ဟု ဆိုရပါမည်။ အသက်ရှိ ကျန်းမာဝဖြိုးလျက်ရှိသူ တစ်ဦးအား အသုဘ အဖြစ် လိုက်ပါ ပို့ဆောင်သကဲ့သို့ ရှိနေသည်မှာ ကျွန်တော်တို့အတွက် မသက်သာလှပါ။ ကြိုးစင်အား မြင်နေရလေပြီ။ ကြိုးစင်ရှေ့ ရောက်လုနီးနီး ဦးစောမှာ ခြေလှမ်း လေးလာသည်။ ခြေဒရွတ်ဆွဲလာသည်။ သို့သော် သတိက မလွတ်ပေ။ သူ၏ သိဟောင်းကျွမ်းဟောင်းများကို အပြုံးဖြင့် နှုတ်ဆက်လျက် ရှိပြန်သည်။ ကြိုးစင်ခြေရင်းသို့အရောက် […]