=
-12/20/12
-1/8/2013
Google Play အတွက် App လုပ်ကြည့်လိုက်ပါကြောင်း..။
-1/9/2013
New User Registration အတွက် စပန်းအကာအကွယ် Plug-in ထည့်လိုက်ပါကြောင်း..
-1/21/2013
လူမဟုတ်သူတွေ ရီဂျစ်တာလာလုပ်တာများနေသညာ် ယူဆပါသဖြင့်.. သချင်္ာတွက်ရသော Plug-inအစား နည်းနည်းပိုခက်တာထည့်လိုက်ပါကြောင်း..
– မန်းဂဖက်ကွန်ဖရင့်န်တက်ခဲ့သည့် သူများအားရာထူးတိုးပေးနေပါကြောင်းနှင့် ကွန်ဖရင့်န်တက်သော်လည်း. မည်သည့်ပို့စ်မှမတင်ရသေးသည် ၂ဦးကိုမူ ချန်ထားပါဦးမည်ဖြစ်ပါကြောင်း…
-2/22/13
Plug-in တချို့ upgrade လုပ်လိုက်ပါတယ်ခင်ဗျ..
ပြဿနာရှိရင်ပြောစေလို…- ၁သိန်းပြည့်တော့မည့် etone အတွက်ငွေလွှဲပြင်ဆင်နေပါကြောင်း..
-3/6/13
ကထူးဆန်းမှ ဒေါ်လာ၁၀၀ လှူထားပါကြောင်းရွာသူားများကို အသိပေးပါတယ်ခင်ဗျား၊ ကျေးဇူးတင်လျှက်ပါလို့။ ၁ခါ..၂ခါ…. အကြိမ်ကြိမ်လှူနေတဲ့ ကထူးဆန်းဖြစ်ပါတယ်ခင်ဗျား။
-3/11/13
တိုင်ဝမ်က KoAung ထံမှ paypal တဆင့်လွှဲလှူငွေ ဒေါ်လာ၃၀၀ လက်ခံရရှိထားပါကြောင်း..။ ကျေးဇူးတင်လျှက်ပါနော။ အခုလှူတာ ဒုတိယအကြိမ်ပါ။ ၂၀၁၁ ဒီဇင်ဘာလကလည်း ဒေါ်လာ၃၀ဝ လှူထားဖူးပါတယ်။
– 3/14/13
ဦးဦးပါလေရာ says:ရွာသူားများရဲ့ အမည်ကိုတပ်ပြီး ခနဲ့စာ သရော်စာများရေးတဲ့ကိစ္စကတော့-
တကယ်တော့ ဘယ်လောက်အတိုင်းအတာဆိုရင် ဘယ်လိုလူမျိုးမှာ ဘယ်လိုထိခိုက်တယ်ဆိုတာ
လူအမျိုးမျိုးအလိုက် ကွဲပြားပါတယ်။ မနစ်နာအောင်အမြဲရေးနိုင်ဖို့ မသေချာပါဘူး။
ဒီလူက ဒီလိုရေးရင်စိတ်မဆိုးပေမယ့် ဟိုလူကရေးရင်တော့ စိတ်ဆိုးမယ် ဆိုတာမျိုးလဲ ရှိပါတယ်။
ဘယ်သူကဖြင့် ဘယ်လိုရေးရင် စိတ်မဆိုးဘူးလို့လဲ စာချုပ်ကြိုမချုပ်ထားပါဘူးနော…။
ဒီတော့ မရေးလျှင်အကောင်းဆုံး၊ ရေးလျှင်တော့ ကိုယ့်တာဝန်ကိုယ်ယူရမည်ဖြစ်ကြောင်း ကြေငြာအသိပေးသင့်ပါတယ်။အစိုးရ ပုဂ္ဂလိက ဌာနများမှ လူအမည်ရာထူး အတိအကျနဲ့ ဝေဖန်ရေးသားရာမှာ ရေးသူက လုံးဝတာဝန်ယူရမှာမို့ ရေးသူရဲ့ identity ပြည့်ပြည့်စုံစုံ ဖေါ်ပြထားတဲ့ ပိုစ့်များ ကွန်မင့်များကိုသာ လက်ခံသင့်တယ်။ ဥပမာ ကျုပ်ဆိုရင် အမည်ရင်း၊ ဓါတ်ပုံ၊ အလုပ်အကိုင်တွေကို အများသိအောင် profile တင်မထားဘူး။ ကျုပ်လိုလူမျိုးက အစိုးရ ပုဂ္ဂလိက ဌာနများမှလူများကို လူအမည်ရာထူး အတိအကျနဲ့ ဝေဖန်ရေးသားရင် ခွင့်မပြုထိုက်ဘူး။ Mod တွေက ဖျက်ပစ်သင့်တယ်။ ကိုယ်ကျတော့ မျက်နှာဖုံးစွပ်ထားပြီး သူများကို တဦးချင်းခွဲပြီး လက်ညှိုးထိုးဝေဖန်တာကို ခွင့်မပြုထိုက်ပါ။
အမှန်တော့ မူကိုပဲ ဝေဖန်ခွင့်ပေးသင့်တယ်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူကိုတော့ ဝေဖန် စွပ်စွဲ ခွင့် မပေးသင့်ပါ။ ဒီရွာဗွက်ပေါက်သွားမယ်ဖြစ်ကြောင်း……။
-4/28/13
etone ထံ မန်းဂဇက်တွင်စာရေးသားနေခြင်းအတွက် ပွိုင့်၁သိန်းပြည့်သွားသဖြင့် ရပိုင်ခွင့်ငွေ(ဒုတိယအကြိမ်) ကျပ်၁သိန်းလွှဲပြီဖြစ်ပါကြောင်း..
