weiweiJune 9, 20154min22316
  ရန်ကုန် လှည်းတန်းဘူတာနားမှာနေခဲ့တာ ၁ဝ နှစ်ကျော်နေပြီ။ ရထားလမ်းကို အမြဲတမ်းဖြတ်ဖြစ်ပြီး လှည်းတန်းဈေးကို သွားခဲ့ရပေမယ့် ရထားကို တစ်ကြိမ်တစ်ခါမှ မစီးခဲ့ဖူးဘူး။ ရထားစီးကြည့်မယ်လို့လဲ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ မြို့ပါတ် အဲကွန်းရထားတွေပေါ်လာပြီးနောက်ပိုင်း တစ်ခါလောက်တော့ စီးကြည့်အုန်းမှလို့ စိတ်ကူးပေါ်ခဲ့ပေမယ့် အချိန်မပေးနိုင်လို့ မစီးဖြစ်ခဲ့ပြန်ဘူး။   ဒီအပါတ် ၆ လ ပိုင်း ၆ ရက်နေ့မှာ စနေနေ့မှာ တိမ်တွေပြာလို့ ရာသီဥတုက သာသာယာယာ ရှိနေတာနဲ့ ရထားသွားစီးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ စိတ်ကူးကို ချက်ခြင်းအကောင်အထည်ဖော်ပစ်လိုက်တယ်။ အနီးအနားမှာနေကြတဲ့ ဘော်ဒါနှစ်ယောက်ကို အဖော်ခေါ်ပြီး လှည်းတန်းဘူတာဆီ သွားစီးကြပါတယ်။ ရထားချိန်တွေကို မမှတ်ထားပဲသွားမိလို့ အဲကွန်းမြို့ပါတ်က နေ့လည် ၁ နာရီမှာဆိုက်မှာကို ၁၂ နာရီလောက်ထဲက ဘူတာကိုရောက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် စီးဖြစ်အောင်စီးမှာမို့လို့ အနီးအနားမှာပဲ […]


weiweiApril 2, 20154min21820
ဒီတစ်ခေါက် သံတောင်ကြီး သံတောင်လေးခရီးစဉ်ကတော့ မသေချာမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ မသွားဖူးတဲ့နေရာတစ်ခုဖြစ်ပြီး အသိတွေထဲမှာလဲ သေချာပြောပြနိုင်တဲ့သူမရှိတဲ့အတွက် ရှေ့ပြေးကြိုပွိုင့်ထွက်ရတာနဲ့တောင်တူနေပါတယ်။ အဓိကသွားချင်တဲ့ ဖိုးကျားဆင်စခန်းမှာ ဆင်တွေမရှိလို့ သွားလို့မရတော့ဘူးဆိုတဲ့သတင်းကို သွားခါနီးမှာကပ်ပြီးမှ သိလိုက်ရတဲ့အတွက်လဲ ခရီးစဉ်အတွက် အားတက်မှုတွေကို လျော့သွားစေခဲ့ပါတယ်။ ရောက်ဖူးသူတစ်ချို့ကလဲ ဘာမှမရှိပါဘူးဆိုတဲ့ စိတ်ပျက်စရာ စကားသံတွေကိုပဲ ပြောကြတဲ့အတွက် သွားသာသွားလိုက်ရတယ် ဘယ်လိုများဖြစ်မှာပါလိမ့်လို့ စိတ်စောနေခဲ့ပါတယ်။   တောင်ငူဘက်ကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၆ ကနေ ခွဲထွက်ရမှာဖြစ်တဲ့အတွက် ခရီးအနေနဲ့ အရမ်းကြီးမဝေးတဲ့အတွက် ညသန်းခေါင်ကျော်ပြီးမှပဲ ရန်ကုန်ကနေထွက်ခဲ့ကြတယ်။ နောက်တော့မှ ပြန်သိရတာက ၁၁၅ မိုင်ကနေ ဖြူးဘက်ကိုထွက်ပြီး လမ်းဟောင်းအတိုင်းတောင်ငူကိုသွားတာ ပိုနီးပါတယ်တဲ့။ ကားကို ဖြည်းဖြည်းမောင်းပြီး ၁၁၅ မိုင်မှာ အကြာကြီး နားခဲ့ပြီးမှ မိုးလင်းတောင်ငူအဝင်ဖြစ်အောင် အချိန်ကိုက်ပြီး သွားခဲ့ပါတယ်။   တောင်ငူမြို့က […]


