ကိုယ်တိုင်အိမ်မှာလုပ်ကြည့်ပါလား…

lu ta loneJune 5, 20101min741
http://www.sbprofessional.co.uk/Editor/assets/Products/Beauty%20Products.jpg

ကိုယ့်အိမ်မှာပဲ သစ်သီးတွေနဲ့ အသားအရေထိန်းသိမ်းမှုတွေလုပ်နိုင်ဖို့ ကျွန်တော်သိသလောက်ဝေမျှလိုက်ပါတယ်။

ကိုယ်တိုင်ပြင်ဆင် အလှဆင်
(၁)မျက်နှာပေါင်းတင်
လိုအပ်ပစ်စည်းများ
ထောပတ်သီးမှည့် – ၁လုံး
သံလွင်ဆီ – ၁ဇွန်း
ငှက်ပျောသီးမှည့် – ၁လုံး
လိမ်မော်သီး -၁လုံး(အရည်ညှစ်ယူထားပါ)
ပြုလုပ်နည်း
ထောပတ်သီးမှည့်၊သံလွင်ဆီတစ်ဇွန်း၊လိမ်မော်ရည်နည်းနည်းနဲ့ ငှက်ပျောသီးမှည့်တို့ကို ရောသမအောင် နယ်ရပါမယ်။ပြီးတဲ့အခါပါးစပ်နဲ့ မျက်လုံးတွေကိုချန်ပြီးလိမ်းပေးရပါမယ်။လိမ်းပြီး မိနစ်(၂၀)လောက် ကြာတဲ့ အခါ မျက်နှာသစ်လိုက်ပါ။ဝင်းဝါချောမွတ်သွားတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်သွားပြီပေါ့နော်။ ပိုမိုချောမွေ့ခင်ရင် တော့ မျက်နှာပေါင်းတင်ဖို့ ရောမွှေထားတဲ့ ပစ်စည်းတွေထဲကို အပူပေးအရည်ဖျော်ထားတဲ့ ပျားဖယောင်း ထည့်သုံးနိုင်ပါတယ်။
(၂)ဆံပင်ပေါင်းတင်
လိုုအပ်ပစ်စည်းများ
ထောပတ်သီးမှည့် -တစ်လုံး
ငှက်ပျောသီးမှည့် -တစ်လုံး
သံလွင်ဆီ – တစ်ဇွန်း
ကြက်ဥ – အကာရည်
ပြုလုပ်နည်း
လိုအပ်ပစ်စည်းအားလုံးကို သမအောင်မွှေပြီးတဲ့အခါ ဆံနွယ်အနှံ့ကို ညင်သာစွာ လိမ်းကျံပြီးခေါင်းပေါင်း ထားရပါမယ်။တစ်နာရီလောက်ကြာတဲ့အခါ ခေါင်းပေါင်းကိုဖြေပြီး ရေခပ်နွေးနွေးနဲ့ ဆံပင်ကိုဆေးရပါမယ်။ ပြီးတဲ့အခါ သုံးနေကျရှန်ပူတစ်မျိုးနဲ့ လျှော်လိုက်တဲ့အခါမှာတော့ လှပတောက်ပြောင်တဲ့ ကေသာကိုပိုင်ဆိုင် သွားပါပြီ။
(၃)တစ်ကိုယ်လုံး သို့မဟုတ် ဖြူချင်တဲ့ နေရာဖြူဖို့ ပေါင်းတင်စို့
လိုအပ်ပစ်စည်း
မန်ကျည်းသီးမှည့် – အနည်းငယ်
နနွင်းမှုန့်စစ်စစ် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ပြုလုပ်ပုံ
အရင်ဆုံး မန်ကျည်းသီးမှည့်ကိုရေနဲ့ဖျော်ပြီး အဖတ်တွေကိုဖယ်ရပါမယ်။ ရလာတဲ့မန်းကျည်းရေပျစ်ပျစ်ကို နနွင်းမှုန့်သင့်ရုံထည့်ပြီး သမအောင်မွှေဖျော်ထားရပါမယ်။ပြီးတဲ့အခါ အဝတ်အစားအကြမ်းတစ်စုံဝတ်ပြီး လက်နဲ့ခြေတွေအနှံ့ ဒါမှမဟုတ် ကိုယ်ဖြူချင်တဲ့နေရာတွေကို လိမ်းရပါမယ်။လိမ်းပြီးတစ်နာရီခွဲလောက်ကြာ လို့ ရေချိုးပြီးတဲ့နောက် နဂိုထက်ဖြူဝင်းလာတဲ့ စိုပြည်လာတဲ့ ကိုယ့်ရဲ့အသားအရေကိုတွေ့ရမှာ ဖြစ်ပါတယ်။ အသားပတ်တဲ့အခါ၊လေပူတွေတိုက်ခံရဖန်များတဲ့အခါ အသားအရေခြောက်သွေ့သူတွေအနေနဲ့လည်း ဒီနည်းကိုသုံးရင် နာရီပိုင်းအတွင်း ပင်ကိုအသားအရေကို ပြန်ရရှိမှာသေချာပါတယ်။
(၄)Orange Mask
သန့်ှရှင်းစင်ကြယ်တဲ့ ခွက်တစ်လုံးထဲမှာ Orangeရည်သန့်သန့်စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ဒိန်ချဉ်သန့်သန့် စားပွဲတင်ဇွန်း ၂ဇွန်းကိုရောထည့်ပြီးမွှေပါ။ပြီးရင် အဲဒီအရည်နဲ့မျက်နှာ၊လည်ပင်းနေရာ စတာတွေကိုလိမ်း ပေးပါ။၁ဝမိနစ်၁၅မိနစ်နေမှ ရေဆေးပြီးဖယ်ရှားပါ။ရေနွေးနဲ့ဆေးနိုင်ရင် ပိုကောင်းပါတယ်။ အဲဒီအခါ အင်မတန်သန့်စင်ကြည်လင်တဲ့ မျက်နှာကလေးဖြစ်နေတာတွေ့ရပါလိမ့်မယ်။
သတိထားရမှာက – Orangeသီးလတ်လတ်ဆတ်ဆတ်ကို ထက်ခြမ်းခြမ်းပြီး ညှစ်ယူလို့ရတဲ့ Orangeရည်ထဲ ကဗီတာမင်စီဓာတ်က အချိန်ခဏကြာရင်ပျက်ပြယ်သွားတတ်တယ်နော်။
<!– | Category: –> <!– at 00:16 –>

One comment

  • sithuphyo

    June 12, 2010 at 1:37 pm

    လုပ်ကြည့်လိုက်အုံးမယ်။ဟီးးဟီးးအလှကြိုက်လို့တော့မဟုတ်ပါဘူး။ဒါပေမယ့်နည်းနည်းပါးပါးစမ်းကြည့်မလို့။

Leave a Reply