-5/2/13
ကမ္ဘာ့ကျွန်းနိုင်ငံရောက်ရွာသူား၃ဦးမှ စုပေါင်းလှူဒါန်းငွေ ဒေါ်လာ ၃၀ဝ ယနေ့တွင် paypal မှတဆင့်လက်ခံရရှိပါကြောင်း ရွာသူားများအားဝမ်းမြောက်စွာအသိပေးပါကြောင်း..
အဆိုပါငွေကို Server/Website Performance မြှင့်ရန်အခြားကုမ္ပဏီတခုငှားရမ်းဆောင်ရွက်ရာတွင် သုံးမည်ဖြစ်ပါကြောင်း..။
-May 2014 တွင် ကထူးဆန်းမှ ၁သိန်းနှင့် ကကြောင်ကြီးမှ ၁၀ဝဒေါ်လာ ရွာရံပုံငွေအဖြစ်လှူထားပါကြောင်းနှင့်…
ကိုရင်alinsett အားကျပ်၁သိန်းလွှဲပေးထားပြီဖြစ်ပါကြောင်း..။
518 comments
koaung
March 12, 2013 at 2:56 am
ဘာမှဖြစ်ပါဘူးဗျာ ရွာပြင်မှာဆန်တပြတာတွေမြင်ပြီး ရွာထဲမှာခေတ်မှီအောင် အင်တာနေရှင်နယ်နဲ့အပြိုင် ဆေးရိုးလှမ်းနည်းလေ့ကျင့်နေကြတာပါ တစိတ်ကို တအိတ် လုဎ်နေကြတဲ့ အထိမခံ ကိုရွှေဘားမန်းတွေပါဗျာ လေးစားရပါ၏
ကြောင်ဝတုတ်
March 14, 2013 at 10:41 am
အဲဒါလေးတော့ဗျာ… စိတ်ထဲရှိတဲ့အတိုင်းပြောရရင် မကျေနပ်ဘူး…
ရွာပြင်မှာ ဆန္ဒပြလို့ ရွာထဲခေတ်မီအောင်… ကြောင်ဝတုတ် ဒို့အရေးလုပ်ပြီး ဆန္ဒပြတာမဟုတ်ဘူး…
ဒီကိစ္စမှာ သူကြီးဘက်က စတိုင်းယားပိတ်မယ်လို့ စပြောလို့… စမှားလို့… မှားတဲ့အကြောင်းပြောတာပါ…
ဒီမိုရွာဆိုသော ဂဇက်မှာ… မှားလို့မှားတယ်ဆိုတဲ့အကြောင်းမပြောရဘူးဖြင့်…
တစိတ်ကို တအိတ်လုပ်တယ်လို့ မြင်နေတယ်ဆိုရင်ဖြင့်…
ဒီမိုရွာဟု တွင်တွင်အော်ထားသောဂဇက်မျက်နှာကို ဓားနဲ့လှီးထုတ်ပြစ်ဖို့ပဲရှိပါတော့၏…
ရှက်ဖွယ်လိလိ…
အဲဒီလိုလေး လှူထားဖူးတဲ့အတွက် ကျေးဇူးတင်ပါတယ်…
ဒါပေမယ့် အလှူရှင်တစ်ယောက်အနေနဲ့ အပြောအဆိုလေး၊ အရေးအသားလေး ဆင်ခြင်သင့်ပါတယ်…
ဒီလိုပြောရလို့စိတ်မကောင်းပါဘူး…
ကြောင်ဝတုတ်
kai
March 14, 2013 at 2:50 pm
တခြားသူတွေထက်.. ဒီစကားတွေကို.. ကိုရင်ကြောင်ဝတုတ်ကပြောတော့.. တော်တော်အံ့ဩမိတယ်..။
ဒီ Congress page မှာပဲ.. ရှေ့ကော်မန့်နည်းနည်းလေးသွားကြည့်လိုက်ရင်.. ကျုပ်ဘာရေးထားသလည်း.. ကိုရင်ဖတ်မိနိုင်မှာပါ…။
ပြန်ကူးတင်ပေးလိုက်ပါတယ်..
