ခဏလောက်ပဲ အချိန်ပေးပါ . ဖတ်ဖြစ်အောင်တော့ ဖတ်ပါ

zaylayJune 14, 20103min733

> (၁) ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း
>
> ————————————————————————
> (က)
> ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊
> ငွေ ၃-၄-၅သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ၊ ငပလီ၊မောင်းမကန် တို့ကိုသွားပြီး
> ရေငံငံတွေရှီတဲ့ပင်လယ်ကိုသွားကြည့်ပါတယ်၊၊ဇိမ်ခံကြပါတယ်၊၊
> ငါတော့မသေခင်ငါတို့ကိုးကွယ်တဲ့ဗုဒဘုရားရှင်ပွင့်တော်မူခဲ့သောဗုဒ္ဓဂါယာကို
> သွားဖြစ်အောင်သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆိုတာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊
>
> (ခ)
> ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊
> ခေတ်တွေတိုးတက်နေပါပြီဆိုပြီးကလပ်တွေတက်ပါတယ်၊အရက်-ဘီယာသောက်ပါတယ်၊
> ဝိုင်သောက်ပါတယ်၊ပန်းခြံတွေမှာရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါတယ်၊၊
> ကိုယ့်ကိုကိုယ်မိန်းမဆိုတာကိုသတိမရကြပါဘူး၊၊သူတို့တွေရဲ့မြင်ကွင်းတွေဟာ
> INTERNET မှာVIDEOများ၊ဓါတ်ပုံများအဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊
>
> စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား
> စတဲ့နိုင်ငံတွေကိုပညာသင်ကြားဖို့အတွက်ဖြစ်စေ၊အလုပ်လုပ်ဖို့ဖြစ်စေ
> သွားရောက်နေသောမြန်မာအမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသော မိန်းမဆိုးများကိုသာ
> ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မကတန်ဖိုးထားစောင့်ထိန်းပြီး
> စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သောမိန်းကလေးများ၊
> မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့်အိန္ဒြေသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော
> တန်ဖိုးထားဂုဏ်ယူထိုက်သည့်မြန်မာအမျိုးသမီးကောင်းများ မပါ-ပါ၊၊
> အမှန်တကယ် ရှိပါတယ် အဲ့လိုမိန်းကလေးတွေနာမည်နှင့်တပ်ပြောလျှင်
> သူတို့ရဲ့ personal ကိုထိခိုက်မှာစိုးလို့ပါ၊၊)
> အဲ့ဒီမှာသင်္ကြန်-NEW YEAR စတဲ့ရက်တွေမှာသောက်ကြ၊စားကြ၊ကကြခုန်ကြနဲ့ ပျက်စီးနေကြ
> ပါတယ်၊၊ ရည်းစားထားပြီး LIVING TOGETHER နေထိုင်ကြပါတယ်၊၊
> တစ်ချို့သောငွေကြေးမတတ်နိုင်သော အမျိုးသမီးများသည်အခကြေးငွေယူပြီး
> လုပ်ကိုင်စားသောက်ပါတယ်၊၊
> အဲ့လိုအကျင့်ပျက်မိန်းကလေး တွေကြောင့်နိုင်ငံဟာတော်တော်သိက္ခာကျပါတယ်၊၊
> passport ထပ်ရင်တောင် မြန်မာဆိုရင် နောက်ဆုံးကထားတယ်တဲ့၊၊
> အဲ့ဒီစကားလေးကို စင်္ကပူက လူတစ်ယောက်ကိုယ်တိုင်ပြောတာပါ ၊၊
> မယုံရင်mr.styl…@gmail.com မှာ တောင်းယူလို့ရပါတယ်၊၊
> ပြီးရင် ပြန်လာတဲ့အချိန်မှာအဲ့ဒီရွှံပိတ်များအား မြန်မာအမျိုးသားများက
> ထမ်းကြရပါတယ်၊၊
> သိပ်ပြီးရွံစရာကောင်းသောလုပ်ရပ်များဖြစ်ပါတယ်၊၊
> သက်သေအနေနဲ့ဓါတ်ပုံပေါင်းများစွာ၊video ပေါင်းများစွာရှိပါတယ်၊၊
> ဒါ့ကြောင့် မြန်မာအမျိုးသမီးကောင်းများစွာထဲကအဲ့ဒီအကျင့်ပျက်၊မိအုပ်ဖအုပ်မရှိသောအမျိုးသမီးဆိုးများ