weiweiMarch 24, 20154min30219
ဘားအံခရီးစဉ်ထဲမှာ ကော့ဂွန်းဂူကလဲ စိတ်ဝင်စားစရာတစ်မျိုးကောင်းပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေနဲ့ ခမ်းနားထည်ဝါမှုတစ်မျိုးကို ခံစားရပါတယ်။ သထုံကနသွားရင် ဘားအံမြို့ထဲမဝင်ခင်မှာ တည်ရှိပါတယ်။ လမ်းညာဘက်အခြမ်းမှာ လမ်းညွှန်ဆိုင်းဘုတ်ခပ်သေးသေးနဲ့ လမ်းသွယ်လေးအတိုင်းဆက်သွားရပါမယ်။ ဆဒ္ဒန်ဂူလောက် လမ်းမဆိုးပါဘူး။ လမ်းလဲမရှည်ဘူး။ ရသေ့ပျံဂူနဲ့ တစ်လမ်းထဲဖြစ်ပေမယ့် ကျွန်မတို့ကတော့ အချိန်မရတော့လို့ ရသေ့ပျံဂူဆီမဝင်ဖြစ်ခဲ့ပါဘူး။ မျောက်တွေရှိတယ်လို့ သိရပါတယ်။ ဂူတစ်ခုပေမယ့် လှိုဏ်ဂူကြီးလိုမဟုတ်ပါဘူး။ အတွင်းထဲကို ဝင်လို့မရဘူး။ အပေါက်ဝလောက်နားတင်ပဲ ဂူလို့ဆိုနိုင်ရုံလောက်ပါပဲ။ ဒါပေမယ့် တောင်နံရံတွေမှာတွေ့ရတဲ့ ဘုရားဆင်းတုတော်လက်ရာများနဲ့ တောင်အနေအထားက ထူးခြားပါတယ်။ ရာသီဥတုပူနေပေမယ့် အေးချမ်းမှုကို ခံစားရတဲ့ နေရာတစ်ခုဖြစ်လို့ သွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ဂွန်းကျေးရွာအတွင်းမှာတည်ရှိပြီး သဘာဝထုံးကျောက်လှိုဏ်ဂူအမျိုးအစားဖြစ်ပါတယ်။ တောင်နံရံများမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများမှာ မြေမီးဖုတ် အုတ်ခွက် ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ပုံဖော်ထားသည့် ရုပ်လုံးရုပ်ကြွများ၊ သဲကျောက်ကို ထွင်းထုထားသည့် ဗုဒ္ဓဘာသာဆိုင်ရာ […]


weiweiMarch 17, 20154min30524
အခုနောက်ပိုင်း ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ကရင်ပြည်နယ် ဘားအံမြို့ရဲ့ အလှအပတွေကို ခံစားနိုင်တဲ့ ခရီးစဉ်တွေ စီစဉ်လာကြပါတယ်။ လမ်းခရီး သာယာပြီး နယ်မြေအေးချမ်းလာတဲ့အတွက် ညအိပ်စရာမလိုပဲ အချိန် ၂၄ နာရီနဲ့ ဘားအံမြို့အနှံ့ကို ရန်ကုန်ကနေ သွားလည်နိုင်ပြီဖြစ်ပါတယ်။ ဘားအံမြို့မှာ အထင်ကရနေရာတွေကတော့ ရွှေရင်မျှော်ဘုရား၊ ဇွဲကပင်ခန်းမရှေ့က ကန်တော်ကြီးရှုခင်း၊ ဘုရင့်ညီဂူနဲ့ ရေပူကန်၊ ကော့ဂွန်းဂူ၊ ကော့ကသောင်ဂူ၊ ဇွဲကပင်တောင်၊ ကျောက်ကလာပ်စေတီနဲ့ ဆဒ္ဒန်ဂူ စတဲ့ နေရာအားလုံးကို သွားရောက်လည်ပါတ်နိုင်ပါတယ်။ အားလုံးထဲမှာ အထူးခြားဆုံးနဲ့ ခရီးသွားတွေ စိတ်အဝင်စားဆုံးနေရာကတော့ ဆဒ္ဒန်ဂူဖြစ်ပါတယ်။ ဘားအံမြို့ထဲနဲ့ အနဲငယ်အလှမ်းဝေးပါတယ်။ ဘားအံ မော်လမြိုင်လမ်းဘက်ကနေ ဆဒ္ဒန်ဂူဘက်ကို မြေနီလမ်းအတိုင်း ရပ်ကွက်တွေထဲကနေ ဆက်ဝင်သွားရပြီး တစ်ချို့နေရာတွေမှာ လယ်ကွင်းတွေကနေ ဖြတ်သွားရပါတယ်။ ကျေးလက်သဘာဝရှုခင်းနဲ့ တောင်တန်းအလှအပများကို ကြည့်ရှုခံစားနိုင်ပါတယ်။ ဆဒ္ဒန်ဂူဆိုတဲ့အတိုင်း ကျောက်ဆင်ရုပ်ထု […]


weiweiFebruary 25, 20155min16020
လွိုင်ကော်သွားလည်မယ်ဆိုရင် သွားသင့်တဲ့နေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းကနေ ဆက်သွားရပါတယ်။ ကြတ်ဂူသွားတဲ့လမ်းနဲ့ လမ်းမကြီးအတူတူဖြစ်ပြီး လွိုင်ကော်ကနေသွားမယ်ဆိုရင် အောင်သပြေလှိုင်ဂူကို အရင်ရောက်မှာဖြစ်ပါတယ်။   လမ်းမကြီးကနေ လမ်းညွှန်ဆိုင်းဘုတ်အတိုင်းဝင်သွားရပါတယ်။ လယ်ကန်သင်းတွေကိုဖို့ပြီး လမ်းဖောက်လုပ်လက်စမို့လို့ ကားအသေးတွေအတွက် သွားလာရခက်နေပါသေးတယ်။ ဒါပေမယ့် မကြာခင် ပြီးသွားမှာပါ။ ညနေခင်းလေးရောက်သွားတော့ လူတစ်ယောက်မှ ရှိမနေလို့  တိတ်ဆိတ်နေတယ်။ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး အဲဒီကျောင်းကနေ မီးစက်နဲ့ မီးဖွင့်ပေးပါတယ်။   ကျွန်မတို့လဲ ပါလာတဲ့ဓါတ်မီးတွေယူသွားပြီး ဂူထဲဝင်သွားလိုက်ကြတယ်။ ကံကောင်းတာက ဖိနပ်စီးခွင့်ပြုထားပါတယ်။ အထဲမှာ အစိုဓါတ်ရှိနေတယ်။ လေဝင်လေထွက်က ကြတ်ဂူလောက်မကောင်းပေမယ့် ပိတ်ချင်းမြှောင်ထက်တော့ ကောင်းပါတယ်။ သဘာဝကျောက်ဂူအလှကို သဘာဝအတိုင်း တွေ့နိုင်ပါတယ်။ မြင်ဖူးသမျှ ဂူတွေထဲမှာတော့ အလှဆုံးပါပဲ။ အထဲမှာ သွားလာရခက်တဲ့နေရာတွေ ရှိနေပါသေးတယ်။ ဦးဇင်းလေးတစ်ပါးက ဝင်လာပြီး လိုက်ရှင်းပြပေးပါတယ်။ လူတွေက ကျောက်ခတ်ပန်းဆွဲတွေကို […]


weiweiFebruary 16, 20156min36715
