ယုန် Vs လိပ် ဗားရှင်းလေး

zaylayJuly 13, 20101min520

ယုန်နဲ ့လိပ်ပုံပြင်က ကျွန်မတို ့ငယ်ငယ်တုန်းက သင်ခဲ့ရလို ့
အမြဲမှတ်မိနေကြပြီး သင်ခန်းစာကောင်းပေးတဲ့ ပုံပြင်လေးပါ။
ခေတ်တွေအဆက်ဆက်ပြောင်းကုန်ပြီမိ

ု ့ခေတ်သစ်ယုန်နဲ ့လိပ်ပုံပြင်ဟာ Software ဗားရှင်းတွေလို (Vertion 4)
ပုံပြင် လေးလောက် ရောက်ခဲ့တာကို အားရဝမ်းသာ တွေ ့လိုက်ရပါတယ်။
ဒါကြောင့် ကျွန်မ ဒီယုန်နဲ ့လိပ်ပုံပြင်ကို ဗားရှင်းတပ်ခေါ်လိုက်တာပါ။
ဒီယုန်နဲ ့လိပ်ပုံပြင်တွေဟာ နောက်ပိုင်းဖတ်ခဲ့ရတဲ့ပုံပြင်တွေမှာ
ခေတ်တွေအညီပြောင်းလဲလာတဲ့ အတွေးအခေါ်ကို သင်ခန်းစာလှလှပေးတာမို ့ကျွန်မ
အရမ်းသဘောကျမိလို ့ဆီလျှော်အောင် ဘာသာပြန်လိုက်ပါတယ်။
ဟောပြောပွဲတစ်ခုမှာလည်း ဆရာမတစ်ယောက်လည်း ဒီလိုပုံပြင်လေးကို ဟောဖူးလို
့ကျွန်မပိုပြီး အမှတ်ရသွားဖူးတာပါ။

ယုန် Vs လိပ် ဗားရှင်း (တစ်)
ဒီပုံပြင်လေးက ကျွန်မတို ့အားလုံး သိပြီးသား ပုံပြင်လေးပါ။
တစ်ခါတုန်းက ယုန်နဲ ့လိပ်တို ့ဟာ ဘယ်သူပိုအပြေးမြန်မလဲဆိုတာကို အငြင်းပွားကြပါတယ်။
ဒါကြောင့်သူတို ့ဟာ အပြေးပြိုင်ဖို ့သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။
ယုန်ဟာ အပြေးမြန်မြန်နဲ ့ပြေးပါတယ်။
အဲဒီ့တော့ သူနောက်လှည့်ကြည့်လိုက်တော့ လိပ်ဟာ အနောက်ခပ်ဝေးဝေးမှာ
ကျန်ခဲ့ကြောင်း တွေ ့လိုက်ရပါတယ်။
ဒါကြောင့် ယုန်ဟာ သစ်ပင်အောက်မှာ အနားယူပြီးမှ ဆက်ပြေးဖို ့စဉ်းစားလိုက်တယ်။
ယုန်ဟာ သစ်ပင်အောက်မှာ ထိုင်ပြီးတော့ မကြာခင်မှာ အိပ်ပျော်သွားပါတယ်။
လိပ်ကတော့ ဖြေးဖြေးမှန်မှန် တရွေ ့ရွေ ့လာရင်းနဲ ့အိပ်နေတဲ့
ယုန်ကိုလှည့်ကြည့်ပြီးတော့ ပန်းတိုင်ဝင်သွားပါတယ်။
လိပ်ဟာ အငြင်းပွားစရာမလိုအောင် ချန်ပီယံဖြစ်သွားပါတယ်။
ယုန်ဟာ နိုးလာတဲ့အခါမှာမှ သူအပြေးပြိုင်ပွဲရှုံးတာ သတိပြုမိသွားပါတယ်။

ဒီပုံပြင်လေးဟာ ကျွန်မတို ့အားလုံး ကြီးပြင်းလာခဲ့တဲ့ပုံပြင်လေးပါပဲ။
ဒီဗားရှင်းတစ်ကိုတော့ အားလုံးသိပေမယ့် ဗားရှင်းတစ်ကနေ လေးအထိ စုံအောင်
ဘာသာပြန်လိုက်တာပါ။