> ထိန်းသင့်ပါပြီ၊၊ရှက်သင့်ပါပြီ၊၊
>
> ကျွန်တော်တို့ Programming Lunguage နဲ့နမူနာယူပြီးစဉ်းစားကြည့်ရအောင်၊၊
> နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး၊စစ်ရေး၊လူအင်အား၊သိပံ့ပညာရပ်တွေဟာ Variables
> တွေနဲ့တူပါတယ်၊၊သူတို့ဟာပြောင်းလဲနိုင်ပါတယ်၊၊ပြင်နိုင်ပါတယ်၊၊
> အဲ.ယဉ်ကျေးမှုကတော့ Data Typeလိုပဲprogramရဲ့အစမှာကြေငြာထားတဲ့အတိုင်း
> အမြဲတည်ရှိနေမှာဖြစ်ပါတယ်၊၊သူဟာ Constant ပါ၊၊အော် ဒါဆို ကျွန်မတို့က
> ထမီနဲ့ ရင်ဖုံးအကျင်္ီဝတ်ပြီး
> အလုပ်လုပ်ကြရမှာလား လို့ဆိုဖွယ်ရာရှိပါတယ်၊၊
> လာမရောပါနဲ့၊၊ တစ်ခြားစီပါ အဓိပ္ပါယ်ချင်း၊၊ သို့သော် အေးမြတ်သူလိုတော့
> နောက်ကျောလိပ်ပြာမကပ်နဲ့ပေါ့ဗျာ၊၊ မိုးဟေကိုလောက်လဲ မပွင့်လင်းကြနဲပေါ့၊၊
> ရေကူးတာလဲကူးပေါ့ သင်ဇာဝင့်ကျော်လိုတော့ ရေမကူးနဲ့ပေါ့၊၊
> ရေခဲမှုန့်ကတော့မြန်မာနိုင်ငံလိုပူအိုက်လွန်းတဲ့နိုင်ငံမှာ စားကြတာပါပဲ….သို့သော်
> စန္ဒီမြင့်လွင်လို့တော့ ရေခဲမှုန့်မစားနဲ့ပေါ့၊၊ ဒါပါပဲ ၊၊
> အရင်တုန်းကမိန်းကလေးတစ်ယောက်က ထမီပြင်ဝတ်ရင် လူမရှိတဲ့ဘက်ကို
> လှည့်ပြီးလုံခြုံသေသပ်စွာနဲ့ဝတ်ပါတယ်၊၊အဲ့ဒါကိုများ ခိုးကြည့်မိရင် နှာဘူးကြီး
> ဘာကြီးဆိုပြီးတော့ မျက်စောင်းပေါင်းများစွာအထိုးခံ ရပါတယ်၊၊
> ကျွန်တော်တို့မှာကြည့်ချင်သော်လည်း မကြည့်ရဲပါဘူး၊၊
> ကျွန်တော်တို့ ၉တန်း ၁ဝ တန်းလောက်အထိပေါ့၊၊
> ခုတော့ အဲ့လိုမဟုတ်ဘူး၊၊ ဟိုနားဖော် ဒီနားဖော်နဲ့၊၊
> တစ်ချို့ဆိုပေါင်အထက်မှာဝတ်တယ် ၊၊
> သူတို့ကိုသူတို့တော့ ခေတ်မှီတယ်ပေါ့ ဆိုလိုချင်တာက၊၊
> ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင်များက ရှေ့ဆောင်လမ်းပြလုပ်နေကြတာလဲပါပါတယ်၊၊
> အရင်ကမြန်မာကားမှာ နမ်းတယ်ဆိုရင် အဝေးကနေ ကင်မရာနဲ့ နှစ်ယောက်ကိုထပ်ပြီးပြပါတယ်
> ဟက်ကက်နဲ့ဇင်ဇင်ဇော်မြင့်သရုပ်ဆောင်ထားတဲ့သီချင်းတစ်ပုဒ်ရှိပါတယ်
> အယ်လွန်းဝါဆိုတာလားတော့
> မသိဘူး၊၊ ခု တော်တော်တိုးတက်လာပါပြီ၊၊လူမင်း၊အိန္ဒြာကျော်ဇင်၊အေးမြတ်သူ၊ခရစ္စတီးနား
> ၊ညီနန္ဒ တို့ပါဝင်သရုပ်ဆောင်ထားတဲ့” ပဉ္စမံအနမ်း “ဆိုတဲ့ဇာတ်ကားမှာ
> လက်လောက်တော့ နမ်းလို့ရလာပါပြီ၊၊
>
> (ဂ)
> ယောကျင်္ားလေးများကလဲထိန်းသင့်ပါတယ်၊၊
> ကိုယ့်ရဲ့နှမများလိုသဘောထားပြီးစောင့်ထိန်းသင့်ပါတယ်၊၊တွေ့သမျှမိန်းကလေးတွေကို
> ကိုယ့်မြန်မာအမျိုးသမီးလေးတွေပါလား ဆိုတဲ့အသိနဲ့ ချက်တင်လောကထဲကဆွဲထုတ်ရမဲ့အစား၊
> ပိုပြီးနစ်အောင်နှစ်နေတဲ့သူတွေက တစ်ပုံကြီးပါ၊၊
> တစ်ချို့ဆိုရည်းစားထားပြီး ဟိုပစ္စည်းမှာ ဒီပစ္စည်းမှာနဲ့
> ယောကျင်္ားမတန်မဲ့ပိုင်းလုံးလုပ်နေတာတွေ
> သိပ်ပြီးရှက်ဖို့ကောင်းပါတယ်သိပ်ပြီးအောက်တန်းကျပါတယ်၊၊
> လက်တော့ မှာတဲ့သူနဲ့ ၊ ဖုန်းမှာတဲ့သူနဲ့ ၊၊
> ပါးရိုက်သတ်ဖို့ကောင်းတယ်၊၊တစ်ချို့ကတော့ မိန်းကလေးတွေကို ပထမခင်အောင်ပြောတယ်
> ပြီးရင် sexy word တွေကိုလှည့်ပတ်ပြောပြီး မိန်းကလေးများစိတ်ပါအောင်
> ကြံဖန်ပြီးပြောတယ် ဖျက်စီးတယ်
> အဲ့လိုမျိုးတွေယုတ်မာရိုင်းစိုင်းအောက်တန်းကျကြပါတယ် ၊၊
> ” ငါတို့ကယောကျင်္ားတွေပဲ ဥပုဒ်စောင့်တဲ့ ကျားရှိလို့လား ”
> ဆိုပြီး အကြောင်းပြချက်မပေးပါနဲ့ ၊၊ အဲ့ဒါ မိမဆုံးမ ဖမဆုံးမ
> လမ်းကြိုလမ်းကြားမှာ ပြည့်တန်ဆာနဲ့ အမည်မသိဘိန်းစားနဲ့
> မျိုးစပ်ပြီးပေါက်ဖွားလာတဲ့ ကလေကချေတွေ ပေးတဲ့ အကြောင်းပြချက်တွေပါ ၊၊
> တစ်ချို့သော မိန်းကလေးတွေဆိုရင် အဲ့ဒါတွေကြောင့်ပဲ ချက်တင်ကိုအစွဲကြီးစွဲပြီး
> ချက်တင်ဆိုတဲ့နွံက နှုတ်ခေါင်းမြုပ်နေတာ အများကြီးပါ၊၊အဲ့လိုလူမျိုးတွေကို
> ခွေးကမွေးတဲ့ အောက်တန်းစားများအဖြစ်သတ်မှတ်ပြီး
> ရှောင်သင့်ပါတယ်မိန်းကလေးများအနေနဲ့၊၊
> သို့သော် ပြောသာပြောရတာပါအဲ့လိုပြောစားလာတဲ့ယောက်ျားတွေကလဲ သဘာကရင့်နေပါပြီ
> ပြီးတော့ မိန်းကလေးတွေကလဲအဲ့လိုပြောတဲ့သူတွေကိုမှ ပိုပြီးကြွေသလားတော့
> မပြောတတ်ဘူးပေါ့
> တော်တော်သဘောကျကြပါတယ် ၊၊ တစ်ချို့သော အမျိုးသမီးများ၏ ဟာလာဟင်းလင်း
> ဓါတ်ပုံပေါင်းများစွာဟာ ကျွန်တော်တို့ရဲ့ကွန်ပျူတာတိုင်းမှာ ရှိပါတယ်၊၊
> တော်တော်အရှက်နဲတဲ့ မိန်းမတွေပါ VZO ကနေတစ်ဖက်က ယောကျင်္ားလေးတစ်ယောက်ကို
> မျိုးစုံလုပ်ပြပါတယ် အကုန်ပြပါတယ် ကျွန်တော်ကတော့
> အဲ့မိန်းမတွေရဲ့မျက်နှာကြီးတွေကို အပြင်မှာသာတွေ့လို့ကတော့
> မျက်နှာကိုပြေးကန်မိမှာ အမှန်ပဲ ရွံလွန်းလို့ အော့နှလုံးနာလွန်းလို့ ၊၊
> အဲ့ဒါလား မြန်မာဗုဒ္ဓဘာသာအမျိုးသမီး တွေ ဆိုပြီးတော့ စောင့်ကန်ပစ်ချင်တာ ၊၊
> အဲ့တော့ မြင့်မြတ်တဲ့မြန်မာအမျိုးသမီးကောင်းများအနေနဲ့ အဲ့လိုပုပ်နေတဲ့
> ငခုံးမတွေ(မိန်းမများ)ကိုလဲရှေင်ကြဉ်ပါ ၊၊
> ပြီးရင်ပုပ်နေတဲ့ငခုံးမ(အထီးတွေ)ကိုလဲ သတိထားပြီး ရှေင်ကြဉ်ပါ၊၊
> အပေါင်းအသင်းမလုပ်ကြပါနဲ့ လို့ နှမရှိတဲ့ အကိုတစ်ယောက်အနေနဲ့ရော
> မြန်မာနိုင်ငံကို ဘက်စုံမှာတိုးတက်စေချင်တဲ့သူတစ်ယောက်အနေနဲ့ရော သတိပေးပရစေ၊၊
>
>
> (၂)စိတ်ဓါတ်ရေးရာအရ သုံးသပ်ချက်
> ——————————————————————-
> (က)
> မြန်မာတွေဟာကိုယ်ပိုင်-ကိုယ်တိုင် အသစ်အဆန်းများအားတီထွင်လိုစိတ်မရှိခြင်း ၊
> အခြားနိုင်ငံများရဲ့တီထွင်ပေးမှုများကိုသာအဆင်သင့် သုံးချင်ကြသော
> လူဖျင်းလူနုံလူအများဖြစ်နေခြင်း၊၊ ပျင်းရိခြင်း၊၊
> တော်သည့်လူများချွန်ထွက်လာပြီဆိုရင်လဲ အဲ့ဒီလူကိုဘယ်လို
> နှိပ်ကွပ်ရမလဲဆိုတာပဲစဉ်းစားကြပါတယ်၊၊
> နမူနာပြောပြမယ်၊၊ အိုင်းစတိုင်းဟာ ပန်းသီးလေးတစ်လုံးကြွေကျတာကို ကြည့်ပြီး
> ထိုင်စဉ်းစားနေလို့ အင်မတန်အသုံးဝင်တဲ့များစွာအကျိုးကျေးဇူးတွေ
> ဖြစ်လာစေမဲ့ formula တစ်ခုကို ရရှိခဲ့ပါတယ်၊၊တို့ဆီမှာ တကယ်လို့များ
> လူတစ်ယောက်က အဲ့လိုထိုင်စဉ်းစားနေရင် ခုဒီစာကိုဖတ်နေတဲ့
> လူကြီးမင်း ဘယ်လိုတွေးမလဲ၊၊ဂျက်လီဟာ ကွန်ဖူးကို တရုတ်ပြည်တစ်ပြည်လုံးမှာ
> ပထမရအောင် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ဒါ့ကြောင့် သူ့ကို မင်းသားတင်ရိုက်တယ်၊၊
> နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာပါတယ်၊၊
> ဘရုစလီဟာ ဗိုက်ပေါ်ကိုကားနင်းတာခံပြခဲ့ပါတယ်၊၊အနီးကတ် ထိုးချက်ဆိုတဲ့
> အဇုတ္တနဲ့ ဗဟိဒ္တ ပေါင်းစပ်ထားတဲ့ထိုက်ကျိကို အခြေခံတဲ့
> သိုင်းပညာတစ်မျိုးနဲ့ အခြားတရုတ်ရိုးရာ