=========
=====
ဆိုတော့…
အဲဒီလို.. ဘာတွေဘာကြောင့်ဖြစ်လာသလည်း… ကိုရင်တောက်လျှောက်သိထားမယ် မထင်မိဘူး..။
ရှင်းပြဖို့ကျုပ်လိုသွားတယ်ပဲ..မှတ်ပါတယ်..။
ခဏနေ.. ချုံပြီးရှင်းပြပါ့မယ်..။
ကြောင်ဝတုတ်
March 14, 2013 at 4:49 pm
ဒီလိုပါသူကြီးရယ်…
ပြသနာဖြစ်နိုင်တဲ့အနေအထားကို ကျွန်တော်နားလည်ပါတယ်…
အဲဒီလိုပဲ သူကြီးရဲ့ရွာအပေါ်ထားတဲ့စေတနာကို သဘောပေါက်တယ်…
ကျီစားလွန်လို့ ရန်ဖြစ်နိုင်တဲ့အနေအထားကိုလဲ မြင်ပါတယ်…
ဥပမာ…
ကျွန်တော်နဲ့ ကိုအမတ်မင်းနဲ့ ရွာထဲကနေပတ်သက်ပြီးခင်မင်ကြတယ်…
အပြင်မှာလဲ ငယ်သူငယ်ချင်းလို ပြောမနာ ဆိုမနာ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ရှိကြတယ်…
အဲဒီတော့ သရော်စာအနေနဲ့ ကျွန်တော်က ကိုအမတ်မင်းကိုနောက်ပြောင်ပြီးရေးတယ်…
သူကလဲ ပြသနာမဖြစ်ဘူး… ဒါဆိုရင် ပွဲကပြီးပါပြီ…
တကယ်လို့များဗျာ…
ကျွန်တော်က မောင်ဂီကိုနောက်ပြောင်ပြီးရေးလိုက်တယ်… မောင်ဂီမကြိုက်ဘူး…
ဒေါသဖြစ်တယ်… ရွာထဲကပိုစ့်ကို Admin ကို Report လုပ်ပြီးဖျက်ခိုင်းတယ်…
သူကြီးက ဖျက်လိုက်တယ်… မောင်ဂီနဲ့ ကျွန်တော်ပို့စ်ထဲမှာ အပြန်အလှန် နားလည်မှုယူတယ်… စာရေးသူကလဲ သူ့အမှားအတွက်တောင်းပန်တယ်…
ဒါဆိုရင် ကြေလည်ပြီမဟုတ်လားဗျာ…
ဒါပေမယ့် စာရေးသူ ကျွန်တော်ကအမှားအတွက်မတောင်းပန်ဘူး… ခပ်တင်းတင်းနေတယ်ဆိုရင်… ဒီပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ မဝင်ဆန့်ဘူး…
သဟဇာတမဖြစ်ရင် မကြာတဲ့အချိန်မှာရွာသားအဖြစ်ကနေ မှေးမှိန်ပျောက်ကွယ် သွားမှာပဲ…
ကျွန်တော်တို့ နစ်နိမ်းတွေဟာ အားပေးမှုကြောင့်ဖြစ်လာတာမို့ အားပေးမှုမရှိဘဲ ဘယ်တော့မှကြာရှည်မရှင်သန်နိုင်ပါဘူး…
အဲဒီလိုပဲ…
မရည်ရွယ်ပဲဖြစ်တဲ့အမှားမျိုး…
စာရေးသူကမရည်ရွယ်ပေမယ့်… တခြာတစ်စုံတစ်ဦး၏ ပရောဂကြောင့်ဖြစ်စေ… နားလည်မှုလွဲတာကြောင့်ဖြစ်စေ… စာရေးသူနဲ့ နစ်နိမ်းအသုံးခံရသူကြားထဲမှာ
ပြသနာဖြစ်ရင် နီးစပ်ရာက ကြားဝင်ဖြန်ဖြေပေးကြရင်း…
ကြေလည်အောင်ဖြေရှင်းခဲ့တဲ့ သာဓကတွေ… အဖြစ်အပျက်တွေရှေ့မှာရှိခဲ့တာပါပဲ…
ဖြေရှင်းပေးတယ်ဆိုတဲ့နေရာမှာ ပိုစ့်အပေါ်မှာဖြစ်စေ… Personal email တွေကတစ်ဆင့် ဖြစ်စေ ဖြေရှင်းပေးခြင်းဟာလဲ အကျုံးဝင်ပါတယ်ဗျာ…
ရွာထဲကလူတွေဟာ… အဲဒီလောက်မရိုင်းကြပါဘူး… အဲဒီလောက် ဦးနှောက်မရှိမဖြစ် ကြပါဘူး…
စိတ်ဆိုးကြတုန်းခဏပါ… ပြီးသွားတော့လဲ ရွာကိုချစ်လျက်… ပြန်လာလျက်ပါပဲ…
အဲဒီလောက်ချစ်စရာကောင်းတဲ့ အမူအကျင့်တွေရှိတဲ့ရွာကြီးမှာ
