အိမ်လွမ်းသူ

 

မကြာခင်ပြန်ရတော့မယ်ဆိုတော ့လည်း ဝမ်းတော့အနည်းသား..။ ကျွန်တော်ကျင်လည်ခဲ့သော ပတ်ဝန်းကျင်မှ ခဏတာထားပြီးသွားရမယ်ဆိုတော ့ ပြန်ချင်သလိုလို မပြန်ချင်သလိုလိုနှင့် သံယောဇဉ်တွေတွယ်နေမိသည်လေ.။ သည်လိုနှင့် ခဏတာခွဲခွာရမည့် နေရာလေးကို ဘာရယ်မဟုတ် အလွမ်းပြေလျှောက်ကြည့်နေမိ သေးသည်..။ ငါမရှိရင် ဆိုသောအတွေးသည် လူတစ်ယောက်လစ်လပ်သွားသော နေရာတစ်ခုအတွက် အဆင်ပြေမှုတွေရှိပါ့မလားဟု ပူပန်မှုသက်သက်ရယ်ပါ..။ လူတစ်ယောက်၏ အသုံးဝင်မှုသည် သို့မဟုတ် တန်ဖိုးသည် အဲဒီလူမရှိမှ သိတတ်ကြသည်ဆို၏..။ လူတစ်ယောက်၏ ကောင်းခြင်းဆိုးခြင်းသည် ရှိနေစဉ်အခါမှာတော့ မသိသာသလိုဖြစ်နေပေမယ့် အဲဒီလူမရှိသောအခါ ကောင်းကွက်တွေကိုလည်းချီးက ျူးမိသည်..။ ဆိုးကွက်တွေကိုလည်း ဖြေတွေးနိုင်သည်..။ အပြစ်မြင်မိသောသူတွေတောင် ဘာကြောင့်သည်လိုဖြစ်သည်ဆို တာကို ဖြေတွေးနိုင်နေပြီ..။

အိမ်နှင့်ဝေးပြီး အလုပ်ခွင်ရောက်နေတော့လည်း နေ့ရှိတိုင်း ၊ စကားစပ်မိတိုင်း ကိုယ်အိမ့်အကြောင်း၊ သူ့အိမ်အကြောင်း ပြောနေကြတာတွေသည် ရိုးနေပြီဆိုပေမယ့် သည်အရသာကိုက နုတ်ကိုပိုချိုစေသည်..။ အိမ်ပြန်ချင်စိတ်တွေသည် နေ့တိုင်းဖြစ်ပေါ်နေသည်..။ အခြေအနေတွေအရ အောင့်အီးနေနေရပေမယ့်လည်း အိမ်လွမ်းကြောင်းပြောကြရင် တော့ အားလုံးသော သူငယ်ချင်းတွေ၏မျက်နှာတွေသ ည် မှိုင်တွေငေးကျသွားကြသည်..။ ဪ သူတို့လည်းကိုယ့်လိုပါပဲလာ းလို့ တွေးမိတော့ ရင်ထဲတစ်မျိုးတစ်မည် ခံစားရသည့်ဝေဒနာသည် အိမ်လွမ်းဝေဒနာဟု အမည်နာမတပ်ရမည်ထင်သည်..။ အလုပ်ခွင်တစ်နှစ်ပြီး တစ်နှစ်ပြီးတိုင်း၊ အရေးအကြောင်းရှိတိုင်း အိမ်ပြန်ရသောအခါမှာတော့ အလုပ်ကိုလွမ်းသည့် ဝေဒနာကတစ်မျိ်ူး ခံစားရပြန်သည်..။ မပြန်ခင်ကတော့ ပြန်မည်တကဲကဲ၊ ပြန်ခွင့်ရတော့ ပြန်ရမည်မှာ တဝဲဝဲ..။
အလုပ်လုပ်နေရသော သူအဖို့တော့ ရုတ်တရက် အလုပ်မှနားပြီး အိမ်ပြန်ရမည်မှာ  နေမထိ ထိုင်မသာ ဖြစ်စေပြန်ပါသည်..။