> သိုင်းပညာများစွာကို ဖော်ထုတ်ပြသခဲ့ပါတယ်၊၊ဒါ့ကြောင့်လဲ သိုင်းလို့ပြောရင်
> တရုတ်ကို လူတိုင်းသိကြပါတယ်၊၊အဲ့လိုမျိုး သူတို့ဆီမှာ အားပေးအားမြှောက်
> ပြုကြပါတယ်၊၊ တို့နိုင်ငံမှာ သိုင်းသင်နေတဲ့ လူတစ်ယောက်ကို ငပေါကြီး ငရူးကြီး
> စသဖြင့်ပြောကြပါတယ် နှိမ့်ချချင်ကြပါတယ်၊၊တရုတ်ကားတွေထဲမှာ ပါတဲ့
> အကြောပိတ်-အကြောနှိပ်ပညာဆိုတာ တကယ်ရှိပါတယ် အဲ့ဒါဟာ တို့မြန်မာ့ရိုးရာ
> ဗန်တိုပညာ၊ ရှမ်းကြီးသိုင်း၊ပွဲကျောင်းသိုင်း ဆိုတဲ့ပညာရပ်တွေထဲမှာ ပါပါတယ်၊၊
> တရုတ်က ဗောဓိဓမ္မ(တရုတ်လို ဆရာတော်တာမို)ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးက
> မြန်မာတို့ရဲ့ ပွဲကျောင်းသိုင်းနဲ့ နန်းသိမ်းခုံ(ယခု ရှမ်းကြီးသိုင်း)ကို
> တိဗက်မှာ သင်ယူခဲ့ပြီး သူ့နိုင်ငံကိုရောက်တဲ့အချိန်မှာကျန်းမာရေးနဲ့လဲညီညွတ်အောင်၊
> ဘုန်းကြီးတွေလဲ တရားကျင့်တဲ့အချိန်မှာမငိုက်မြည်းအောင်ဆိုပြီး
> ပုံစံတစ်မျိုးနဲ့ထွင်ပါတယ် ၊၊
> သူ့ကျောင်းရဲ့နာမည်ကိုအစွဲပြုပြီး အဲ့သိုင်းကို ရှောင်လင်လို့ခေါ်ပါတယ်၊၊
> အဲ့တော့ တို့မြန်မာတွေသိပ်ပြီးတော်ပါတယ်၊၊ အဲ့လို ကိုယ့်ဟာက သူများဟာဖြစ်သွားအောင်
> တော်တဲ့သူတွေကိုနှိမ့်ချနိုင်စွမ်းရှိပါတယ်၊၊ ပြီးတော့ တစ်ခုရှိသေးတယ်၊၊
> မင်းတုန်းမင်းခေတ်ကပါ၊၊ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို
> ကျူးကျော်နေတဲ့အချိန်ပါ၊၊ မြန်မာတွေအနေနဲ့ လက်နက်အင်အားနဲ့နည်းပညာမှာ
> အင်္ဂလိပ်ကိုမမှီလို့ သိပ်ပြီးအခက်အခဲတွေ့နေရတဲ့ အချိန်ပါ၊၊ အဲ့တုန်းက အင်္ဂလိပ်က
> မြန်မာနိုင်ငံထဲကိုဝင်ရင် ရေကြောင်းကပဲ ဝင်နိုင်ပါတယ်၊၊ အဲ့အချိန်မှာ
> ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့ ကနောင်မင်းသားကြီးတို့ဟာ
> ရေမြှုပ်ဗုံးထွင်နေကြတဲ့အချိန်ပါ၊၊ သူတို့ ထွင်ထားတာပြီးသွားတဲ့အချိန်မှာ
> အောင်ပင်လယ်ကန်ကို နှစ်ယောက်သားသွားပြီးစမ်းသပ်ကြပါတယ်၊၊ အရင်ဆုံး
> ကနောင်မင်းသားကြီးဟာ ဗုံးတစ်လုံးကို ကန်ထဲပစ်ချလိုက်တော့ ဝုန်းဆိုတဲ့
> အသံကျယ်ကြီးနဲ့အတူ ပေါက်ကွဲထွက်သွားပါတယ် သူတို့အရမ်းကိုပျော်ပြီး
> ကနောင်ကဦးဘိုးလှိုင်ကို ” ကျုပ်တို့
> အင်္ဂလိပ်ကိုချောင်ပိတ်ပြီးစိစိညက်ညက်ချေပစ်နိုင်ပြီ”
> လို့ ပြောလိုက်ပါတယ်၊၊ သူတို့စမ်းသပ်နေတုန်းအချိန်က နန်းတွင်းထဲမှာ မင်းတုန်းမင်းက
> ဘုန်းကြီးတွေကိုဆွမ်းဖိတ်ကျွေးနေတဲ့အချိန်ပေါ့၊၊ ကနောင်နဲ့ ဦးဘိုးလှိုင်တို့
> ပျော်ရွင်စွာနဲ့ပြန်လာကြတဲ့အချိန်မှာ နန်းတော်တံခါးဝကိုရောက်တော့
> လှိုင်ထိပ်ခေါင်တင်နဲ့ တွေ့တယ် ၊၊
> ကနောင်က ” နှမတော် ခုဏက အသံတွေအကိုတော်ကြားလား သူဘာပြောလဲ” လို့
> မေးလိုက်တယ်၊၊ သူကတော့မင်းတုန်းမင်းကြီးလဲပျော်မယ်ထင်တာပေါ့၊၊
> လှိုင်ထိပ်ခေါင်တင်ပြောတာက ”
> အဲ့အချိန်တုန်းက မင်းတရားကြီးက ဘုန်းကြီးဆွမ်းကျွေးလုပ်နေတာတဲ့၊ ဘုန်းကြီးတွေက
> အဲ့ဗုန်းကွဲသံကို ကြားတော့ ရေထဲကသတ္တဝါတွေဒုက္ခရောက်တော့မယ်ဆိုပြီး
> ဆွမ်းစားတာချက်ချင်းရပ်ပြီး ပြန်ကြွသွားကြ တယ်တဲ့၊အဲ့ဒါနဲ့ မင်းတရားကြီးက