ဒီလိုမျိုး ကာဖျူးထုတ်လိုက်တာတော့… ကျွန်တော်တို့ရွာသူ… ရွာသားတွေအချင်းချင်း ရင်းနီးမှု… အပြန်အလှန်ချစ်ခင်မှုကို အကြောင်းမဲ့ဟန့်တားရာရောက်တယ်လို့ ကျွန်တော်ထင်ပါတယ်…
အဲဒီလိုပဲ…
ရွာကိုဒုက္ခပေးနိုင်မယ့် ပိုစ့်တွေဆိုရင် Admin တွေ Mod တွေကနေ ဆုံးဖြတ်ပြီး ပိတ်ပိုင်ခွင့်ဟာ မန်းဂဇက်Admin Team ရဲ့လုပ်ပိုင်ခွင့်ပါ…
Admin နဲ့ Mod တွေလုပ်ပိုင်ခွင့်ရှိပါတယ်… ဘယ်သူ့မျက်နှာမှထောက်စရာမလိုပါဘူး…
ဒါဟာ ရွာကိုထိခိုက်နိုင်တဲ့အတွက် ရွာကိုကာကွယ်တာပါ…
ကိုကြောင်ကြီး နိုင်ငံရေသရော်စာရေးလာတာ… နှစ်ပေါက်နေပါပြီ… ပြသနာမရှိခဲ့ပါဘူး..ဘာဖြစ်လို့လဲဆိုတော့ စနစ်ကိုသရော်တာပါ… လူကိုသရော်ရာမှာလဲ အကန့်အသတ်ရှိရ ပါမယ်… ဘောင်ကျော်ပြီး ဂဇက်ကိုထိခိုင်နိုင်လောက်အောင် သရော်ရင်တော့ Admin နဲ့ Mod တွေကနေ လုပ်ပေးရလိမ့်မယ်လို့ မြင်ပါတယ်… ရွာ့လူကြီးများနဲ့ အချိန်မဆွဲဘဲ တိုင်ပင်ကြရမှာပါ… ရခိုင်အရေးတုန်းကလဲ ဒီလိုပဲ လုပ်ခဲ့ကြတာပါပဲ…
အဲဒီတော့ သူကြီးမင်းရဲ့ ဒီတစ်ခုကာဖျူးလေးကိုဖြင့် ရုပ်သိမ်းပေးပါခင်ဗျာ…
ရွာကိုချစ်တဲ့သူတွေ… ရွာကိုသံယောဇဉ်ကြီးကြတဲ့သူတွေအားလုံးက သူကြီးရွာကို ဗွက်ပေါက်အောင်မလုပ်ဘူးလို့ ကျွန်တော်ယုံကြည်လို့ပါပဲ…
ခင်မင်လျက်-
ကြောင်ဝတုတ်
kai
March 14, 2013 at 11:24 pm
ကိုရင်ကြောင်ဝတုတ်ရေ..
ကျုပ်ကရွာလူကြီးနဲ့..ရွာသူားတွေနဲ့ညှိနှိုင်းဆွေးနွေးလိုပါကြောင်း..ရေးတယ်..
နောက်အောက်ကကောမန့်မှာ.. ဆွေးနွေးတာလက်ခံသဘောတူတယ်ရေးတယ်.. ကျုပ်ဆုံးဖြတ်ချက်.. ပြန်ရုပ်သိမ်းတယ်ရေးတယ်..လေ..။ ၁၁ရက်နေ့ကတည်းကပါ..။
ကော်မန့်တွေရှုပ်ကုန်တာနဲ့..ဖတ်ရခက်ပြီး ဘာဖြစ်သွားမှန်းမသိလိုက်ကြဖြစ်ကုန်တယ်နဲ့တူတယ်..။
ဆိုတော့..
ရွာသူားများ “ခနဲ့စာ”.”.ပျော်ပျက်စာ”.. “သရော်စာ” ရေးနိုင်သည်။ မိမိရေးသောစာကို တာဝန်ယူရမည်။ နာမယ်သုံးထားခံရသူက မကျေနပ်ကြောင်းပြောလာလျှင် စောကတတက်ခွင့်မရှိ.. ဖျက်ပေးရမည်..တောင်းပန်ရမည်/ခွင့်လွှတ်ရမည်။
အဲဒီလို.. :harr:
ဦးကြောင်ကြီး
March 12, 2013 at 8:03 am
သမီးဒေါ်လေးတော့ ချမ်းသာပေးဂျပါကွယ်…
kai
March 13, 2013 at 6:08 am
myanmarnavy seadog ပို့စ်များကို ပစ်စာဟုယူဆပါသဖြင့်.. ပိတ်ထားပါကြောင်း..။
koaung
March 14, 2013 at 7:19 am
ချစ်ခင်ရသော ရွာသူရွာသားများ ညီအကိုုမောင်နှမများ ပျော်ပျော်ရွှင်ရွှင်နေကြစိုု ့ ကာလတွေကတိုုလွန်းလိုု ့(ဆရာပန်းမွှေး). စည်းလုုံးခြင်းသည်အင်အား လွန်တာရှိရင် ဝန္ဒာမိပါဗျား စာကောင်းပေကောင်းများနဲ ့
