weiweiApril 16, 20112min12310
အခုပုံတွေက ဧဝရတ်တောင်ခြေက အပြန်လမ်းမှာ ကားပေါ်ကနေ လှတယ်ထင်တဲ့နေရာတွေကို ရိုက်ထားခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။ ပုံတွေက တူသလိုလိုဖြစ်နေပေမယ့် မတူပါဘူး။ ရှုခင်းတွေက ခပ်ဆင်ဆင်ဆိုတော့ တူနေသလိုထင်ရပါတယ်။ တိဗက်ခရီးစဉ် ၆ အတွက် အကြိုဓါတ်ပုံတင်လိုက်ခြင်း ဖြစ်ပါတယ်။ လျှပ်တပြက်ရိုက်ချက်ပုံတွေအားလုံးက ခရီးစဉ် အစကနေ အဆုံး ရထားပေါ် ကားပေါ်ကနေ ရိုက်ထားတဲ့ မှတ်တမ်းဓါတ်ပုံများဖြစ်ပါတယ်။


weiweiFebruary 19, 20112min1256
ဧဝရက်တောင်ခြေနားရောက်ခါနီး လမ်းခရီးမှ ရှုခင်းများဖြစ်ပါသည်။ ပုံထဲမှာ မြင်ရတဲ့ လမ်းပုံစံအတိုင်း မိုင် ၂ဝ သွားခဲ့ရပါတယ်။ ခရီးသွားလမ်းညွှန်က ကျွန်မတို့ကို လမ်းကြမ်းကိုသွားရမယ်ဆိုလို့ ဘယ်လောက်များကြမ်းမလဲလို့ တွေးထားတာ မြင်တဲ့အတိုင်းပါပဲ …


weiweiFebruary 5, 20111min23917
နေပြည်တော်လမ်းကို စိတ်ဝင်စားနေကြတာတွေ့လို့ လမ်းပုံတစ်ချို့တင်လိုက်ပါတယ်။ လမ်းတလျှောက် တစ်ပုံစံထဲမို့လို့ ပုံနဲနဲပဲ တင်လိုက်တော့မယ်။ ကားမှန်ခံပြီး ရိုက်ထားလို့ ပုံတွေက နဲနဲဝါးတာားတားဖြစ်နေတယ်။


weiweiFebruary 4, 20113min44123
နေပြည်တော်ကိုသွားဖို့ ကိစ္စတစ်ခုပေါ်လာတာနဲ့ ရန်ကုန် – နေပြည်တော် ကားလမ်းသစ်ကနေ သွားလိုက်တယ်။ ထောက်ကြံ့အလွန်မှာ နေပြည်တော်လမ်းစပြီး ဂိတ်ကြေးကောက်တဲ့ဂိတ်တစ်ခုရှိပါတယ်။ မိုင်တိုင် သုညကနေစပြီး ကွန်ကရစ် အချောလမ်းပါ။ လမ်းဖြတ်ခ ကားသေးတစ်စီးကို ၅၀၀ဝ ကျပ်ပေးရပါတယ်။ မနက်စောစောထသွားဖြစ်လို့ ကားပေါ်မှာ အိပ်ရက်နဲ့လိုက်သွားလိုက်တယ်။ တစ်လမ်းလုံး ကားလဲရှင်း လူလဲရှင်း ပတ်ဝန်းကျင်မှာလဲ အပင်နဲနဲကလွဲပြီး ဘာမှမတွေ့ရဘူး။ ၁၁၅ မိုင်ကိုရောက်တော့မှ ဆိုင်အနဲငယ်တွေ့ရလို့ ခဏနားပြီး မနက်စားစားလိုက်တယ်။ ပြီးတော့ နေပြည်တော်ကို ဆက်ထွက်လာခဲ့တာ မိုင် ၂၁ဝ လောက်မှ နေပြည်တော်ကို ရောက်ခဲ့ပါတယ်။ ကိစ္စဝိစ္စတွေကို နေ့ခင်းပိုင်းမှာ လုပ်ပြီးတာနဲ့ အချိန်ပိုနေလို့ နေပြည်တော်က ဘုရားကို သွားဖူးဖြစ်ခဲ့တယ်။ ဒီဘုရားကို နိုင်ငံခြားက ဗမာတွေသာမက ဗမာပြည်က ဗမာတွေပါ ရောက်ဖူးသူနဲမှာမို့လို့ ဓါတ်ပုံတချို့ ကြိုးစားပြီး […]