> ကနောင်နဲ့ဦးဘိုးလှိုင်ရဲ့ ရေမြှုပ်ဗုံးကိုတားမြစ်ပါမယ်ဆိုပြီး ကတိပေးလိုက်ရတယ်တဲ့”၊၊
> အဲ့အခါမှ ကနောင်မင်းသားကြီးကဝမ်းနည်းစွာနဲ့ ဦးဘိုးလှိုင်ကို ”
> ကျုပ်တို့တွေ သူ့ကျွန်ပဲ လုပ်ကြပါစို့ှဗျာ”
> တဲ့၊၊ ၁၂၄ဝ ခုနှစ် အင်္ဂလိပ်အရာရှိမှတ်တမ်းတွင် ”
> သတင်းပေးသူမှတ်တမ်း”ဆိုတဲ့စာအုပ်မှာ
> မြန်မာတို့သည် ရိုင်ဖယ်သေနတ်များနှင့်တော်ပီဒိုရေမြှုပ်ဗုံးများ
> လုပ်ကိုင်နိုင်ပြီလို့ ဖော်ပြထားပါတယ်။
> ဒါကိုကုန်းဘောင်ရှာပုံတော် ဆိုတဲ့စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်၊၊
> အဲ့ဒီလိုတို့မြန်မာတွေဟာ တော်တဲ့သူတွေကို အားပေးအားမြှောက်လုပ်မှု နည်းပါးကြပါတယ်၊၊
>
>
> (ခ)
> မိမိကိုယ်ကိုအထင်သေးသိမ်ငယ်တတ်ပြီး
> တိုင်းတစ်ပါးကိုစွတ်အထင်ကြီးတတ်သောလူဖျင်းလူနုံများ၊ဆန်ကုန်မြေလေးများ
> တစ်နေ့တစ်ခြားတိုးတက်များပြားလာခြင်း၊၊
> အဆိုတော်လောကမှာစိုင်းစိုင်းခမ်းလှိုင်တို့၊ကြက်ဖတို့ ကျော်ထွဋ်ဆွေ
> တို့ဆိုတဲ့ကောင်တွေဟာ အောက်တန်းစားတွေပါ၊၊
> စိုင်းစိုင်းခမ်းလှိုင်ဟာသူများနိုင်ငံက သီချင်းတွေကို copy
> လုပ်ပါတယ်၊၊ပြီးရင်ဆိုုတယ် ၊၊
> ဒီအထိအောင်ပြဿနာ မရှိသေးဘူး၊၊ ခုနောက်ပိုင်း သီချင်းတွေမှာ မိုက်ရိုင်းတဲ့ အထာတွေ၊
> အောက်ပိုင်းစကားလုံးတွေ ပါလာပါပြီ၊၊ရွံစရာသိပ်ကောင်းတယ်၊၊ အဲ့ဒါကိုပဲ သူ့ရဲ့
> show ပွဲလာကြည့်တဲ့ အောက်က မိန်းမတွေက လက်ကြီးတွေကို အပေါ်ထောင်ပြီး
> ယမ်းနေကြရတာနဲ့၊တဟေးဟေးတဟားဟားနဲ့အော်ဟစ်နေလိုက်ကြတာကို၊၊
> နောက်တစ်ခုရှိသေးတယ်၊၊”
> ဒီထဲမှာဂျီဆွီးကြိုးဝတ်ထားတဲ့စော်ဘယ်နှစ်ယောက်ပါလဲဆိုတာ” လေ၊၊
> အဲ့လိုပြောလိုက်တဲ့ အချိန်မှာအောက်ကကောင်မလေးတွေ အရမ်းသဘောကျသွားကြတာ
> တဟေးဟေးတဟားဟား နဲ့၊၊ကြည့်စမ်း ဘယ်လောက်မိုက်ရိုင်းလဲ ၊၊
> ကြက်ဖတို့ ကျော်ထွဋ်ဆွေတို့ဆိုတဲ့ကောင်တွေဆိုထားတာ တရားဝင်မဟုတ်တဲ့ခွေတွေပေါ့ ၊၊
> တကယ်ကို ညစ်ညစ်စုတ်စုတ်တွေ သီချင်းလုပ်ဆိုထားတာပါ၊၊
> သူတို့မှာအဲ့ဒါကိုဆုံးမပေးမဲ့ အဖေတွေအမေတွေ မရှိဘူးလား၊၊ ရှိတယ်ဆိုရင်ရော
> သူတို့ရဲ့မိဘတွေက မဆုံးမလို့လား သူတို့မှာ နှမတွေအမေတွေမရှိဘူးလား၊၊
> တော်တော်ပက်စက်တယ် အဲ့ကောင်တွေက လူကမွေးတဲ့ ခွေးတွေ၊၊ အဲ့တော့
> အဲ့လိုလူကမွေးတဲ့ခွေးတွေဆိုတဲ့ show ပွဲတွေမှာများ သွားကြည့်ပြီး အောက်ကနေ
> လက်ကြီးတွေအပေါ်ကိုထောင်ပြီး
> ဝှေ့ယမ်းနေကြတာ၊ဟိုဘက်ကိုယိမ်းလိုက်၊ဒီဘက်ကိုယိမ်းလိုက်နဲ့၊၊
> ဦးထုပ်ကို ရှေ့မကျ-နောက်မကျဆောင်းတယ်၊ဘောင်းဘီကိုအပွကြီးတွေဝတ်တယ်
> အင်္ကျီလက်က လက်ဇကောဇကနဲ့၊၊ လက်တွေလည်ပင်းတွေမှာပတ်ထားတာတွေက
> လမ်းဘေးမှာချရောင်းတဲ့ ၅ရာတန် ၆ရာတန်တွေ၊၊
> သူများနိုင်ငံက ကောင်တွေက ကိုယ်လုံးကိုယ်ပေါက်က တောင့်တယ်၊၊
> အဲ့ဒီရပ်ပါဆိုတဲ့ ကပလီကြီးတွေဘာတွေကိုကြည့်ပါလား၊၊ အားကစားလဲလုပ်တယ် သူတို့က၊၊
> သူတို့ဆွဲတဲ့ သံဆွဲကြီုးတို့၊လက်မှာပတ်တဲ့ လက်ပတ်တို့ဆိုတာတွေက အနည်းဆုံး
> ဒေါ်လာ၂၀၀ဝ ကျော်တန်တယ်၊၊အဲ့ဒါကိုလိုက်တုပြီး လမ်းဘေးကဟာကိုဝတ်ကြနဲ့၊၊
> မရှိရင် မဝတ်နဲပေါ့၊၊
> Akonဆွဲတဲ့သံဆွဲကြိုးကြီးမြင်ဖူးလား အဲ့ဒါ ဒေါ်လာထောင်နဲ့ချီတန်တယ်၊၊
