Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆင်ဆာဌာန ခွဲခြားဆက်ဆံဟု ဆုရွှန်းလဲ့ပြော

True FaithJuly 9, 20101min4088

ရေးသူ – ဖနိဒါ

ချင်းမိုင် (မဇိ္ဈမ) ။ ။ စာပေစိစစ်ရေးအနေဖြင့် ဆင်ဆာဖြတ်ရာတွင်ပင် ခွဲခြားမှုများရှိနေကြောင်း လုံခြုံအောင် ဝတ်စားထားခြင်းမရှိသော ဓာတ်ပုံတခုကြောင့် စာစောင်ထုတ်ဝေမှု တပတ်ရပ်နားခံမှု ဖြစ်ပွားခဲ့ပြီးနောက် ရုပ်ရှင်သရုပ်ဆောင် ဆုရွန်းလဲ့က တုံ့ပြန်ပြောဆိုလိုက်သည်။

ကြာသာပတေးနေ့ အပတ်စဉ်ထုတ် အင်ဗွိုင်းဂျာနယ်အတွင်းပိုင်း၌ ဆုရွှန်းလဲ့၏ အင်တာဗျူးကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားရာတွင် သရုပ်ဆောင်မှာ စကပ်ဝတ်ထားသဖြင့် ပေါင်ပေါ်နေသည်ကို စာပေစိစစ်ရေးက ” မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီ” ဟုဆိုကာ အပြစ်ပေးသောအနေဖြင့် ဂျာနယ်ကို နောက်တပတ်ရပ်နားရန် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးဌာနက ညွှန်ကြားခဲ့သည်။

ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် ဆုရွှန်းလဲ့

“ဒီလိုမျိုးလေးလောက်ကို ပေါ်လည်း မပေါ်ဘဲနဲ့ ပိတ်တယ် ဆိုရင်တော့ သူတို့ လူကြီးတွေ မျက်စိရှန်း လို့ပဲ ဖြစ်တယ်။ သူများတွေ ပေါင်လောက်တောင် ရိုက်နေကြတဲ့ကိစ္စ။ တချို့တွေ ဖင်အုပ်ရုံလောက် ဖော်ပြီးတော့ ရိုက်ထားတဲ့ ဂျာနယ်တွေလည်း ရှိတာဘဲ။ အဲဒါကြတော့ ဘာလို့ ဆင်ဆာပေးကြလဲ။” ဟု ဆုရွှန်းလဲ့က မဇ္ဈိမကို ပြောသည်။

အလားတူပင် ယခု ၅ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ် မျက်နှာဖုံးတွင်လည်း အိန္ဒြာကျော်ဇင်နှင့် ဝတ်မှုန်ရွှေရည်တို့၏ စကပ်တိုဖြင့် ရိုက်ထားသော ဓာတ်ပုံများ ဖော်ပြခဲ့သဖြင့် ထုတ်ဝေခွင့် တပတ်ပိတ်လိုက်ကြောင်း ပြည်တွင်းအယ်ဒီတာ တဦးက ပြောသည်။

ဂျာနယ်နှစ်စောင်လုံးမှ ဓာတ်ပုံများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ကြောင်း စာပေစိစစ်ရေးက ပြောသည်ဟု သူက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် စာပေစိစစ်ဌာန ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက အနုပညာ မဂ္ဂဇင်းထုတ်ဝေသူ ၃ဝ ဦးခန့်ကို သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင်မှု ဓာတ်ပုံနှင့် ပတ်သက်၍ ခေါ်ယူသတိပေးခဲ့သေးကြောင်း အစည်းအဝေး တက်ရောက်သူ အယ်ဒီတာတဦးက ပြောသည်။

“ဂျာနယ်တွေ ဖြစ်သွားတဲ့ကိစ္စမှာ မဂ္ဂဇင်းတွေ အနေနဲ့လည်း အမျိုးသမီးပုံတွေကို အဲဒီလိုမဖြစ်ဖို့။ ဖြစ်ခဲ့ရင် ခွင့်လွှတ်မှာ မဟုတ်ဘူး။ တခါတည်း ပိတ်မယ်။ ဒါမှမဟုတ် တလ၊ နှစ်လနားဖို့ အရေးယူမယ်လို့ ညွန်ကြားရေးမှူးက ပြောတယ်” ဟု သူက မဇိ္ဈမကို ပြောသည်။

အဆိုပါ ပိတ်ခံရသည့် ဂျာနယ်တိုက်များသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန်ရှိများက ဖြေဆိုခွင့် မရှိဟုဆိုကာ ငြင်းဆိုခဲ့သည်။