2013 ဒီဇင်ဘာလတုန်းက လွိုင်ကော်မြို့ကို အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့ပေမယ့် အခြေအနေအရ ကြတ်ဂူနဲ့ ရေတံခွန်ဆီကို မရောက်ဖြစ်ခဲ့တဲ့အတွက် အခု 2015 ဇန်နဝါရီမှာ လွိုင်ကော်မြို့ကို ဒုတိယအကြိမ်သွားခဲ့ပြီး ကြတ်ဂူဆီကို ရောက်အောင် သွားခဲ့ပါတယ်။ လွိုင်ကော်မြို့ကနေ မိုင် ၂ဝ ခန့် သွားရပါတယ်။ လမ်းကျဉ်းကျဉ်းနဲ့ တောတောင်တွေကို ဖြတ်သွားခဲ့ရပါတယ်။ အနဲဆုံး နေ့တစ်ဝက်လောက်အချိန်ယူပြီး သွားရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ကို လိုက်ပို့ပေးတဲ့သူက လက်နှိပ်ဓါတ်မီးအကြီးတွေယူလာခဲ့ပေးတယ်။ အထဲမှာ မှောင်တဲ့အတွက် ဓါတ်မီးမပါလို့ မဖြစ်ပါဘူး။ တောင်ခြေတစ်ခုမှာ ကားရပ်ထားလိုက်ရပြီး ကြတ်ဂူအပေါက်ဝဆီကို လှေကားအတိုင်း တက်ရပါတယ်။ တော်တော်မြင့်ပြီး လူသွားလူလာနဲတာ သတိထားမိတယ်။         နေ့လည် ၁ နာရီအချိန်လောက်ရောက်သွားတာမို့လို့ လှေကားအတက်မှာ တော်တော်လေး မောသွားတယ်။ လှေကားထစ်ပေါင်း […]


weiweiFebruary 10, 20152min27321
              ထီးပွင့်ကန်ဆီကို မရောက်ခင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆီကို အရင်ဝင်ခဲ့ကြပါတယ်။ ထီးပွင် ့ကန် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းနှင့် အေးချမ်းပြည်သာ ဓာတ်တော်ရာစေတီတစ်ဆူကို ဖူးတွေ့ရပါတယ်။ ယခင်အမဲရောင်နယ်မြေဖြစ်ခဲ့ကြောင်းသိခဲ့ရပါသည်။ ကိုရင်လေးတစ်ပါးက ဦးဆောင်ပြီး စေတီတော်ဆီကို ခေါ်သွားပါတယ်။ လွင်ထီးခေါင်ပြင်ထဲမှ စေတီငယ်လေးတစ်ခုထဲမှာ ဆရာတော့်ဓါတ်တော်ကို ဌာပနာပြုတည်ထားခြင်းဖြစ်ပါသည်။ ဆရာတော်ဓာတ်တော် တည်ထားရာစေတီအတွင်းတွင် သမိုင်းကြောင်းကျောက်စာနှင့် အုတ်ဂူအတွင်းမှ ဓာတ်တော်ကို မှန်ဘီလူးမှတဆင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်       ထီးပွင် ​့ကန်​သည်​ ကယားပြည်​နယ်​ ဒီ​မော့ဆိုမြို့နယ်​၊ ​ငွေ​တောင်​​ကျေးရွာအုပ်​စု၊ ​ငွေ​တောင်​ဆည်​၏ အ​ရှေ့​တောင်​ဘက်တွင်​တည်​ရှိပြီး အလျား ၂၂ရ ​ပေ နှင်​့ အနံ ၁၁၅ ​ပေ ရှိပါသည်​။​ ထီးပွင် ​့ကန်​သည်​ ဘူမိ​ဗေဒသ​ဘောအရ […]