weiweiJanuary 31, 20112min1196
တရုတ်ပြည် ကွမ်တုံးပြည်နယ်က shenzhen (深圳) ရှန်းကျန့်မြို့ကို ရောက်ရင်း ဆိပ်ကမ်းကို လေ့လာခွင့်ရခဲ့ပါတယ်။ ဟောင်ကောင်နဲ့ အနီးဆုံးဖြစ်တဲ့ ရှန်းကျန့်မြို့ကလေးက အလွန်ခေတ်မှီလှပတယ်။ ဆိပ်ကမ်းကို ရေထဲကနေ သင်္ဘောအသေးလေးနဲ့ လှည့်ပတ်ပြသပါတယ်။ တရုတ်ပြည်မှာ ရှန့်ဟိုင်ဆိပ်ကမ်းနဲ့ ဟောင်ကောင်ဆိပ်ကမ်းပြီးရင် တတိယအလုပ်အဖြစ်ဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။ ဆိပ်ကမ်းအရှည် ကီလိုမီတာ ၂၆ဝ ရှိတယ်။ ဓါတ်ပုံထဲမှာတော့ အပိုင်းပိုင်းဖြစ်နေတယ်။ ပင်လယ်ရေ စိမ်းစိမ်းနဲ့ ကုတင်သင်္ဘောတွေ ကွန်တိန်နာတွေ အများကြီးကို မြင်ရတာ မြင်ကွင်းလှလို့ အားလုံးကြည့်ရအောင် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။


weiweiJanuary 17, 20115min17011
တိဗက်ခရီးစဉ် (၄) ဒီကနေ့မနက်မှာတော့ ၃ ညအိပ်ခရီးတစ်ခုအတွက် လိုအပ်တာတွေကို အဆင်သင့်ပြင်ဆင်ထားကြပါတယ်။ ဧဝရတ်တောင်ခြေမှာ တစ်ညအိပ်ဖု့ိအတွက် အချမ်းဒဏ်ခံနိုင်မဲ့ အဝတ်အစားတွေ၊ လမ်းခရီးမှာစားဖို့ စားစရာတွေနဲ့ လိုအပ်မဲ့ဆေးဝါးတွေကို အပြည့်အစုံစီစဉ်ထားလိုက်ပါတယ်။ မနက်စောစောစာကို ဟိုတယ်မှာစားပြီး မနက် ၈ နာရီမှာ ခရီးစထွက်ကြပါတယ်။ ဒရိုင်ဘာရယ် ခရီးသွားလမ်းညွှန်ရယ်၊ ကျွန်မတို့ သုံးယောက်ရယ် ကားတစ်စီးနဲ့ စထွက်ခဲ့ပါတယ်။ လားဆားမြို့က စထွက်လိုက်တာနဲ့ လမ်းခရီးက တောင်တွေ ကွေ့ပတ်ပြီးသွားရတယ်။ ပတ်ဝန်းကျင်က အရမ်းသာယာတယ်။ လာဆားကနေ နိပေါလ်ကိုသွားတဲ့ Sino-Nepal friendship Highway road ကနေ သွားရပါတယ်။ အဲဒီလမ်းမကြီးက လာဆားကနေ နိပေါလ် ခေတ္တမန္ဒူမြို့အထိပေါက်ပြီး ကီလိုမီတာ ၉၀ဝ ကျော်ရှိပါတယ်။ ယနေ့ခရီးစဉ်ကတော့ လားဆားကနေ တိဗက်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ Shigatse ရှီဂစီ မြို့အထိပါပဲ။ […]


