weiweiNovember 27, 20111min34522
ဒီကနေ့ချက်ပြထားတဲ့ အစားအစာက မနက်စာအဖြစ်စားသုံးဖို့ အဆင်ပြေပါတယ် … ညဘက်ကထဲက ဂျုံနဲ့နွားနို့ရောပြီး ဂျုံအပြားကို လုပ်ထားရပါတယ် … ကြက်သားခါးပတ်လဲ တစ်ခါထဲချက်ထားပြီး မနက်အိပ်ယာထတော့မှ လိပ်စားလိုက်ရုံပါပဲ … UZebak သူငယ်ချင်းကောင်မလေး လုပ်ကျွေးလေ့ရှိတဲ့ အစားအစာတစ်ခုကို အမှတ်တရပြန်လုပ်ပြီး လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ် … လုပ်နေကျမဟုတ်လို့ မလှမပဖြစ်နေတာလေးတော့ နားလည်ခွင့်လွှတ်ပေးပါလို့ …. ပါဝင်သောပစ္စည်းများ ဂျုံမှုန့် …… အနည်းငယ် နွားနို့ …… ၂၅ဝ မီလီလီတာတစ်ဗူး သကြား၊ ဆား … သင့်တော်သလောက် ကြက်သားခါးပါတ်အတွက် ကြက်သွန်ဖြူနီ ကြက်သားအသားသီးသန့် ဆီ မဆလာ ပြုလုပ်ပုံအဆင့်ဆင့် ဂျုံအပြားပြုလုပ်ရန်အတွက် ဇလုံတစ်ခုထဲတွင် ဂျုံမှုန့်၊ နွားနို့၊ သကြား၊ ဆားနဲ့ ရေအနည်းငယ်ထပ်ထည့်ပြီး မပြစ်မကျဲအနေအထားရအောင် ဖျော်ထားရပါတယ်။ ထို့နောက် […]