weiweiNovember 10, 20146min25111
မုံရွာခရီးအကြောင်းမှာ သမ္ဗုဒ္ဓေဘုရားကို နောက်ဆုံးမှ တင်ဖြစ်ခဲ့တာကတော့ ဓါတ်ပုံတွေကို စိတ်တိုင်းမကျခဲ့လို့ .. အဲဒီနေရာကို ကိုယ်တိုင်ရောက်သွားသလို ခံစားရအောင် ပုံဖော်ပေးချင်တဲ့စိတ်နဲ့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်းကြိုးစားကြည့်တော့ ရှင်းပြရခက်နေခဲ့ပါတယ်။ အဲဒါကြောင့် ဒီအတိုင်းပဲ ဖိုတိုအက်ဆေးလိုပဲ တင်လိုက်ပါတော့မယ် .. မုံရွာမြို့ကနေ ၄ မိုင်လောက်ပဲ ကွာဝေးပါတယ်။ ဗောဓိတစ်ထောင်ဆီကိုဖြတ်လမ်းရှိပြီး ရ မိုင်ပဲ ဝေးတယ်လို့ သိရပါတယ်။ လမ်းတွေအတော်ကောင်းနေပါပြီ။ ကျွန်မအတွက် ၄ ကြိမ်မြောက်ရောက်ဖူးခဲ့တာဖြစ်လို့ တစ်ကြိမ်နဲ့တစ်ကြိမ် ပိုပြီးတောက်ပလာတာကို သတိထားမိလိုက်တယ်။ အရောင်တွေစပ်ထားပုံနဲ့ အဆောက်အဦးလက်ရာကတော့ တခြားဘုရားတွေနဲ့မတူပဲ တမူထူးခြားနေပါတယ်။ အားလုံးနှံ့အောင် လှည့်ကြည့်မယ်ဆိုရင်တော့ အနဲဆုံး (၁) နာရီလောက် အချိန်ယူရပါလိမ့်မယ် .. သမိုင်းကြောင်းလိုက်ပြောပေမယ့် ပန်းသည်ကလေးတွေရှိပါတယ် .. ကျွန်မကတော့ ဓါတ်ပုံရိုက်ဖို့သာ အာရုံများနေခဲ့တာမို့ နားမထောင်ဖြစ်ခဲ့ဘူး .. အတွေးထဲမှာတော့ […]


weiweiOctober 28, 20147min16613
မုံရွာမြို့မဝင်ခင် ဗောဓိတစ်ထောင်ကို အရင်တွေ့ရပါလိမ့်မယ်။ မုံရွာမြို့ထဲကနေ ၁၁ မိုင်ခန့် ကွာဝေးပါတယ်။ ရပ်တော်မူဘုရားကြီးကို အဝေးကနေ လှမ်းဖူးမြင်နိုင်ပါတယ်။ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီး၏ ကျေးဇူးတော်ကြောင့် ဘုရားစေတီများ၊ ရုပ်ပွားတော်များ၊ စိမ်းလန်းစိုပြေနေသော သဘာဝပါတ်ဝန်းကျင်များကို အံ့ဩဖွယ်ရာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးက ရပ်တော်မူဘုရားကြီး၊ လျှောင်းတော်မူဘုရားကြီး၊ စေတီတော်တစ်ဆူနဲ့ ထိုင်တော်မူဘုရားကြီးတစ်ဆူ တည်ထားဖို့ ရည်ရွယ်ခဲ့ပေမယ့် ပျံလွန်တော်မူသွားချိန်မှာ ထိုင်တော်မူဘုရားကြီးတစ်ဆူ မပြီးစီးခဲ့ပါဘူး။ ယခု တည်ဆောက်နေဆဲ အနေအထားနဲ့ တွေ့ခဲ့ရတယ်။ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့တာ ၆ နှစ်ရှိသွားပြီဖြစ်ပါတယ်။ မျှော်စင်ပေါ်ကနေ ပါတ်ဝန်းကျင်တစ်ခုလုံးကို အားရအောင်ကြည့်ပြီးတဲ့အခါမှာတော့ ရပ်တော်မူဘုရားကြီးဆီကို သွားခဲ့ကြပါတယ်။ အထပ်ပေါင်း (၃၁) ထပ် ရှိတဲ့ ဘုရားကြီးကို မျှော်ကြည့်ပြီး တက်မကြည့်ခင် ကြိုပြီးမောသွားတယ်။ မနက်စောစောမို့လို့ တော်ပါသေးတယ်။ ရာသီဥတု မပူပါဘူး။ ဘုရားဖူးလဲ […]