သင်ခန်းစာ (၁)။ ။ ဒီပုံပြင်လေးဟာ ဖြေးဖြေးနဲ ့မှန်မှန်သာ ပြေးမယ်ဆိုရင်
ပြိုင်ပွဲကို အနိုင်ရမယ် ဆိုတာ ပြောပြနေပါတယ်။

ယုန် Vs လိပ် ဗားရှင်း (နှစ်)

ဗားရှင်းတစ်လောက်နဲ ့ရက်တန် ့မနေပဲ ယုန် နဲ ့လိပ်ပုံပြင်ဟာ ရှေ ့ဆက်ပါတယ်။
ယုန်ဟာ ပထမ အပြေးပြိုင်ပွဲမှာရှုံးခဲ့တာ မကျေနပ်ပါဘူး။
ယုန်ဟာ အပြေးပြိုင်ပွဲမှာရှုံးတာ သူ ့ကိုယ့်သူ အရမ်းအထင်ကြီးသွားပြီး
ပေါ့ပေါ့ဆဆသဘောထားခဲ့လို ့ဆိုတာ နားလည်သွားခဲ့ပါတယ်။
အဲလိုသာ မဖြစ်ခဲ့ဖူးဆိုရင် လိပ်ဟာ သူ ့ကိုနိုင်စရာအကြောင်းမရှိဘူးလို ့သူ
တွေးလိုက်ပါတယ်။
ဒါကြောင့် ယုန်ဟာ လိပ်ကို နောက်ထပ်အပြေးပြိုင်ဖို ့စိန်ခေါ်လိုက်ပါတယ်။
လိပ်ကလည်း သဘောတူလိုက်ပါတယ်။
ဒီတစ်ခါတော့ ယုန်ဟာ တာလွှတ်ကတည်းကနေ ပန်းတိုင်ရောက်တဲ့အထိ
မနားတမ်းအသားကုန် ပြေးလိုက်ပါတယ်။
ယုန်ဟာ လိပ်ကို မိုင်ပေါင်းများစွာချန်ခဲ့ပြီးအပြတ်သတ်နိုင်ခဲ့ပါတယ်။

သင်ခန်းစာ (၂)။ ။ဒီပုံပြင်လေးက မြန်မြန်နဲ ့အဆင်ပြေကိုက်ညီအောင်
ပြေးနိုင်မယ် ဆိုရင် ဖြေးဖြေးနဲ ့မှန်မှန်ကို အနိုင်ရမယ် လို
့ပြောပြနေပါတယ်။

ပထမပုံပြင်မှာ ဖြေးဖြေးနဲ ့မှန်မှန်သာ ပြေးမယ်ဆိုရင် ပြိုင်ပွဲကို
အနိုင်ရမယ် လို ့ပြောပြပေမယ့် မြန်မြန်နဲ
့ပန်းတိုင်အရင်ရောက်အောင်ပြေးနိုင်မယ်ဆိုရင် ပိုကောင်းပါတယ် လို
့ရိုးရိုးရှင်းရှင်းလေး ဆိုလိုချက်ပါ။

ယုန် Vs လိပ် ဗားရှင်း (သုံး)