ရွာ ့သာယာရေး သယ်ပိုုးကြစိုု ့
koaung
March 14, 2013 at 2:07 pm
အေးဗျာ ကိုကြောင်ဝတုက်စိတ်မကောင်းတာတွေသိရလို့ ဆင်ခြင်သင့်တာဆင်ခြင်ရမှာပေါ့ သို့သော်ကျနော်စိတ်မကောင်းတာလေးတွေဝေမျှပေးပါရစေ
၁ မန်းတလေးဂဇတ်မှာ လွတ်လပ်တာတွေကို ဘယ်သူတွေဘယ်လိုအသုံးချသွားလို့ ကိုယ့်ကွန်မန်းတောင်ကိုယ်ပြင်ဆင်ခွင့်ပိတ်သွားသလဲ (ကောင်းလို့ပိတ်တာလား ဆိုးလို့ပိတ်တာလား လိုအပ်လို့ပိတ်တယ်လို့ယူဆတယ်)အဲဒါဘယ်သူ့ကြောင့်လည်း
၂ ကျနော်ကကိုယ်ဘာလုဎ်တတ်တယ် ဘာတွေလုဎ်ခဲ့တယ်ဆိုတာ ထက်နောက်နေ့ဘာလုဎ်ရင်ကောင်းမလဲ ဆိုတာကိုဦးတည်တတ်တဲ့လူ (ဆိုလိုတာကလှူတာကို ထဲ့ပြောစရာလိုမယ်မထင် ငါပိုက်ဆံပေးပြီးပြောချင်တာပြောမယ် ဆိုတာကြည့်သောသူမြင်၏) နပ်သင်းဖော်ကဲရားပါ
၃ မန်းတလေးဂဇက်ကိုလာတာ စာပေမြတ်နိုးတာရယ် သူကြီးကိုသစ်မင်းနဲ့တချို့သော လူကြီးမင်းများနဲ့စကားပြောရတာ ဗဟုသူတနဲ့အခြားအခြားသော လေ့လာမှူတွေအတွက်ပါဘဲ
၄ လှူတဲ့နေရာက ချွေးနဲစာကိုလှူတာမို့ လူမမှားဘို့ အလှူမမှားဘို့က ကျနော့ခံယူချက်ပါ ဒီနေ့ထိသံဝေဂမရပါကြောင်း
၅ သူကြီးရဲ့ဆာဗာလေးနေပြီး မန်းတလေးဂဇတ်ဝင်ရခက်တုံးက ခင်ဗျားစိတ်ထဲမှာဘာခံစားမိသလည်း
၆ ဖတ်ဖူးတဲ့စာ အတိုင်းမေးကြည့်ချင်တယ် ခင်ဗျားသူကြီးလုဎ်ပါလားဗျာ ကျနော်ပိုလှူနိုင်အောင်ကြိုးစားမယ် မောင်အောင်
kai
March 14, 2013 at 3:07 pm
ပြီးခဲ့တဲ့.. တပါတ်က.. ရွာထဲတင်တဲ့.. စာတခုနဲ့ပါတ်သက်ပြီး.. တိုင်စာတက်ပါတယ်..။
အရင်ကလည်း တိုင်စာတွေတက်ဖူးပြီး.. ပုဂ္ဂိုလ်ရေးထိခိုက်နေတယ်ထင်ရင်.. တတ်နိုင်သလောက် ရှင်းပေးခဲ့တာပါ..။
အဲဒီအချိန်မှာ.. ရွာသူားအချင်းချင်း.. ခင်လို့.. ချစ်ခင်စွာနောက်ပြောင်ရင်းကနေ.. ပြဿနာတက်နိုင်တဲ့အခြေအနေတချို့လည်း တွေ့ထားဖတ်ထားနေမိပါတယ်..။
ရွာသူားတွေအရင်ကလိုမဟုတ်.. အပြင်မှာခင်မင်ရင်းစွဲရှိ.. တကယ်လောကမှာပါ ပါတ်သက်လာကြတော့ကာ.. တချို့စာတွေကို.. “ခနဲ့စာ”.”.ပျော်ပျက်စာ”.. “သရော်စာ” အနေနဲ့ရေးရင်.. ရေးသူကိုယ်ကမသိသာပေမယ့်.. ဘေးလူ..စာဖတ်သူ.. အသိအမြင်တမျိုးဖြစ်နိုင်ပြီး.. ပုဂ္ဂိုလ်ရေးထိခိုက်သွားတတ်တာကို.. ကျုပ်ရဲ့အတွေ့အကြုံအရ.. အများကြီးမြင်ဖူးပါတယ်..။
ဆိုတော့… အပေါ်ကကော်မန့်မှာရေးထားတဲ့စာကို ရေးပြီး… ရွာလူကြီးများ.. ရွာသူားများနဲ့ညှိနှိုင်းဆွေးနွေးလိုပါကြောင်းရေးလိုက်ပါတယ်..