ယခင်က အနုပညာမဂ္ဂဇင်းများတွင် လုံလုံခြုံခြုံ မရှိသော ဓါတ်ပုံများကို ဖော်ပြပါက ခေါ်ယူသတိပေးလက်မှတ် ထိုးခိုင်းခဲ့သော်လည်း ဂျာနယ်ပိတ်သည့်အထိ အရေးယူခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ထုတ်ဝေခွင့် ရပ်နားလိုက်ရသဖြင့် ဂျာနယ်ပုံနှိပ်ခအတွက် မကုန်သော်လည်း တပတ်အတွင်း ကြော်ငြာ ဝင်ငွေများ ဆုံးရှုံးသွားဖွယ်ရှိသည်။

(မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။)

သတင်းမူရင်းလင့်ခ် ဒီမှာဖတ်နိုင်သည်။

8 comments

  • etone

    July 9, 2010 at 6:39 am

    ခုနောက်ပိုင်းထွက်လာတဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကြောင့်လူငယ်တွေအတုယူမှားကုန်တာလေ ။ ရုပ်ပျက်ဆင်းပျက်ကိုတိုတတ်လာတယ်နော် ။ ဝိုင်းစုခိုင်သိန်းဆိုလည်း တခြားနိုင်ငံရောက်တာနဲ့ ဝတ်လိုက်တာပဲ ။

  • naung

    July 9, 2010 at 6:59 am

    ဖြစ်သင့်တာကြာပြီ။
    မြန်မာနိုင်ငံက ထုတ်တဲ့ဂျာနယ်၊ မဂ္ဂဇင်းမှ ဟုတ်ရဲ့လားလို့တောင် တွေးယူနေကြရပြီ။

  • sususan

    July 9, 2010 at 8:39 am

    ဟုတ်တယ်တချို့ဆိုရင်ရင်ဘက်တဝက်တွေဝတ်နေကြတယ်
    လူပုံအလယ်ရေဆင်းချိုးမဲ့..ဒီဇိုင်းတွေနဲ့..မျက်စိနောက်တယ်.

  • onlinezz

    July 9, 2010 at 9:01 am

    မင်းသမီးတွေကလည်း ရှေ့ဆောင်လမ်းပြဝတ်ပြနေသလားထင်ရတယ်။
    လူမြင်ကောင်းအောင်တော့ တိုကြပေါ့။
    အဆိုးဆုံး ကတော့ စကပ်တိုဝတ်ပြီး လိုင်းကားစီးနေကြတာပါ။

  • azure

    July 10, 2010 at 3:44 am

    သင်ဘယ်ခေတ်ကို ရောက်နေပြီလည်း ? သူများတွေကို ဝေဖန်ရအောင် ကိုယ်ကိုတိုင်ရော အဲ့လိုနေထိုင်ကျင့်ကြံကြပါရဲ့လား

  • zayarsan

    July 10, 2010 at 9:08 am

    မဟုတ်ဘူ:ဗျ ဆုရွန်းလ ပြောတာက တမျိုး
    ……..
    i can show and display which journals are show and display.
    …..
    but.,should be fair play.

  • winne

    July 12, 2010 at 9:46 am

    သူဆိုလိုတာ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ.. အတိုအပြတ်ဆိုတာ သတိထားပြီးကို ဆင်ဆာ ဖြတ်သင့်တယ် အရင်က မြန်မာအသံက တော်ယုံဆိုတာနဲ့ ဆင်ဆာဖြတ်ပစ်တာ သူလည်း အခု ကြည့်ကောင်းနေလားမသိဘူး မနက်မနက် လာတဲ့ နေဗီယာ လိုးရှင်း ကြော်ညာမှာ နိုင်ငံခြားအမျိုးသမီး အတိုလေးနဲ့ နံ့နေတာ ပြီးတော့ ပြောတော့ပါဘူး

  • winne

    July 12, 2010 at 11:21 am

    ပြောလက်စနဲ့ ကျန်သေးတာ ထပ်ပြောလိုက်အုန်းမယ် ကြည့်မရတာ။ မြန်မာအသံ တိုးချဲ့ လိုင်းတွေ 5moive ယူထားတဲ့ သူတွေ မှ ကြည့်လို့ရတဲ့ အလကားအစမ်းလွင့်နေတဲ့ For info အဲဒီလိုင်းမှာ စကားပြောတဲ့ ကောင်မလေး အဝတ်အစားကို လုံးဝ ကြည့်မရဘူး အရှေ့က သရေခံက ရှည်လွန်းလို့ အောက်က ရှက်ရှက်အထိဖုန်းပြီးတော့ ရှက်ရှက်ဖုန်းထားတဲ့ စကတ်က တိုတိုလေး အောက်ကတော့ ဘောင်းဘီရှည် ဝတ်ထားပါတယ် အတိုက ကိုရီးယား ဆွဲသားတွေ ကျပ်ထုတ်နေတာ လုံးဝ ကြည့်လို့မကောင်းဘူး ယဉ်ကျေးမှု ထိန်းတဲ့ ပုံစံလေးနဲ့ ရိုက်ထားသင့်တာ ခဏခဏ တပတ်လည်ပြီး တနေ့ အနဲဆုံး ၄ကြိမ်လောက်ပြနေတာ။

Leave a Reply