လူကြီးသုံး အပေါစား အလှပြင် ပစ္စည်းဖြင့် ကလေးတို့အား လိမ်းခြယ်ပေးပါက သေရာပါ အရေးပြားရောဂါ ဖြစ်ပွား

guestktyJune 13, 20101min500

ဓာတုပစ္စည်း အလွန်အကျွံ သုံးစွဲထားသည့် အပေါစား အလှပြင် ပစ္စည်းများဖြင့် လသား ကလေးငယ် တို့အား ခြယ်သ ပေးခြင်း သည် သေရာပါ အရေပြား ရောဂါ ဆိုးများကို ခံစားရစေနိုင်သည်ဟု ကလေး အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။ ကလေးငယ် များ၏ အရေပြားမှာ အလွန်နူးညံ့ လှသဖြင့် ဈေးပေါပြီး ဓာတုဗေဒ အလွန့်အကျွံ သုံးစွဲထား သည့် အလှပြင် ပစ္စည်းတို့ကို လိမ်းခြယ် ပေးမိပါက သေရာပါ သမင်ဖြူ ခရုသင်း စသည်တို့ ဖြစ်ပေါ်နိုင်ပြီး အရွယ် ရောက်ပါက ရှက်ရွံစွာ လူတော မတိုးဝံသည့် အထိ ဖြစ်ပေါ်လာ နိုင်သဖြင့် ယင်း အပြုအမှုမျိုးကို အထူး ရှောင်ရှား သင့်သည်ဟု သိရသည်။ “အိမ်မှာက ကလေးကို အထိန်းနဲ့ထားတာ။ ကိုယ်မရှိတဲ့ အချိန်မှာ သူက ကလေးကို အပေါစားမိတ်ကပ် တွေ ၊ခရင်မ်ပတ်လူးပေးပြီး အလှပြင်ပေးတယ်။ဘယ်နှခါ လောက် လိမ်းပေးထားလဲ မသိဘူး။ ကလေးပါးမှာ အဖြူကွက် တွေပေါ်လာတော့ သတိထားမိပြီးကလေးအထူးကုဆီ သွားပြတယ်။ အရေပြား ဆရာဝန် ဆီရောက်တော့ ကလေးကို ဂရုမစိုက်ရ ကောင်းလားဆိုပြီး ဆူတာပေါ့ ။ ကုလိုက်ရတာလည်း သိန်းချီး ကုန်သွားတယ်။ အခုတော့ ခရုသင်း မဖြစ်တော့ဘူး ။ ဒါပေမဲ့ ပါးပေါ်မှာ အဖြူကွက် သေးသေးတော့ ကျန်နေသေးတယ်။ ကလေး အရွယ်ရောက်တဲ့ အခါပျောက်သွားလိမ့် မယ်လို့တော့ ဆရာဝန်က ပြောတယ်။ အချိန်မီသိပြီး မကုခဲ့ရင် ကလေး အရွယ် ရောက်တဲ့အခါ မျက်နှာမှာ အကွက်တွေ နဲ့ဘယ်လိုမှ လူတောတိုးရဲ မှာ မဟုတ်ဘူး။ သမီး မိ်န်းကလေးဆိုတော့ ပိုဆိုးတာပေါ့ ” ဟု ကိုယ်တိုင် ခံစားခဲ့ရသူ မိခင် တစ်ဦး က ပြောသည်။ ကလေးငယ် များ ၏ အရေပြားမှာ ထိခိုက်လွယ်သဖြင့် ကလေးသုံးပစ္စည်းများတွင် ဓာတုပစ္စည်း အနည်းငယ်သာ ပါဝင်စေရန်ပြုလုပ်ထားကြောင်း၊ ကလေးသုံး ပစ္စည်း (ဥပမာ- ဆပ်ပြာ ၊ ခေါင်းလျှော်ရည်) စသည်တို့ မရှိပါက လူကြီးသုံး ပစ္စည်းများဖြင့် အသုံးမပြုဘဲ ဒီအတိုင်း ရေချိုး ပေးသင့် ကြောင်း၊ ကလေးသုံး ပစ္စည်းများအား ထုတ်လုပ် ရာတွင် မပါဝင်သည့် ပစ္စည်းများမှာ ကလေး အသုံးပြုရန် မလိုအပ် သေး၍ ဖြစ်ကြောင်း သိရသည်။ ( Popular News )