> အဝတ်အစား၊တန်ဆာဆိုတာ ဈေးကြီးမှမဟုတ်ဘူး၊ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်အောင်
> ဝတ်ရတာ၊၊ပြီးရင် ကိုယ်က ဒီဇိုင်းတစ်မျိုးထွင်ပြီးဝတ်တယ်ဆိုရင်လဲ
> အဲ့ဒီဒီဇိုင်းနဲ့လိုက်အောင်
> ဆံပင်ကိုပြင်ရတာတွေရှိသေးတယ်၊ဘယ်ပုံစံဝတ်ရင်ဘယ်လိုမျိုးလမ်းလျှောက်မှ
> လိုက်တာဆိုတာရှိတယ်၊၊ ဥပမာ ဂျင်းထည်တွေကိုဝတ်ရင်ဂျင်းသည်
> အမာသဘောကိုဆောင်လို့ သူနဲ့တွဲရမဲ့ accessories တွေဆိုရင်
> ဆွဲကြိုးဆိုသံထည် 925 မှ ဘာမှနဲ့ သတ်မှတ်ထားတာတွေရှိ်တယ်၊၊
> ဖတ်ပါ fashion စာအုပ်တွေ၊၊ဒါ့ကြောင့် အလိမ္မာ စာမှာရှိတဲ့၊၊ စာမှာ ဘာမဆိုရှိတယ်၊၊
> fashion ဆိုတာ သူများမဝတ်တာကိုဝတ်တာ fashionမဟုတ်ဘူး၊၊
> ကိုယ်နဲ့လဲလိုက်ရမယ်၊ဆန်းလဲဆန်းသစ်ရမယ်၊အရောင်စပ်ဟပ်မှု၊
> accessories ချင်းဆက်စပ်ရာမှာ လိုက်ဖက်မှု ဒါတွေနဲ့ပေါင်းမှfashionပါ၊၊
> အဲ့တော့ မြန်မာနိုင်ငံက ရပ်ပါတွေရဲ့ဝတ်တာစားတာတွေဟာ
> အတုယူသင့်သလားဆိုတာကိုစဉ်းစားပါ၊၊
> အကောင်းဆုံးက သူများကိုလိုက်တုမဲ့အစားကိုယ်ပိုင်ထွင်တာပိုကောင်းပါတယ်၊၊
> သူများstyleကိုလိုက်တုတယ်ဆိုတာရှက်စရာကောင်းပါတယ်၊၊
> ခုဆိုကြည့် အကယ်ဒမီမင်းသားချင်းအတူတူ လူမင်းက ဘောင်းဘီမှာ ကြိုးတပ်ဝတ်တာနဲ့ပဲ
> မင်းမော်ကွန်းကလိုက်တုပြီး ဘောင်းဘီမှာကြိုးတပ်ဝတ်တယ်၊၊
> ကြိုးတပ်ဝတ်တဲ့ဘောင်းဘီက
> ဂျင်းရိုးရိုး၊အောက်ကညှပ်ဖိနပ်၊အပေါ်ကြည့်လိုက်တော့ ဂျင်းဂျာကင်ကို
> လက်အဖျားခေါက်ဝတ်ထားတယ်၊၊
> မင်းသမီးဆိုရင် အိန္ဒြာကျော်ဇင်တို့ဝတ်တာစားတာတွေကြည့်ပါ၊၊ သိပ်ပြီး fashion ကျတယ်၊၊
> ဒါ့ကြောင့် သူများ style တွေ သူများနိုင်ငံတွေကို
> နေရင်းထိုင်ရင်အထင်ကြီးအတုယူနေမဲ့အစား
> ကိုယ်ပိုင် ကြိုးစားဖတ်မှတ်ပြီးသင်ယူကြပါ ပြီးရင် တီထွင်ကြပါ၊၊ပြီးရင်
> underground အက၊၊ဟိုက သူတို့ရဲ့
> ပါရာနာဝေးသိုင်းနဲ့တွဲပြီးက သွားကြတာ၊၊ကြည့်ကောင်းတယ်၊၊
> တို့ဆီကဘိန်းစားလက်မောင်းနဲ့ ပုလွေရိုးခြေသလုံးပိုင်ရှင်တွေက လိုက်ကတာဘယ်လိုနေလဲ၊၊
>
>
> (ဂ)
> ထက်မြက်ပြီးတော်သောလူငယ်များမှာစီးပွားရေးကြောင့်ဖြစ်စေ၊
> အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေပေါ်ထွက်လာနိုင်ခြင်းမရှိပဲ
> အလကားအကျိုးမရှိသော လူပိုများသာ
> ငွေဂုဏ်ကြောင့်ဖြစ်စေ၊ လာဘ်ထိုးပြီးဖြစ်စေပေါ်ထွက်လာခြင်း၊၊
>
>
> (ဃ)
> ယနေ့ INTERNET ကိုတော်တော်များများသုံးနေကြပါပြီ၊၊
> သို့သော်ဝမ်းနည်းစရာကောင်းသည်မှာ
> အကျိုးရှိသည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊ Sexy Words
> တွေပြောပြီး ကျေနပ်ဖို့
> စတဲ့မဟုတ်တဲ့နေရာတွေမှာအသုံးချနေကြတာပါပဲ၊၊မြန်မာရဲ့ အဓိကအားနည်းချက်က
> အဲ့ဒါပဲ၊၊မဟုတ်တဲ့နေရာမှာသိပ်ပြီး ချွန်တယ်၊၊ ၁ နာရီမှ
> ၂၀၀-၃၀ဝလောက်ပေးရသော INTERNET ကို
> အကျိုးရှိရှိအသုံးချမယ်ဆိုရင်ရတနာသိုက်ကြီးပါ၊၊ လိုချင်တာလေ့လာချင်တာ အကုန်ရတယ်၊၊
> ရှာစမ်းပါ GOOGLE ကနေ၊၊စာအုပ်တွေရှာ ဖတ်၊လေ့လာ၊၊လုပ်စမ်းပါ၊၊ အလိမ္မာ စာမှာရှိတဲ့၊၊
> ခုတော့အဲ့လိုမဟုတ်ဘူး၊၊ ၃-၄-၅ နာရီလောက် ထိုင်ပြီး
> တွေ့သမျှ(စော်-ဘဲ)နဲ့ထိုင်ချက်နေကြတယ်၊၊