weiweiOctober 28, 20146min32331
မုံရွာမြို့ရောက်ရင် ကျောက်ကာရွှေဂူနီဘုရားဆီကို သွားဖူးဖြစ်ကြမှာပါ။ မုံရွာမြို့ထဲကနေ ၈ မိုင်ခန့်သာ ဝေးပါတယ်။ ကျွန်မတို့သွားဖြစ်တဲ့အချိန်က ညနေခင်းအချိန်မို့လို့ အေးချမ်းသာယာတယ်။ အဖိုးတန် ကျောက်သံပတ္တမြားများနဲ့ ရွှေသားများစွာရှိခြင်းကြောင့် အထူးစောင့်ရှောက်ထိန်းသိမ်းထားရတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ကျောက်ကာဆိုတာနဲ့ တစ်ဆက်ထဲ နံမည်ကြီး ထန်းဇလုပ်ရေတံခွန်စခန်းကို သတိရကြမှာပါ။ ကျောက်ကာညနေခင်း ကျောက်ကာသူတွေ ရေခပ်ဆင်းတဲ့အကြောင်း သီချင်းရှိခဲ့ပြီး အလွန်ကျော်ကြားခဲ့ဖူးပါတယ်။ ကျောက်ကာသူတွေအလွန်ချော အလွန်လှတဲ့အကြောင်း ကျောက်တောင်တွေကြားက ရေတံခွန်ထဲမှာ ရေချိုးဆင်းပုံတွေကို ရေးစပ်ထားခဲ့တဲ့သီချင်းကြောင့် ဘယ်လိုနေရာမျိုးနဲ့ ဘယ်လိုများချောမောလှပလဲဆိုတာ သိချင်လောက်အောင် စွဲဆောင်မှုရှိခဲ့ဖူးပါတယ်။ ရုပ်ရှင်ထဲမှာ ပါခဲ့တဲ့ နေရာတစ်ခုမို့လို့လဲ အပြင်မှာ မြင်ချင်မိပါတယ်။ တစ်ခါမှ မရောက်ဖူးသေးလို့ ဒီတစ်ခါတော့ သေချာမေးမြန်းပြီး သွားကြည့်ဖြစ်ခဲ့တယ်။ တော်ရုံနဲ့ မရောက်ဖြစ်ကြတဲ့ ထန်းဇလုပ်ရေတံခွန်စခန်းရဲ့ ညနေခင်းအချိန်ကို ဓါတ်ပုံမှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ ဒီပို့စ်မှာ ဓါတ်ပုံကို ဦးစားပေးထားပါတယ်။ ဇာတ်လမ်းနဲ့ သမိုင်းကြောင်း […]


weiweiOctober 16, 20147min24315
ဖိုလ်ဝင်တောင်ဆီကို မရောက်ဖြစ်တာကြာခဲ့ပါပြီ။ မေ့သလောက်တောင် ရှိနေပြီမို့ ဒီတစ်ခေါက် မုံရွာရောက်တုန်း ရောက်ဖြစ်အောင်သွားလိုက်ပါတယ်။ သီတင်းကျွတ်လဖြစ်လို့ အညာဒေသဖြစ်ပေမယ့် ပါတ်ဝန်းကျင်က စိမ်းစိုလို့နေပါတယ်။ မုံရွာမြို့ထဲကနေ တစ်နာရီကားမောင်းလိုက်ရင် ဖိုလ်ဝင်တောင်ကိုရောက်ပါတယ်။ မြစ်ကိုဖြတ်ပြီး