ဗားရှင်းနှစ်လောက်နဲ ့လည်း ပုံပြင်လေးဟာ ရက်တန် ့မနေပါဘူး။
ပုံပြင်လေးဟာ ရှေ ့ဆက်ဖို ့အကြောင်းဖန်လာပါတယ်။
အဲဒီမှာ လိပ်ဟာစဉ်းစားပါတော့တယ်။
သူဟာ အရင်လမ်းကြောင်းနဲ ့ယှဉ်ပြိုင်မယ်ဆိုရင် ယုန်ကို ဘယ်လိုမှ
မနိုင်နိုင်ဘူး ဆိုတာ နားလည်သွားပါတယ်။
လိပ်ဟာ အဲလိုစဉ်းစားပြီးတဲ့နောက်မှာ ယုန်ကို နောက်ထပ်အပြေးပြိုင်ဖို
့စိန်ခေါ်လိုက်ပြန်ပါတယ်။
ဒါပေမယ့် လိပ်ဟာ တခြားလမ်းကြောင်းမတူတဲ့ဘက်က ပြေးဖို ့ယုန်ကိုပြောလိုက်ပါတယ်။
ယုန်က သဘောတူပါတယ်။
ယုန်ဟာ ထုံးစံအတိုင်း သူ ့ရဲ ့အပြေးရှိန်ကို ထိပ်ဆုံးမြှင့်ပြီး
မြစ်ကမ်းဆီထိရောက်သွားပါတယ်။
ပန်းတိုင်က နှစ်ကီလိုမီတာ( တစ်မိုင်ကျော်ကျော်)ဝေးတဲ့ မြစ်တစ်ဖက်ကမ်းမှာပါ။
ယုန်ဟာ မြစ်ကိုကြည့်ပြီးဘာလုပ်ရမှန်းမသိတော့ပါဘူး။
အဲသည့်အချိန်မှာ လိပ်ဟာမြစ်ထဲကို လိမ့်ဆင်း၊ ရေကူးသွားပြီး
ဟိုဘက်တစ်ဖတ်ကမ်းဆီရောက်ပါတယ်။
တစ်ဖက်ကမ်းမှာရှိတဲ့ပန်းတိုင်ဆီ ဆက်လျှောက်သွားပြီး ပန်းဝင်သွားပါတော့တယ်။

သင်ခန်းစာ (၃)။ ။ဒီပုံပြင်လေးက ပေးတာကတော့- ပထမဦးဆုံး မင်းမှာရှိတဲ့
အားသာတဲ့ အမာခံ အရည်အချင်းကို ဖော်ထုတ်သတိပြုမိပြီး မင်းအရည်အချင်းနဲ
့လိုက်ဖက်တဲ့ ပြိုင်ကွင်းကိုရွေးပြီး
ပြောင်းပြီးယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မင်းမှာရှိတဲ့ အားသာချက်တွေသာ မင်းကို တိုးတက်ဖွံဖြိုးဖို ့နဲ
့အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တယ် ဆိုတာ သတိချပ်သင့်ပါတယ်။

ယုန် Vs လိပ် ဗားရှင်း (လေး)

ယုန်နဲ ့လိပ်ဟာ ဒီလောက်အပြေးပြိုင်ပွဲပြိုင်ပြီးတဲ့နောက်မှာ တကယ့်ကို
သူငယ်ချင်းကောင်းတွေဖြစ်သွားပါတယ်။ (ဟဲဟဲ…ဒီလောက်ပြိုင်ပွဲသုံးပွဲလောက်
ပြိုင်တာကြာသွားလို ဒီနှစ်ကောင် ့ခင်မင်ရင်းနှီးသွားတာ ထင်ပါတယ်။)
သူတို ့နှစ်ကောင်ဟာ ဒီတစ်ခါတူတူစဉ်းစားကြပါတော့တယ်။
နှစ်ကောင်လုံးသတိပြုမိတာကတော့ သူတို ့နောက်ဆုံးပြိုင်ပွဲမှာ
ကောင်းကောင်းပြေးကြမယ်ပေါ့။
ဒါကြောင့် သူတို ့နောက်ဆုံးပြိုင်ပွဲအနေနဲ ့ထပ်ပြိုင်ဖို ့ဆုံးဖြတ်လိုက်ကြတယ်။
ဒါပေမယ့် ဒီတစ်ခါပြေးမှာ အဖွဲ ့လို ပြေးမှာတဲ့။
သူတို ့စတင်ပြီး ပြေးပါတယ်။

ဒီတစ်ကြိမ်မှာတော့ ယုန်ဟာလိပ်ကို ပုခုံးပေါ်ထမ်းပြီး မြစ်ကမ်းပါးအထိ
သယ်ပိုးခဲ့ပါတယ်။

