etoneAugust 31, 20102min1321
လွန်ခဲ့သော လပိုင်းများမှ စ၍ အင်တာနက် စာမျက်နှာများ ပေါ်တွင် Super Bug (စူပါရောဂါပိုး) ဆိုသော စကားလုံးသစ် တစ်လုံး စတင်ခေတ်စားလာခဲ့ပြီး ယခုရက်ပိုင်းအတွင်းတွင် နိုင်ငံပေါင်းစုံ၏ သတင်းစာ စာမျက်နှာများတွင် ဖော်ပြသတိပေးလာရသည် အထိ ကျယ်ပြန့်လာခဲ့ရသည်။ ထို့ကြောင့်သတင်းကောင်း တစ်ပုဒ်ကို ကမ္ဘာနှင့်တပြေးညီ တိကျပြည့်စုံစွာ သိရှိနိုင်စေရန် ယခုလ ၁၈ ရက်နေ့ထုတ် Moscow Time သတင်းစာပါ “အသစ်ပေါ်လာသော စူပါရောဂါပိုးက ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိ” သတင်းဆောင်းပါးနှင့် တကွ စူပါရောဂါပိုးဆိုင်ရာ အချက်အလက်များကို စုစည်းတင်ပြ ပေးလိုက်ပါသည်။ စူပါရောဂါပိုးဆိုသည်မှာ လက်ရှိကမ္ဘာပေါ်တွင် ရှိရှိသမျှသော ပိုးသတ် ပဋိဇီဝဆေး (antibiotics) များ အားလုံးနီးပါးကို ခံနိုင်ရည်ရှိပြီး ထိုဆေးများနှင့် ထိတွေ့နေသော်လည်း အသက်ဆက်ရှင်သန်နိုင်သော ရောဂါပိုးမွှားများ ဖြစ်ပါသည်။ ရှေးယခင်ကတည်းက […]