weiweiJanuary 14, 20112min965
လမ်းတလျှောက် သဘာဝပုံတွေပါ … ပန်းရောင်ဖြစ်နေတဲ့တောင်ကတော့ အဲဒီနေရာတစ်နေရာထဲမှာပဲ မြင်ဖူးခဲ့ပါတယ် … ပန်းရောင်တောင်နဲ့ အဝါရောင်မုန်ညင်းခင်းက ဆေးရောင်စုံပန်းချီကားတစ်ခုလိုပဲ အရမ်းလှတယ် … လမ်းတလျှောက်မှာ အနေအထားကတော့ ခပ်ဆင်ဆင်တွေပါပဲ … တောင်တွေ ပုံစံအမျိုးမျိုး … အရောင်အမျိုးမျိုးနဲ့ ထူးခြားတာကတော့ အလွန်ကောင်းတဲ့ လမ်းမကြီးပဲ …


weiweiJanuary 8, 20112min11510
လားဆားကနေ ဧဝရတ်တောင်ခြေအထိ ကား ၂ ရက် ခရီးသွားခဲ့ရတယ် … ကားပေါ်ကနေ လမ်းဘေးကို လှမ်းရိုက်ထားတဲ့ပုံတွေပါ … ကင်မရာက ဘတ်ထရီအပိုမရှိလို့ တော်တော်ချွေတာပြီး ရိုက်ခဲ့ရတယ်။ လမ်းခရီးတစ်လျှောက် လမ်းမကြီးရယ် တောင်ရယ်ပဲရှိပေမယ့် အရမ်းလှတယ် … ကြည်လင်သန့်ရှင်းနေသလိုပဲ … လမ်းတွေကလဲ ချောမွတ်နေတယ် … ရာသီဥတုကလဲ အေးတယ် … ကားကလည်း အကောင်းစားနဲ့ဆိုတော့ ပင်ပန်းတယ်လို့ မခံစားရဘူး …


weiweiJanuary 7, 20111min1779
လမ်းဘေး ပလက်ဖောင်းပေါ်မှာ မြေဖြူခဲရောင်စုံနဲ့ ပန်းချီဆွဲပြီး ပိုက်ဆံတောင်းတဲ့သူပေါ့ … ခြေထောက်တစ်ဖက်ပြတ်နေပြီး ဂျိုင်းထောက်နဲ့ … လူစည်ကားတဲ့နေရာတွေမှာ သူ့ကို အဲဒီလိုပုံနဲ့ ခဏခဏတွေ့မိပါတယ် … ကင်မရာပါတဲ့တစ်ခေါက်က ရိုက်ထားလိုက်မိတာ .. အခုဓါတ်ပုံက ၆ လလောက်တော့ရှိပြီထင်တယ် … အသိမ်းလွန်နေတာနဲ့ အခုမှတွေ့လို့ ကြည့်ရအောင် တင်ပေးလိုက်တယ် … တခြား အဆင့်မြင့် ပိုက်ဆံတောင်းနည်းတွေလဲ အများကြီးပဲ .. ဓါတ်ပုံရိုက်ရမှာ အားနာလို့ မပြဖြစ်တာ ..


weiweiJanuary 6, 20112min1619
ရှုခင်းပုံကြိုက်တဲ့သူတွေအတွက် … တိဗက်ခရီးစဉ် (၄) မှာ ခရီးစထွက်တော့ လမ်းတစ်လျှောက်ကို ကားပေါ်မှ ရိုက်ထားသောပုံများဖြစ်ပါတယ် … လားဆားမြို့မှ အထွက်လမ်းတစ်လျှောက်ဖြစ်ပါတယ် … နောက်ထပ်ဆက်ရန်လဲ အများကြီးရှိသေးပါသေးတယ် …


weiweiJanuary 3, 20114min1134
တိဗက် ခရီးစဉ် (၃) မှာ ကော်ဇောယက်လုပ်တဲ့နေရာကို လေ့လာခဲ့တဲ့အကြောင်းရေးခဲ့ပါတယ်။ ဓါတ်ပုံတွေများနေလို့ ပုံတွေကို သီးသန့်ခွဲပြီးတင်လိုက်ပါတယ်။ ကြည့်ပြီး ဗဟုသုတရအောင်ပေါ့။ ဒါမျိုးဓါတ်ပုံတွေက အင်တာနက်ထဲမှာ မတွေ့နိုင်တဲ့ပုံတွေပါ။ တရုတ်ပြည်မှာ ခရီးသွားရင် အဲဒီလိုမျိုး အရောင်းခန်းမ (ကုမ္ပဏီ) တွေကို လမ်းညွှန်က လိုက်ပို့လေ့ရှိပါတယ်။ အဲဒီလိုလိုက်ပို့တိုင်း အဲဒီက ဧည့်ကြိုက သူတို့လုပ်ငန်းတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာရှင်းပြလေ့ရှိပါတယ်။ လိုအပ်ရင် projector တွေနဲ့တောင်ပြပါတယ်။ အစားအသောက်ထုတ်လုပ်တဲ့ ကုမ္ပဏီဆိုရင်တော့ အလကားစားရပါတယ်။ ဒါပေမယ့် သူတို့က သိပ်ပြီး အပြောကောင်းလွန်းတယ်။ စားပြီးတိုင်း မဝယ်ပဲ မနေချင်လောက်အောင် ပြောနိုင်ကြတယ်။ အခုကော်ဇောကတော့ ဝယ်ချင်ပေမယ့် ပိုက်ဆံမတတ်နိုင်လို့ မဝယ်ခဲ့ရပါဘူး …


weiweiJanuary 3, 20114min1709
ဒီကနေ့မနက် ပိုတာလာကို သွားလည်ရမှာဖြစ်ပါတယ်။ မနက်စောစောစာကို ဟိုတယ်မှာပဲစားပြီး ဟိုတယ်ဧည့်ခန်းထဲကနေ လမ်းညွှန်ကောင်မလေးအလာကို စောင့်နေလိုက်ပါတယ်။ မနက် ၈ နာရီကျော်ကျော်လောက်မှာ သူရောက်လာပါတယ်။ ပိုတာလာက ကျွန်မတို့တည်းတဲ့ဟိုတယ်ကနေဆို တော်တော်လေးနီးပါတယ်။ တက်စီနဲ့သွားရင် ၁ဝ ရွမ်ပဲ ကျလို့ ကျွန်မတို့ကို တက်စီနဲ့ပဲ ခေါ်သွားပါတယ်။ ဟိုရောက်တော့ လက်မှတ်ဝယ်တဲ့ ဝင်ပေါက်ကနေ လက်မှတ်အရင်ဝယ်ရပါတယ်။ လက်မှတ်ဝယ်တာတောင်မှ ပက်ပို့စ်ကိုပြရပါတယ်။ လမ်းညွှန်က သူလိုက်ဝင်လို့မရဘူးလို့ပြောတယ်။ ကျွန်မတို့ကို ဝင်ပေါက်ကို လိုက်ပို့တယ်။ ဘယ်လိုသွားရမယ်ဆိုတာကိုရှင်းပြတယ်။ ဝင်ပေါက်နဲ့ ထွက်ပေါက်က မတူဘူး။ စစ်ဆေးရေးကလဲ လေဆိပ်ကထက်တောင် ပိုတင်းကြပ်နေပါသေးတယ်။ သောက်ရေဗူးအထဲကို ယူခွင့်မရှိဘူး။ တခြားမိတ်ကပ်နဲ့ပတ်သက်တဲ့ပစည်းမျိုးတွေလဲ မယူရဘူး။ လမ်းညွှန်က ထွက်ပေါက်ကနေ ၁၁ နာရီမှာ စောင့်နေမယ်လို့ပြောပါတယ်။ သူ့ဖုန်းနံပါတ်ကိုလဲ ပေးထားတယ်။ ကျွန်မတို့က သူမပါလဲ ပြသနာမရှိပါဘူး။ သူရှင်းပြလဲ […]


weiweiJanuary 2, 20112min16313
ပိုတာလာပေါ်ကနေ ရိုက်ထားတဲ့ လားဆားမြို့ဖြစ်ပါတယ်။ တိဗက်ခရီးစဉ် (၃) ကို ရေးရင်း တင်စရာဓါတ်ပုံတွေ တော်တော်များတာနဲ့ မြို့ရှုခင်းကို အရင်တင်လိုက်ပါတယ်။ လှပခေတ်မီတဲ့ မြို့ကလေးပါပဲ။ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းအားလုံး ပြည်မနဲ့ ဈေးအတူတူပါပဲ။ အသက်ကြီးတဲ့လူတော်တော်များများကတော့ ရိုးရာဝတ်စုံတွေဝတ်ကြတယ်။