မြစ်ကိုဖြတ်ကူးတဲ့အခါမှာတော့ လိပ်ကျောပေါ်ယုန်တက်ပြီး လိပ်ဟာ ရေကူးသွားခဲ့ပါတယ်။

မစ်တစ်ဖက်ကမ်းကိုရောက်တဲ့အခါ ယုန်ဟာလိပ်ကိုသယ်ပိုးပြီး သူတို
့ပန်းတိုင်ကို တူတူသွားလိုက်ပါတော့တယ်။
အဲဒီအခါမှာ သူတို ့နှစ်ကောင်လုံး အရင်တုန်းကနိုင်ခဲ့တာတွေထက် ပိုပြီး
ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ကျေနပ်မှုတွေရခဲ့ပါတော့တယ်။

သင်ခန်းစာ (၄)။ ။ဒီပုံပြင်လေးရဲ ့ဆိုလိုချက်ဟာ –
လူတစ်ဦးတစ်ယောက်ချင်းတွေဆီမှာ သိပ်ကိုထူးချွန်ပြောင်မြောက်တဲ့
အမာခံအရည်အချင်းတွေရှိပါတယ်။ ဒါပေမယ့် အဖွဲ ့အနေနဲ ့လုပ်တဲ့အခါမှာတော့
တခြားသူတစ်ဦးရဲ ့အရည်အချင်းတွေနဲ့ ကိုယ့်အရည်အချင်းတွေ
ထပ်တူညီမှုမရှိတဲ့အခါမျိုးမှာ သဟဇာတ မဖြစ်တဲ့အခါ ထိခိုက်တာတွေ ရှိလာပါတယ်။
ဘာဖြစ်လို ့လည်းဆိုရင် တခြားသူတစ်ဦး
ထူးချွန်ပြောင်မြောက်အောင်လုပ်နိုင်တဲ့အခါမျိုးမှာ မင်းဟာ
မလုပ်နိုင်ဘူးဆိုရင် မင်းအရည်အချင်းတွေကိုမေ့ပြီး အားလျော့သွားတက်လို
့ပါပဲ။
အဖွဲ ့တွေတဲ့လုပ်တဲ့အခါမှာ အခြေအလေုပ်ဆောင်ရတဲ့ ခေါင်းဆောင်မှုဆိုတာ ရှိပါတယ်။
ဆိုလိုသည်မှာ လူတွေရဲ ့ တစ်ယောက်ချင်းစီမှာ သူ ့အရည်အချင်းနဲ ့သူဆိုတာရှိပါတယ်။
တခါတလေ အရည်အချင်းတွေမတူတဲ့အလိုက်၊အခြေအနေအချိန်အခါတွေ မတူတာတွေအလိုက်ပေါ်
မူတည်ပြီး အနိုင်အရှုံးတွေ ကွဲပြားသွားတာမျိုးပါ။
အဲဒါတွေကို အဖွဲ ့တွေအုပ်စုတွေမှာ အလုပ်လုပ်ရင်
သက်ဆိုင်ရာအရည်အချင်းတွေအလိုက် သူ ့နေရာနဲ ့သူနေရာချပြီး အဖွဲ ့ရဲ
့ပန်းတိုင်ရအောင် ရှေ ့ဆက်ဖို ့ပါပဲ။
မြန်မာစကားပုံမှာရှိတဲ့ “ရှဉ် ့လည်းလျှောက်သာ ပျားလည်းစွဲသာ” အခြေအနေလိုပါပဲ။
ဒီပုံပြင်ဗားရှင်းနံပါတ်လေးဟာ Win-Win situation ဆိုတဲ့
နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး အနိုင်ရတဲ့ နည်းလမ်းလေးလည်း ဖြစ်ပါတယ်။
ဒီပုံပြင်လေးတွေရဲ ့အတွေးအခေါ်သဘောတရားကို ကျွန်မအရမ်းကြိုက်မိလို ့
Teamwork Powepoint စာထဲမှာပါတဲ့ ပုံလေးတွေနဲ ့ကြိုးစားပြီး
ဘာသာပြန်လိုက်ပါတယ်။

®