> အသက်အရွယ်ကြီးပြီးတောင်းစားနေတဲ့အဘိုးကြီးအဘွားကြီးတွေကိုကျတော့ လာတောင်းရင်မရှိဘူး
> ပြောလွှတ်ရတာနဲ့၊အစုတ်ဆုံးနဲ့ တန်ဖိုးအသေးဆုံးပိုက်ဆံကိုရွေးပြီး ထည့်ရတာနဲ့ ၊၊
> ဘယ်နိုင်ငံမှာမှ အဲ့လိုမချက်ပါဘူး၊၊ ချက်ဖို့လဲ အချိန်မပေးပါဘူး၊၊
> အလုပ်ချိန်မှာ အလုပ်လုပ်တယ်၊၊ နားချိန်မှာ ကောင်းကောင်းနားတယ်၊၊
> မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာNET အရမ်းကောင်းပါတယ်၊၊
> သို့သော် သူတို့တွေ ဒို့ဆီက မြန်မာတွေလိုမချက်ပါဘူး၊၊ လိုအပ်မှ သုံးပါတယ်၊၊
> ဒို့မြန်မာတွေကတော့ အဲ့လိုမဟုတ်ပါဘူး၊၊နားကြပ်ကြီးတွေ တပ်ပြီး တစ်နေကုန်
> ဖင်ပူအောင်ထိုင်၊ တွေ့သမျှ ဆန့်ကျင်ဘက်(gender ) များနဲ့ချက် နေလိုက်ကြတာကို
> လေယဉ်မောင်းနေတဲ့ပိုင်းလော့ကြီးတွေ ကျနေတာပဲ၊၊ တစ်ချို့ဆိုရင် အဲ့ဒီ INTERNET
> ဆိုင်ကရောင်းတာကိုစားပြီး တစ်နေကုန်ထိုင်ချက်ပါတယ်၊၊
> လက်တွေ့နားနဲ့ဆက်ဆက်ကြားနေရတာတွေရှိပါတယ် နစ်ကိုကြိုက်တဲ့အချိန်ဖွင့်၊
> အမြဲတမ်းအွန်လိုင်းပဲ၊၊ပြီးရင် စကားကို အကောင်းမပြောဘူး၊၊
> နှမရှိတဲ့ ကျွန်တော့်အနေနဲ့ ကိုယ့်နှမသာဆိုရင်ဆိုတာတွေးတောင်မတွေးရဲပါဘူး၊၊
> လူတစ်ယောက်ချက်တာကို ဘေးကနေနားထောင်နေတာ သူတို့မှာ
> အွန်လိုင်းကနေ လေဥဥပြီးမွေးတာနဲ့ကို သားသမီးရတနာ ၁ဝ ယောက်မကတော့ဘူး၊၊
> ကဲဘယ်လိုလုပ်ကြမလဲ ၊၊ မြန်မာတွေဟာ မဟုတ်တဲ့ဘက်မှာ သိပ်ချွန်နေကြတယ်၊၊
> အချိန်တွေ ၊ အင်အားတွေ ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ ၊၊
> ရှက်သင့် ကြပါပြီ ၊ပြင်သင့်ကြပါပြီ ၊၊
> ကျွန်တော်တို့လေးစားရတဲ့
> ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်မြန်မာလူမျိုးတွေကို ပြောခဲ့တဲ့
> စကားတစ်ခွန်းရှိပါတယ်၊၊ ရိုင်းတယ်လို့တော့မထင်ပါနဲ့၊၊
> “ခင်ဗျားတို့ မြန်မာတွေ ဒီပုံအတိုင်းသာ ဆက်နေသွားမယ်ဆိုရင်…
> မြန်မာနိုင်ငံကဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ်တဲ့”၊၊
>
> ဒီ Mail အတွက်ကျွန်တော့်ကို မုန်းချင်မုန်းကြပါ နာချင်ရင်နာကြနိုင်ပါတယ်၊ နာအောင်လဲ
> ရေးထားတာပါ၊၊ မှားနေကြတာတွေကို ပြင်စေချင်တဲ့စိတ်နဲ့၊အားလုံးကိုကိုယ့်နှမတွေလို
> မပေါင်းသင့်တဲ့သူတွေနဲ့မပေါင်းရအောင် ၊ အတုမယူသင့်တဲ့သူတွေကိုအတုမယူမိအောင်၊
> အားလုံးကို ကြိုးစားချင်စိတ်ရှိကြဖို့တွေအတွက်နာအောင်ရေးထားတာပါ၊၊
> နာပြီးတော့ အဲ့ဒီလူမျိုးတွေ၊အဲ့လိုကိစ္စတွေကိုရှောင်ပြီးဖြောင့်လာကြမယ်ဆိုရင်
> ကျွန်တော် အမုန်းခံရတာ တန်ပါတယ်၊၊
> အားလုံးပဲ Good luck ineverything!
> ဒီစာကို ထောက်ခံရင် မှန်တယ်ဆိုရင် သူငယ်ချင်းတွေကိုပါ ဖတ်ဖို့ပေးလိုက်ပါ၊၊
> မမှန်ဘူးလို့ယူဆရင် ဒီစာရေးတဲ့သူကို မုန်းနိုင်ပါတယ်၊၊
> တစ်ခုပြောစရာရှိတာကအဲ့ထဲမှာရေးထားတဲ့
> မကောင်းသောယောကျင်္ားများ၊မိန်းမများဆိုတာအကုန်လုံးကိုပြောတာမဟုတ်ပါ၊၊
> အလွန်သိက္ခာရှိပြီး လေးစားဖွယ်၊ဂုဏ်ယူထိုက်သော
> ့မြန်မာအမျိုးသမီးကောင်းများစွာ၊အမျိုးသားကောင်းများစွာ ရှိပါသည်၊၊
> နာမည်တပ်ပြီးပြောရန်မဖြစ်ဘူးဆိုတာကိုတော့ အားလုံးနာလည်ကြမှာပါ၊၊

…..