တချို့..လာရေးကြတဲ့အထဲ.. ဦးပါလေရာရေးတာကြိုက်နှစ်သက်တာမို့.. အဲဒီအတိုင်း ဖတ်သင့်တဲ့ သတိပေးစာအဖြစ်သတ်မှတ်ထားလိုက်ပါတယ်..။
အဲဒါက..အတည်ဖြစ်ပါကြောင်း..။
ဦးဦးပါလေရာ says:
ရွာသူားများရဲ့ အမည်ကိုတပ်ပြီး ခနဲ့စာ သရော်စာများရေးတဲ့ကိစ္စကတော့-
တကယ်တော့ ဘယ်လောက်အတိုင်းအတာဆိုရင် ဘယ်လိုလူမျိုးမှာ ဘယ်လိုထိခိုက်တယ်ဆိုတာ
လူအမျိုးမျိုးအလိုက် ကွဲပြားပါတယ်။ မနစ်နာအောင်အမြဲရေးနိုင်ဖို့ မသေချာပါဘူး။
ဒီလူက ဒီလိုရေးရင်စိတ်မဆိုးပေမယ့် ဟိုလူကရေးရင်တော့ စိတ်ဆိုးမယ် ဆိုတာမျိုးလဲ ရှိပါတယ်။
ဘယ်သူကဖြင့် ဘယ်လိုရေးရင် စိတ်မဆိုးဘူးလို့လဲ စာချုပ်ကြိုမချုပ်ထားပါဘူးနော…။
ဒီတော့ မရေးလျှင်အကောင်းဆုံး၊ ရေးလျှင်တော့ ကိုယ့်တာဝန်ကိုယ်ယူရမည်ဖြစ်ကြောင်း ကြေငြာအသိပေးသင့်ပါတယ်။
အစိုးရ ပုဂ္ဂလိက ဌာနများမှ လူအမည်ရာထူး အတိအကျနဲ့ ဝေဖန်ရေးသားရာမှာ ရေးသူက လုံးဝတာဝန်ယူရမှာမို့ ရေးသူရဲ့ identity ပြည့်ပြည့်စုံစုံ ဖေါ်ပြထားတဲ့ ပိုစ့်များ ကွန်မင့်များကိုသာ လက်ခံသင့်တယ်။ ဥပမာ ကျုပ်ဆိုရင် အမည်ရင်း၊ ဓါတ်ပုံ၊ အလုပ်အကိုင်တွေကို အများသိအောင် profile တင်မထားဘူး။ ကျုပ်လိုလူမျိုးက အစိုးရ ပုဂ္ဂလိက ဌာနများမှလူများကို လူအမည်ရာထူး အတိအကျနဲ့ ဝေဖန်ရေးသားရင် ခွင့်မပြုထိုက်ဘူး။ Mod တွေက ဖျက်ပစ်သင့်တယ်။ ကိုယ်ကျတော့ မျက်နှာဖုံးစွပ်ထားပြီး သူများကို တဦးချင်းခွဲပြီး လက်ညှိုးထိုးဝေဖန်တာကို ခွင့်မပြုထိုက်ပါ။
အမှန်တော့ မူကိုပဲ ဝေဖန်ခွင့်ပေးသင့်တယ်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူကိုတော့ ဝေဖန် စွပ်စွဲ ခွင့် မပေးသင့်ပါ။ ဒီရွာဗွက်ပေါက်သွားမယ်ဖြစ်ကြောင်း……။
တိမ်မည်း
March 14, 2013 at 3:18 pm
သဂျီး
ကျုပ်အထင် ရွာက လောလောဆယ် ဗွက်ပေါက်နေတယ်ဗျ……
လမ်းပြင်ဖို ့ ဘက်ဂျက် မကျသေးဖူးလား…………….
ကျရင် လမ်းပြင်ကြစို ့….
ရဲစည်
March 14, 2013 at 4:23 pm
ကျနော်ကတော့ အစရှိ အနောင်နောင် …..
တခါမှားပီးသားမို့ …..
တခါတည်း ကျေငြာပါ့မယ် …. ( အတည်ပါ)
မန်းလေးဂဇက်မှာ စာရေးရင် ထုတ်ပြန်ထားတဲ့ စည်းကမ်းကို လိုက်နာရမှာမို့ …..။
ကျနော် နောက်ကို ရွာသူ/သားများ နာမည်ကို သုံးစွဲပီး ဟာသသော်လည်းကောင်း၊ သရော်စာသော်လည်းကောင်း၊ ခနဲ့စာသော်လည်းကောင်း၊ ပျော်ပျက်စာသော်လည်းကောင်း မရေးတော့ပါလို့ ကတိပေးပါတယ်။
မဟာရာဇာ အံစာတုံး
March 14, 2013 at 4:47 pm
ကျုပ်လည်း ကိုရဲစည် နောက်က လိုက်ပါတယ် …
တလောကမှတင် ဒီလူရယ်၊ ကိုအမတ်မင်းရယ်၊ ကိုရွှေတိုက်စိုး ရယ် စတဲ့ စတဲ့ …
ဘော်ဒါတွေရဲ့ နာမည်ကို ယူသုံးပြီး အဲ့ဒီလို စာမျိုးတွေ ရေးခဲ့ပါတယ် …
ဒီအတွက် ပါဝင်သူ အပေါင်းကိုလည်း ခွင့်လွတ်ပေးကြဖို့
အနူးအညွတ် တောင်းပန်ပါသည့် အကြောင်း ….။
နောက်နောင်လည်း ရွာအတွင်းမှ လူများ၏ အမည်များနှင့် ဝတ္ထုဇာတ်လမ်းများ ရေးသားတော့မည် မဟုတ်ပါကြောင်း ….။
မဟာရာဇာ အံစာတုံး
amatmin
March 14, 2013 at 5:09 pm
ဟတ်လူဒွေ ..
