weiweiApril 20, 20134min946
နှင်းဆီပန်းရောင်စုံစိုက်ခင်းထဲ ရောက်ခဲ့ချိန်မှာ နေ့လည် ၃ နာရီအချိန်ဖြစ်နေပေမယ့် နေပူပူထဲမှာ ပွင့်နေတဲ့ နှင်းဆီပန်းရောင်စုံတွေကတော့ လတ်ဆတ်လို့ နေပါတယ်။ လှမယ်ထင်တာလေးတွေ ရွေးပြီး တင်လိုက်ပါတယ် .. မနက်စောစောအချိန်ဆိုရင် အခုထက်ပိုလှပါလိမ့်မယ် … နေ့လည် ၃ နာရီအချိန်ဆိုတော့ နေပူဒါဏ်ကြောင့် ပွင့်ဖတ်တွေ အတော်လေး ပွင့်အာနေပြီးဖြစ်နေပါတယ် .. အရောင်စုံ အမျိုးအစားစုံကို တစ်နေရာထဲမှာ မြင်ခဲ့ရတုန်း မှတ်တမ်းတင်ခဲ့တာလေးတွေထဲက ကောင်းနိုးရာရာလေးများကို မျှဝေပေးလိုက်ပါတယ်။