BayoteApril 2, 20101min2017
ရန်ကုန် သင်္ကြန်ပွဲတော်အတွက် ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်များအား စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး သင်္ကြန်နှင့် ပတ်သက်သည့် စည်းကမ်းချက် ၃၉ ချက်ကို မဏ္ဍပ်များနေရာချထားပေးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှထုတ်ပြန်ထားကြောင်းသိရှိရသည်။ ယခုနှစ် သင်္ကြန်အတွက်ထုတ်ပြန်သည့် စည်းကမ်းချက် ၃၉ ခုအနက်အများစုမှာပြီးခဲ့သည့် နှစ်များကတည်းကထုတ်ပြန်ခဲ့သည့် စည်းကမ်းချက်များ ဖြစ ်ပြီး စည်းကမ်းချက်အချို့မှာ ယခုနှစ်တွင်မှ အသစ်ထပ်တိုးခြင်းဖြစ်ကြောင်းသိရှိရသည်။ အသစ်ထပ်ထုတ်သော စည်းကမ်းတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်၏ ယဉ်ကျေးမှုကို ထိန်းသိမ်း ဖော်ကျူးသည့် အနေဖြင့် သင်္ကြန်မဏ္ဍပ်အားလုံးသည် ဖွင့်ပွဲနေ့၌ ငွေဖလားတွင် အမွှေးနံ့သာရည် ထည့်၍ ရေကစားခြင်းကို ထည့်သွင်းလုပ်ဆောင်ရန်အချက် ပါရှိပါသည်။ ထို့ပြင် မဏ္ဍပ်ကြော်ငြာများတွင် အရက်၊ ဘီယာ၊ စီးကရက်၊ ဆေးလိပ်နှင့် ပတ်သက်သော ကြော်ငြာများထည့်သွင်းခွင့် မပြုကြောင်းလည်းမဟာသင်္ကြန်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ယခုနှစ် သင်္ကြန် နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များအရသိရသည်။ မဟာသင်္ကြန်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယခုနှစ် သင်္ကြန် […]