ခင်ဗျားတို့က အမတ်မင်း..လို့ပဲ ထည့်ထည့်ပြောနေကြတယ်..
မသိရင် ကျုပ်ကကိုရင်ရွှေတိုက်ပို့စ်ထဲကလို
ဆူပူအားပေးလှူံဆော်စာရင်းဝင်ကြီး ဖြစ်နေပါ့မယ်.
အသာလုပ်ကြပါ ..ကိုယ့်ဆြာ ဒို့.. 🙂
အဆင်ပြေပါတယ်ဗျာ..ဆက်ရေးကြပါ..
ကြောင်ဝတုတ်
March 14, 2013 at 3:59 pm
ကိုအောင်ရေ…
ကော်မန့်ပိတ်သွားတာသည် vulnerable တစ်ခုကို ပြင်ဆင်ဖို့ ကြိုးစားတယ်လို့ပဲခံယူပါတယ်…
ကော်မန့် Edit လုပ်ခွင့်ပေးတဲ့နေရာမှာ ကော်မန့်တွေကိုပြင်ပြီး ဗလောင်းဗလဲလုပ်ရင် ပြသနာရှိနိုင်တာမို့ သူကြီးပိတ်လိုက်တယ်ထင်ပါတယ်… ရွာထဲက Admin နဲ့ Mod တွေနဲ့ Edit လုပ်ခွင့်ရှိသူ… လုပ်ခွင့်မရှိသူတွေရဲ့ Right ကိုပိုပြီးကွဲပြားအောင်လုပ်လိုက်တယ်…
Mandalaygazette ရဲ့ Admin Range ကို Upgrade လုပ်လိုက်တယ်လို့ပဲမြင်ပါတယ်…
ကိုအောင်ရဲ့ပုဂ္ဂိုဟ်ရေးအလှူကို ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်… ဒါပေမယ့် သူကြီးကို စတိုင်းယားကိစ္စဆန္ဒပြနေတဲ့အချိန်မှာ ဆေးရိုးလှမ်းနည်းလေ့ကျင့်နေကြတာပါ တစိတ်ကို တအိတ် လုဎ်နေကြတဲ့ အထိမခံ ကိုရွှေဘားမန်းတွေပါဗျာ ဆိုတဲ့စကားဟာ ဂဇက်ရွာလွတ်လပ်ခွင့်အတွက် ပြောနေကြ ရေးနေကြတဲ့လူတွေကို အတော်လေးထိခိုက်စေတယ်… ကိုယ်ကောင်းတာလုပ်ပေမယ့်လူတစ်ဦးတစ်ယောက်ရဲ့စကားတစ်ခွန်းကြောင့် ဘယ်လောက် ထိခိုက်စေနိုင်သလဲဆိုတာကို သိစေချင်လို့ ထည့်ရေးလိုက်တာပါ…
ထပ်ပြောရရင် ကိုအောင်ရဲ့ပုဂ္ဂိုဟ်ရေးအလှူကို မကောင်းမြင်ခြင်းမဟုတ်ကြောင်း…
နောက်တစ်ခုက ကျွန်တော်တို့ဂဇက်မန်ဘာဖြစ်တာနောက်ကျပေမယ့် သူကြီးရဲ့ဆာဗာအတိုက်ခံရတဲ့အချိန် ဂဇက်ပြန်မတက်နိုင်တဲ့အချိန်… ရွာနဲ့ကင်းကွာနေရချိန်တွေကိုလဲ ကျော်ဖြတ်ခဲ့ပြီးပါပြီ…
ကျွန်တော်လဲ တတ်နိုင်တဲ့ဘက်ကအစွမ်းကုန်ကူညီခဲ့ပေးပါတယ်…
ဒါဟာလဲ ရွာကိုချစ်လို့… ရွာကိုနှမြောလို့ပါ…
အဲဒီတော့ကာ… ရွာသားအချင်းချင်း ကိုအောင်ခံစားရသမျှလဲ ကြားပြီပါပြီ…
ကျွန်တော်လဲ ကျွန်တော်ခံစားရတဲ့အတိုင်း စိတ်ထဲရှိတာအကုန်ပြောပြီးပါပြီ…
သူကြီးဖြစ်လောက်တဲ့ အထိစေတနာပါရမီမရင့်သန်သေးလို့ ကိုအောင့်အလှူကိုလက်ခံဖို့ လောလောဆယ်မဖြစ်နိုင်သေးပါဘူးဗျာ…
ခင်မင်လျက်-
ဖက်ဖက်ကက်
koaung
March 14, 2013 at 4:33 pm
ကိုုရဲစည် တခုုတော့ပြောချင်တယ် ကိုုရဲစည်ရဲ ့အရေးအသားမိုုက်တယ်ဗျာ အပြီးသတ်လေးရေးစေချင်တယ်
koaung
March 14, 2013 at 4:56 pm
ကြုုံတုုံးလေးပါ ယောက်ကျားမှန်ရင် စောင်းပြောတာ မျက်စောင်းထိုုးတာ တွေဟာအင်မတန် မိန်းမဆန်တယ်လိုု ထင်မိတယ် (ငယ်ငယ်ကထဲကမကျေနပ်ရင် လက်သီးယှဉ်ထိုုးတာဘဲ အကျင့်ပါနေလိုု ့လားမသိ)နောက်ဆုုံး
တော့ ငါမှားလား မင်းမှန်လားသီချင်းဘဲဆိုုချင်ပါတယ်
Char Too Lan
March 15, 2013 at 1:17 pm
ဘာမှန်းမသိလို့ သိချင်စိတ်တွေများနေလို့ မေးတာနော်
ဦးလေးကောမန့်၂ခုလုံးက ကိုရဲစည်ကိုပြောတာလားဗျ …
ဘယ်သူ့ကိုပြောမှန်းမသိလို့…….