အိမ်ရောက်တော့လည်း ဧည့်သည်ကြီးတစ်ပိုင်းဖြစ်ေ နသော ကျွန်တော့်သည် ပုံမှန်လည်ပတ်နေသော မိသားစုပုံစံကို အသားမကျပြန်ပါ..။ ကျွန်တော့်အတွက်တော့ မိမိ၏အိမ်သည် အရာအားလုံး တစ်စိမ်းဆန်ဆန်ကြီးဖြစ်လို ့နေသည်..။ ဘာပဲလုပ်လုပ် အစစ အရာရာ ဧည့်သည်ကို အိမ်ရှင်က ဧည့်ဝတ်ကျေအောင် ဧည့်ခံနေသည်နှင့်တူနေတော့သ ည်..။ဘေးပတ်ဝန်းကျင်မှ သူငယ်ချင်းများနှင့်လည်း အစိမ်းသက်သက်..။ သူ့ဝန်းကျင်နှင့်သူ အသားကျနေသော နေရာသို့ ရောက်နေရသည်မှာ လူပိုသက်သက်ဟု ခံစားမိပြန်သည်..။ သူငယ်ချင်းတွေနှင့်တွေ့ရသေ ာအချိန်တွေသည် ဟိုအရင် ကျောင်းသားဘဝ သူငယ်ချင်းအဖြစ်လို ပြည့်ဝမှုမရှိတော့ပေ..။ အချိန်တွေကို အအားမပေးရဲတော့သော သူငယ်ချင်းတွေကိုကြည့်ပြီး ဖြစ်ပျက်ပြောင်းလည်းလာသော ဘဝရေစီးကြောင်းကို အမောလေးတွေနှင့် ဆက်လျှောက်ရဦးမည်ဆိုတာကို သဘောပေါက်မိပြန်ပါသည်..။

မိသားစုထဲကိုကြည့်လိုက်ပြန ်တော့လည်း မောင်နှမတစ်တွေပြန်တွေ့ရသည ်ဆိုသော်ငြား အရင်လိုနွေးထွေးမှုတွေ ဆိတ်သုန်းနေပြန်သည်ဟုထင်မိ သည်..။ဒါသည်ပင် မိမိဖတ်မှမြင်မိသော အမြင်တွေပဲလား..။ အရင်တုန်းက မောင်နှမတတွေ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် တစ်နေကုန် ကစားရင်မောခဲ့ရသော အချိန်တွေကိုလည်း ပြန်ပြောင်းတွေးရင်းလွမ်းမ ိပြန်သေးသည်..။ အချစ်ဆုံးညီမထွေးလေး၏ တီတီတာတာပြောဆိုမှုတွေကို အစ်ကိုကြီးဖြစ်သော ကျွန်တော်နှင့် အစ်မတွေကတော့ သဘောကျမဆုံး တပြုံးပြုံးနှင့်ပင်..။ အခုတော့လည်း တစ်စိမ်းတစ်ရံနှင့်မခြား တစ်နယ်ခြားခြင်း၏ အကျိုးတွေက သည်ရလာဒ်တွေတဲ့လား.။ စိတ်ထဲမှာတော့ ညီမလေးတို့ရေ အစ်ကိုကြီးက မိသားစုအဆင်ပြေအောင် နေနေရတာပါ…ညီမလေးတို့ဘဝလှစေဖို့လို့ တိုးတိုးလေးရေရွတ်မိသေး၏..။ မကြားမိပေမယ့်လည်း မြင်တတ်ပါစေ ညီမလေးတို့ရေဟု စိတ်ထဲပြောနေမိပြန်ပါသည်..။

ညစဉ်အိပ်မက်တွေမှာတော့ နွေးထွေးသောမိသားစုဘဝနှင့် ပြည့်စုံသော ဘဝပိုင်ဆိုင်နေသော မိသားစုလေးကို ညတိုင်းမြင်မက်ပါ၏။ ငယ်စဉ်ဘဝနှင့်လက်တွေဘဝ ကွာခြားမှုတွေသည် လောကနိယာမတရားလား၊ ကံဇာတ်ဆရာအလိုကျလား..ရင်ထဲ၌မေးချင်နေသော စကားတွေဖြစ်လို့နေသည်..။ တည်ငြိမ်အေးဆေးသော ဖေဖေ၊ ရှေ့ရေးအတွက်အမြဲပူပေးနေတတ ်သော မေမေ၊ ချစ်စရာကောင်းသော ညီမလေးတွေ  အခုတော့ ပြန်ဆုံဦးမည်..။ ရယ်ပွဲဖွဲ့ကြဦးမည်..။ ပြန်လည်အသက်ဝင်ဦးမည့် အိမ်ကလေးကို အခုကတည်းက ကြိုလွမ်းနေမိတော့သည်..။

မှတ်ချက်။ အိမ်နှင့်ဝေးနေသူများအတွက် အမှတ်တရပါ။