သွားရတာမို့လို့ ရေလမ်းကသွားလို့ရသလို တံတားဖြတ်ပြီး ကားနဲ့လဲ သွားလို့ရပါတယ်။ တံတားကိုကျော်ဖြတ်လိုက်တာနဲ့ ပါတ်ဝန်းကျင်က တစ်မျိုးပြောင်းလာတယ်။ တောင်တန်းတွေ၊ တောင်ကတုံးတွေ၊ အဲဒီတော့မှ သတိရမိတာက လက်ပန်းတောင်းတောင်ဆိုတာ ဘယ်ဟာများပါလိမ့်ပေါ့။ ဘယ်တောင်ဖြစ်မလဲလို့ လျှောက်ပြီးမှန်းကြည့်ခဲ့ကြတယ်။ တောင်ကြီးတစ်ခုထိပ်မှာ ယန္တရားနဲ့ အလုပ်လုပ်နေကြတာတွေ့ခဲ့ရသေးတယ်။ ကားပေါ်ကနေမို့လို့ ဓါတ်ပုံသေချာမရိုက်ခဲ့ရဘူး။ ကားသွားရင်း ဒီအတိုင်းရိုက်လိုက်တာမို့လို့ သိပ်တော့ မထင်ရှားဘူး။ ထူးထူးခြားခြား သတိထားမိခဲ့တာက တွင်းသေးသေးလေးတွေ၊ လမ်းတစ်လျှောက် တွေ့ရတယ်။ ကြေးနီတွေကို တစ်နိုင်တစ်ပိုင်များတူးနေကြတာလားလို့ တွေးကြည့်မိသေးတယ်။ ဟုတ်မဟုတ်တော့မသိ။ ဖိုလ်ဝင်တောင်ကို အဝေးကနေမြင်ရပါတယ်။ လောင်းလှေကြီးတစ်စင်းမှောက်ထားတဲ့သဏ္ဍာန်မျိုးဖြစ်ပါတယ်။ အလောင်းတော်ကသဖခရီးစဉ်ရှိတဲ့ရာသီတွေမှာ လူသွားလူလာများပေမယ့် တခြားအချိန်တွေမှာ […]


weiweiOctober 10, 20145min29720
ပတ္တမြားမြေသို့အလည်တစ်ခေါက်ပို့စ်ရဲ့ အဆက်ဖြစ်ပါတယ်။ ဓါတ်ပုံတွေများလို့ ၂ ပိုင်း ခွဲလိုက်တာပါ။ ပတ္တမြားစေတီတောင်ပေါ်ကနေ မြင်ရတဲ့ မိုးကုတ်မြို့က အလွန်လှပါတယ်။ နေ့လည်စာ စားပြီးတဲ့အချိန်မှာ ဖောင်တော်ဦးဘုရားဆီကို သွားခဲ့ပါတယ်။ ဖောင်တော်ဦးဆိုတော့ ကန်အစပ်မှာရှိမယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး။ ဒီအတိုင်း မြို့ထဲမှာပဲ ရှိပါတယ်။ ပုံတွေကြည့်လိုက်ကြပါအုန်း။ ဖောင်တော်ဦးဘုရားကနေ မြို့လည်ကို လှမ်းမြင်ရပါတယ်။ ထူးခြားတာကတော့ မိုးကုတ်ဈေးပါ တြိဂံပုံ သဏ္ဍာန် တည်ထားပါတယ်။ မိုးကုတ်က အပြန်မှာတော့ လာလမ်းဖြစ်တဲ့ ပြင်ဦးလွင် မိုးကုတ်လမ်းကို ပြန်မသွားပဲနဲ့ သပိတ်ကျင်း မန္တလေးလမ်းကနေ ပြန်ခဲ့ပါတယ်။ မိုးကုတ် မန္တလေး ၁၂၆ မိုင်ရှိပါတယ်။ သပိတ်ကျင်းအထိ မိုင် (၄၀) လောက် တောင်တက်လမ်း အကွေ့လမ်းတွေရှိပေမယ့် သပိတ်ကျင်းကျော်သွားရင် မြေပြန့်ဖြစ်သွားပါပြီ။ အသွားအလာပိုများပါတယ်။ ပြင်ဦးလွင်လမ်းကတော့ လုံခြုံမှုမရှိဘူးလို့သိခဲ့ရတယ်။ သူပုန်တွေရှိပြီး […]