manawphyulayFebruary 9, 20111min940
ချစ်သူတွေ ကို သွားမေးရင်တောင် မသိလောက်ဝူး..ဒီတော့ ဖော်ပြလိုက်ပါတယ်….. အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။ အမြဲလိုလို လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာဘုန်းတော်ကြီးရဲ့ဆုတောင်းမှုကို နာယူကြတယ်။ ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းမြတ်က ပြည်သူတွေကိုအတင်းအကျပ် သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ ယောက်ျားသားတွေက မိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက […]