weiweiNovember 3, 20103min1768
တရုတ်ပြည်သူ့သမတနိုင်ငံ၊ ကျန်းရှီးပြည်နယ်ထဲက ဝုရွမ် (Wuyuan) လို့ ခေါ်တဲ့ ရှေးမြို့လေးတစ်မြို့ကို ကျွန်မတို့ ကျောင်းသားအားလုံးကို တစ်ညအိပ် နှစ်ရက်ခရီးအနေနဲ့ လိုက်ပို့ပါတယ်။ ကျွန်မရဲ့ ပထမဆုံးခရီးစဉ်ပါ။ လွန်ခဲ့တဲ့ ၄ နှစ်ကပါ။ နိုင်ငံခြားသားကျောင်းသားချည်းပဲ ၂၀ဝ ကျော် အတူအကွခရီးသွားခဲ့ရလို့ ပျော်စရာလဲကောင်း ပထမဆုံးခရီးစဉ်လဲဖြစ်တာကြောင့် စိတ်လဲလှုပ်ရှားနဲ့ ဗဟုသုတအတော်များများရခဲ့ပါတယ်။ ကားနဲ့သွားတာဖြစ်လို့ လမ်းခရီးသာယာပုံတွေကိုမြင်တွေ့ခဲ့ရပါတယ်။ တခြားမမြင်သင့်တာတွေလဲ မြင်တွေ့ခဲ့ရပါတယ်။ ကားက ရ နာရီခန့်စီးရတာဆိုတော့ လမ်းမှာ အပေါ့အပါးသွားဖို့ ရပ်ပေးပါတယ်။ အများသောအားဖြင့် ဓါတ်ဆီဆိုင်တွေမှာရပ်တယ်။ အဲဒီမှာ စတွေ့တော့တာပဲ။ မိုးကလဲ ဖွဲဖွဲရွာနေတော့ တစ်ကားလုံးကလဲ အပေါ့သွားချင်နေပြီပေါ့။ ကားလဲရပ်ရော ဝမ်းသာအားရ အိမ်သာထဲဝင်လိုက်တာ မျက်စိပြာသွားတယ်။ အိမ်သာအခန်းတွေကို တန်းစီထားပေမယ့် တံခါးမပါဘူး။ နံရံဘက်ကို မျက်နှာလှည့်ပြီး နောက်ပိုင်းကျတော့ ဟောင်းလောင်းပေါ့။ အောက်ကမြောင်းနဲ့ထားပြီး […]