ပိုလီအကွက်တွေ ထိုးချင်လွန်းလို ့ပိုက်ဆံစုနေတာ သွားထိုးတာ ကိုသုဆီမှာပေါ့ အရင်က ပုံတွေလည်း ကိုသုဆီမှာပဲထိုးခဲ့တာဆိုတော့။ ဒီတစ်ခါထိုးတော့ နှစ်ခါခွဲထိုးလိုက်ရတယ်။ နောက်ဆုံးတစ်ခေါက် အီစလံဝေနေတာပဲ။ နာတာမှ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဟိဟိ  


ဂ်စ္စူMay 20, 20123min59746
                                    ဘာလုပ်ရမှန်းမသိ..ခပ်ပျင်းပျင်းရှိတာနဲ ့..ဘော်ဘော်တစ်ယောက်ရဲ့ တတ်တူးလက်ရာလေးတွေ တင်ပေးလိုက်ပါတယ်ဂျား.။ လက်ရာကောင်းတွေရှိပေမဲ့ ဒီပုံတွေက သူငယ်ချင်းအရင်းတွေကို ထိုးပေးထားတဲ့ဟာမို ့ သူ ့ဘော်ဘော်တွေရဲ့ တက်တူးတွေချည်းပေါ့ဂျာ။ ဝါတနာပါသူများ ထိုးချင်ရင် ဆက်သွယ်ပေးချင်ပေမဲ့ လောလောဆယ် ဘော်ဘော်တွေကိုထိုးရမှာနဲ ့ထိုးချင်လို ့ဒိတ်ယူထားတဲ့လူတွေနဲ ့ တူ ့ဘာတာ အချိန်ပြည့်နေတာဖြစ်လို ့ ပွဲစား မလုပ်ပေးတော့ပါဘူးဂျား။ မြန်မာပြည် ခေတ္တ ပြန်လာသူဖြစ်သမို ့.တာတူးဆရာကို.ကြော်ငြာခြင်းအမှု မပြုပေးတော့ပါဘူး။ အပျင်းပြေ ရှုကြပါလော့..။    


Zaw WonnaApril 4, 20111min1063
ပန်းမြောင်ရွာမှာနေတဲ့ မထွေးဆိုတဲ့ ချင်းအမျိုးသမီးကြီးရဲ့ မျက်နှာပေါ်က ဆေးမင်ကြောင်တွေပါ။ မထွေးဟာ အခု အသက် ၆၅ နှစ် ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက် ငယ်စဉ်တုန်းက ထိုးထားခဲ့တာပါ။ အခုဆိုရင် သူတို့ရွာမှာ မျက်နှာဆေးမင်ကြောင် ထိုးထားတဲ့သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိပါတော့တယ်။  ဒဏ္ဍါရီတွေအရ  ချင်းအမျိုးသမီးတွေရဲ့ မျက်နှာမှာ ဆေးမင်ကြောင် ထိုးတာဟာ မြန်မာဘုရင်တွေရဲ့ မယားအဖြစ် သိမ်းပိုက်မှုကနေ ကာကွယ်ဖို့ ရုပ်ဆိုးအောင် လုပ်ထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေတုန်းကတော့ ချင်းအမျိုးသမီးတွေ အနေနဲ့ မျက်နှာမှာ ဆေးမင်ကြောင်ထိုးတာဟာ သူတို့ရဲ့ အမျိုးသမီး ပီသမှုနဲ့ စွဲဆောင်မှု ရှိတယ်လို့ ယူဆခဲ့ကြပါတယ်တဲ့။ အခြားရွာတစ်ရွာက မစိန်ဆိုတဲ့ အသက် ၆ဝ အရွယ် ချင်းအမျိုးသမီးကြီး ပြောပြချက်အရ သူမ အသက် ရ […]