Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့်ရှမ်းပြည်နယ် (တောင်ပိုင်း)တို့၌ သောက်သုံးရေလုံလောက်စွာရရှိစေရေးအတွက် ကူညီဆောင်ရွက် ပေးလျက်ရှိ

klnMay 14, 20101min2111

ရန်ကုန်တိုင်းအတွင်း ရာသီဥတုပူပြင်းမှုကြောင့် မြို့သောက်သုံးရေကန်များခန်းခြောက်ပြီး သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရရာ ကျောက်တန်းမြို့ပေါ်(၆)ရပ်ကွက်ရှိ မြို့နေပြည်သူများအတွက် ဒေသအာဏာပိုင်များ၊ ကျောက်တန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများပူးပေါင်းဆောင်ရွက်သည့် ရေသယ်ယာသ်ခြောက်စီးဖြင့် ရေဖြန့်ဝေလျက်ရှိသည်။ ပဲခူးတိုင်း ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြိုနယ်နှင့် ကဝမြို့နယ်များ၌ ရာသီဥတုပူပြင်းမှုနှင့် သုံးစွဲမှုများပြားသောကြောင့် သောက်သုံးရေရှားပါးမှုကြုံတွေ့နေရရာ ပဲခူးတိုင်း စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီးဒေသအာဏာပိုင်များ၊ မြို့နယ်စည်ပင်သာယာရေအဖွဲ့များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ပူးပေါင်းပြီး သောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိသည်။ ဝေါမြို့နယ်အတွင်း ရေခက်ခဲသည့် အတွက် သောက်သုံးရေများကို ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မင်္ဂလာသောက်ရေကန်မှ ရေသယ်ယာဉ်များဖြင့် သောက်ရေဂါလန်၁၂၀၀ဝအား မေ၅ရက်မှ ၈ရက်အတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။ ကျေးရွာများ၌ မိုးရေလှောင်ကန်များ ခန်းခြောက်ခဲ့သဖြင့် သုံးရေအတွက် စစ်တောင်းတူးမြောင်းမှ သုံးစွဲနိုင်သော်လည်းသောက်ရေလုံလောက်မှု မရှိသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်း ရေသယ်ယာဉ်နှစ်စီးဖြင့် ဧပြီ ၂၄ရက်မှ စတင်ပြီးကျေးရွာကိုးရွာသို့ အလှည့်ကျ ရေဖြန့်ယေပေးလျက်ရှိကြောင်းမေ ၆ရက်တွင် ပုဂ္ဂလိကပိုင် ရေသယ်ယာဉ်ခြောက်စီးဖြင့် ထပ်မံပေးဝေလျက်ရှိကြောင်းသိရှိရသည်။ ကြာကန်စုကျေးရွာများ၊ ကဝမြို့နယ် အတွင်းရှိ သံတင်းကျေးရွာများသို့ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ရေကားငါးစီးဖြင့် မေ ၈ရက်မှ ၁၂ရက်အထိ သောက်ရေစုစုပေါင်း ဂါလန် ၂၆၄၀ဝအားပဲခူးမြို့ပေါ်ရှိစည်ပင်သာယာရေးအဖွဲ့ပိုင် ရေစက်များ၊ ပဲခူးမြို့ မဇင်းဆည်နှင့် ပုဂ္ဂလိက ရေတွင်းများမှ ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။ အလားတူ ပဲခူးတိုင်းသဲကုန်းမြို့နယ် အင်းမနယ်မြေအတွင်းရှိ ကျေးရွာများ၌ သောက်သုံးရေကန်များ ခန်းခြောက်ခြင်း၊ လက်တူးတွင်းနှင့် လက်နှိပ်တွင်းတိမ်များ မြေအောက်ရေဆုတ်သွားခြင်းတို့ကြောင့် သောက်သုံးရေရှားပါးမူကို ရင်ဆိုင်နေခဲ့ရာ ပဲခူးတိုင်း( အနောက်ပိုင်း) စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဒေသအာဏာပိုင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ သောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရပ်ကွက် ၁၂ခုရှိ မြို့နေလူထုအတွက် လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သောက်သုံးရေများကို နေ့စဉ်စနစ်တကျ ဖြန့်ဖြူးပေးလျက်ရှိရာ ရေကန်တောင် ရေကန်များ၊ မြို့ဝမ်ရေထွက်၊ ဟူးမွန်ဆည်၊ ကောက်ကွေ့ဆည်၊ နမ့်ခိုက်ရေထွက်စသော ရေအရင်းအမြစ်များမှ နေ့စဉ် ရေဂါလန် ၂ရသိန်းခန့်ဖြန့် ဝေပေးလျက်ရှိသည်။ ယခုအခါ ရာသီဥတုပူပြင်းမှုကြောင့် ရေထွက်နှုန်းများ ကျဆင်းလျက်ရှိရာ နေ့စဉ်ရေဂါလန် ၂၁သိန်းခန့် သာဖြန့်ဝေနိုင်သဖြင့် ယခင်အတိုင်း ဖူလုံစွာဖြန့်ဝေနိုင်ရေးအတွက် ဒေသအာဏာပိုင်များ ၊ အလှူရှင်များ၏ ပါဝင်လှူဒါန်းမှုဖြင့် လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် စည်ပင်သာယာရေးဦးစီးဌာနပိုင် တွင်းတူးစက်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် စက်ရေတွင်းများတူးဖော်ပေးလျက်ရှိသည်။ ထို့အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ကလောမြို့ ရေပေးဝေရေးအား နေ့စဉ် ရေအေးကန်မှ တစ်နေ့ရေဂါလန် ၁ဒသမ ၄သိန်းဖြင့်ရပ်ကွက် ၃၊ ၄၊ ၅၊ ၁ဝ သို့လည်းကောင်း၊ အင်းပြင်ရေထွက်မှ တစ်နေ့ ရေဂါလန်၁ဒသမ ၂သိန်းနှုန်းဖြင့်ရပ်ကွက် ၁၊ ၂၊ ၄၊ ၅၊ ၆၊ ရသို့ လည်းကောင်း ၊ သစ်ထွင်းရေထွက်မှ တစ်နေ့လျှင် ရေဂါလန်လေးသောင်းနှုန်းဖြင့် ရပ်ကွက် အမှတ် ၈၊ ၉၊ ၁ဝ သို့လည်းကောင်း အသီးသီး ဖြန့်ဝေပေးလျက်ရှိရာ ကလောမြို့အား တစ်နေ့လျှင် စုစုပေါင်းရေဂါလန် ၂ဒသမ ၈သိန်းခန့် ဖြန့်ဝေပေးလျက်ရှိသည်။ ယခုအခါ ရာသီဥတုပူပြင်း၍ ရေခန်းခြောက်မှုကြောင့် အင်းပြင်ရေထွက်နှင့် သစ်ထွင်းရေထွက် များမှ ပုံမှန်နှုန်းထားအတိုင်းရေပေးဝေနိုင်သော်လည်း ရေအေးကန်မှာ ရေလျော့နည်းလာသဖြင့် ရပ်ကွက် ၃၊ ၄၊ ၅၊ ၁ဝရပ်ကွက် လေးခုသို့ နေ့စဉ်ရေဂါလန် ငါးသောင်း၊ ရေသယ်ယာဉ်များ စုပေါင်း၍ ရေသယ်ယာဉ် ၁၁စီးဖြင့် မေ ၁ဝရက်မှ စကာ ရေရှားပါးသည့်ရပ်ကွက် ၃၊ ၄၊ ၅၊ ၁ဝ ရပ်ကွက်လေးခုသို့ နေ့စဉ်ရေများ သယ်ဆောင်ဖြန့်ဝေပေးလျက်ရှိသည်။ အလားတူ အောင်ပန်းမြို့ရေ ပေးရေးတွင်လည်း ငါးကြောင်အိ်ုင်ဆည်မှ တစ်နေ့ရေဂါလန် တစ်သိန်းနှုန်းဖြင့် နေ့စဉ်ပေးဝေလျက်ရှိသည့်အပြင် ရေရှားသော ရပ်ကွက်များသို့ မြို့နယ် စည်ပင်သာယာရေးအဖွဲကရေသယ်ယာဉ်လေစီးဖြင့် နေ့စဉ် သယ်ယူဖြန့်ဝေပေးလျက်ရှိကြောင်း ၂၀၁ဝခုနှစ်မေလ ၁၄ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 16, 2010 at 4:38 am

    ကျွန်တော်တို့ရပ်ကွက်ထဲကိုလည်း ရေတွေလာလှူတယ်
    ကျွန်တော်တို့ရပ်ကွက်ကတော့ တုံကင်ရေသုံးကြတာများတော့ သိပ်ပြဿနာမရှိသေးဘူး
    ရေလှူတာကတော့ မွန်မြတ်တဲ့အလှူပါ

Leave a Reply