သတ္တုတွင်းဝန်ကြီးဌာနက the Voice Weekly ဂျာနယ်ကို တရားစွဲမတဲ့ ဟူသော ခေါင်းစဉ်နဲ့ ပို့စ်ရဲ့ အဆက်လို့ပဲ ပြောပါရစေတော့ သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်နှင့် သတင်းရေးသား သူတို့အား တရားစွဲဆိုထားပါပြီ။ သတ္တုတွင်းဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက တရားလိုပြုလုပ်ကာ ဒဂုံမြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားခြင်းဖြစ်ပြီး  ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆိုခဲ့လို့ တရားရုံးကဆင့်ခေါ်စာကို မတ်လ ၂ဝ ရက်နေ့ နံနက် ၁၁ ခန့်မှာ ဂျာနယ်ရဲ့ စာဝင်ဌာနက လက်ခံရရှိခဲ့ပါတယ်တဲ့။ မတ်လ ၂၂ ရက်နေ့တွင် ၎င်းအမှုကိုစတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရပါတယ်။ The Voice ဂျာနယ် အင်တာနက်စာမျက်နှာမှာ အကျယ်ဖတ်ကြည့်ကြပါ.. Eleven Media Group […]