Just forwarding my friend’s mail.

3 comments

  • narziparty2009

    July 29, 2010 at 6:25 am

    ဒီပို.ကိုတင်ပေးတဲ.အစ်ကိုရေဆက်သာတင်ပါဘယ်သူတွေဘာပြောပြောကျွန်တော်အစ်ကို.ဘက်ကနေအများကြီးကိုထောက်ခံပါတယ်။ကျွန်တော်လည်းအဲလိုပါပဲချက်တင်ထိုင်တဲ.လူတွေဆိုသိပ်ကြည်.လို.မရပါဘူး။ကျွန်တော်ကအင်တာနက်ဆိုင်မှာအလုပ်လုပ်နေတာပါ။ဒီပဲယင်းမြို.နယ်ရှိကျေးရွာကနေလာပြီးအဝေးသင်တက်ရင်ကျောင်းတက်နေတာပါ။ဆိုင်ကိုလာတဲ.လူငယ်တွေတော်တော်များများဟာရောက်တာနဲ.ချက်တင်ထိုင်မယ်ကျူမယ်ဆိုတာပါပဲကျွန်တော်ကလည်းတောသားမို.လားမသိဘူးကိုယ်.ဆိုင်လာတဲ.သူဘာထည်.မတွက်ဘူးကိုယ်မကြိုက်ရင်ပြောတာပါပဲသူတို.ရှက်လောက်အောင်ကိုပြောတာဒါ.မို.ကျွန်တော်.ဆိုမုန်းကျတယ်ဟုတ်တယ်လေကျွန်တော်ကချက်တာကြည်.ချက်ဟိုဘက်ကဘုန်းကြီးလားအခြောက်လားမသိပဲရှောက်ချက်နေတာကိုယ်သိသလောက်ဝက်ဆိုဒ်လေးတွေဖွင်.ပေးရင်ဘာဆက်လုပ်ရမလဲမသိဘူးကိုယ်ဖက်ချင်တဲ.ဟာကိုကလစ်လိုက်ရုံလေးကိုမလုပ်တတ်ကြဘူးတော်တော်ရှက်စရာကောင်းတယ်။ထားပါကိုယ်ချက်တဲ.ဂျီတော.ကနေပုံတင်တာတောင်မတင်တတ်ကြတာတော.တကယ်ကိုအံ.ဩတယ်။ကောင်မလေးတစ်ယောက်ရှိတယ်အခုမှဆယ်တန်းပဲရှိသေးတယ်ကျောင်းကပြန်လာပြိဆိုရင်ဝင်ချက်တယ်ဟိုဘက်ကပို.တဲ.ကောင်လေးတွေပုံတွေကိုPrintထုတ်တာ4ခါလောက်ရှိပြီအဲဒါတစ်ယောက်စီနော်။ကျွန်တော်ကပြောပြတော.လျှာရှည်တာတဲ.ကျွန်တော်.ညီမဆိုရိုက်မိမှာသေချာတယ်။ဝက်ဆိုဒ်ကြည်.မယ်ဆိုလိပ်စာဘယ်ထဲရိုက်ထည်.ရမယ်ဆို.တာကျတော.မသိကျဘူး။တော်တော်ကောင်းကျတယ်ကျွန်တော်တို.လည်းချက်ပါတယ်အဲလောက်ကြီးလဲမဟုတ်ပါဘူးကိုုယ်.အသိနဲ.တွေ.တဲ.အချိန်လောက်ပါပဲ။တစ်ချို.ဆိုကျွန်တော်.ကိုတောင်ဟားတိုက်သေးတယ်အင်တာနက်ဆိုင်အလုပ်လုပ်နေပြီးချက်ဘောက်ထဲမှာလူက 5 ယောက်ပဲရှိလို.တဲ.ကဲကောင်းရောဗျာ။ကျွန်တော်ကလည်းမသိတဲ.လူဆိုချက်ကိုအချက်ချင်တာကျွန်တော်.အသိကောင်မလေးရှိသေးတယ်အင်တာနက်ဆိုချက်ဖို.လောက်ပဲတတ်တာအင်တာနက်ဆိုမှာချက်နေတာတွေ.တော.လူတွေအများကြီးဘာလုပ်ဖို.လဲဆိုတော.ဆိုင်ထိုင်ရင်တခြားဘာမှမလုပ်တတ်လို.တဲ.ချက်တင်ပဲထိုင်ရအောင်လို.ထည်.ထားတာတဲ.ကောင်းရောနော်ချက်တော.ဘာတွေလုပ်တတ်မှာကျနေတာပဲမသိရင်ဆိုင်ကဝန်ထမ်းတွေမေးပေါ.နော်အစ်ကိုကျွန်တော်ကွန်မန်.ပေးတာများနေပြီဗျာ။ပြောမယ်ဆိုအများကြီးကျန်သေးတယ်နောက်မှဆက်ပြောတော.မယ်အခုတော.ဒီလောက်ပါပဲအစ်ကိုဆက်ရေးဗျာအကုန်မှန်တယ်အစ်ကိုပြောမှကျွန်တော်လည်းပြင်စရာတွေတွေ.မိတယ်ကျေးဇူးတင်ပါတယ်နောက်လည်းအစ်ကိုရေးတဲ.ပို.စ်တွေကိစောင်.ပြီးဖတ်နေမှာပါကျေးဇူးတင်ပါတယ်ကျွန်တော်.အသိတွေဆီပို.ပေးပါ.မယ်

  • maykyalzinthant

    July 29, 2010 at 7:27 am

    အခုလိုတင်ပြထားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဖြန့်ဝေပေးပါ့မယ်ရှင်

  • khaung shan

    August 8, 2010 at 9:12 am

    ရှက်သင့်နေကြပြီနော်..။မြန်မာတွေ သောက်ကျင့်ပျက်ကုန်ပြီ..။ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံအတွက် သတိထားသင့်ပြီ..။

Leave a Reply