koaung
March 15, 2013 at 2:31 pm
ပြောချင်တာ အမတ်မင်းကိုုပါဗျာ
amatmin
March 15, 2013 at 2:54 pm
ကျုပ်က ခင်ဗျားကို ဘယ်နေရာမှာ ဘယ်လိုစောင်းလိုက်မိလို့..
ခင်ဗျားကခံစားပီး ငါ့ကိုစောင်းနေတာပါလားလို့
မြင်လိုက်တယ်မသိ.ကျုပ်ကတော့ ခင်ဗျားကို
မနေ့ကမှ ကိုဖက်တီးကပ် နဲ့ပြောနေတာ မြင်မိတာရယ် ..
ဆိုတော့ ကျုပ်ရေးတဲ့ကွန်မန့်တွေကို ..
စောင်းစောင်းကြီးများလိုက်ဖတ်မိသလား ကိုယ့်ဆြာရယ်.
pooch
March 15, 2013 at 3:01 pm
အားလုံးပဲ ကျမထပ်တောင်းပန်ပါတယ်နော် နားလည်မှုလွဲပြီး အားကုန်မှာစိုးလို့ပါ ။ ဒါတွေဟာ တကယ်တော့ ဘာမှ မဟုတ်ပါဘူး ။
မရည်ရွယ်ကြပါဘူး။ Please Please….
koaung
March 15, 2013 at 3:41 pm
အေးဗျာရွာထဲမှာဘာမှမပြောချင်ိလိုု ့ငြိမ်နေတာ မေးတော့ လဲ ယောက်ကျားပီပီဖြေလုိုက်တာပါ ကိုုယ်ဘာရေး
လဲ ကိုုယ်အသိဆုုံးပါဘဲလေ မရှင်းရင်ထပ်ပြောဘိုု ့ အဆင်သင့်ဘဲ အပြင်မှာမိုု ့ စာရိုုက်လိုု ့မကောင်းလိုု ့ပါ
Char Too Lan
March 15, 2013 at 4:38 pm
ဟုတ်ကဲ့ မသိတာဖြေပေးတဲ့အတွက် ကျေးကျေးပါ ဦးလေးရေ….
ကိုပေါက်(မန္တလေး)
March 14, 2013 at 5:14 pm
ကျနော်အမြင်ပြောရရင် ဒီတစ်ခါ သူကြီးရိုက်လိုက်တဲ့လက်ဆ ပြင်းသွားတယ်ထင်ပါ၏။
ခက်တာက ရဲစည်ပိုစ့်မှာ သူရေးတာကို မနှစ်သက်သူက ဘယ်သူမှန်းမသိတော့ဖြစ်နေတော့
နောင်ရေးရင်ဘယ်သူ့ကိုရှောင်ရမယ်မသိဖြစ်သွားတာပေါ့။
လူနာမယ်ထည့်ရေးချင်မယ်ဆိုရင် ကာယကံရှင်ကို ခွင့်တောင်းပြီးရေးတာပိုပြီး
ကောင်းပါတယ်။
အဲဒါဆိုရင် ဘယ်သူ့ ဘယ်သူမှ စကားပြောစရာမလိုတော့ဘူးထင်ပါတယ်။
Shwe Ei
March 14, 2013 at 5:28 pm
အွမ်း ရွာထဲမှာ စတိုင်ယာအရေးကောင်းသူတွေ အပုံကြီးရှိနေမှန်းသိရက်နဲ့
စတိုင်ယာနဲ့ ပတ်သတ်တဲ့ ရူးလ်တခု ရုတ်တရက် ထ ထုတ်လိုက်တဲ့ သဂျီးမင်းကို
ရက်စက်ပါပေ့လို့ဘဲ ပြောချင်တော့တယ်။
သဂျီးတျောက်ထဲကို သီးသန့် ခေါင်းစင်တပ်ပီး စတိုင်ယာရေးနေရရင် မင်းသမီးမကတဲ့ ဇာတ်ပွဲ
လူမဝင်သလိုနေမှာပေါ့ဂျာ။ ခက်စ်တယ်။ :byae:
စတိုင်ယာရေးသူကလဲ တာဝန်ယူနိုင်လို့ ရေးတဲ့လူများပါတယ်။
ခေါင်းရှောင်မဲ့လူမပါ၊ပါဝူး။ မကြိုက်တဲ့လူများလာလို့ ကန့်ကွက်တဲ့အကြိမ်ရေ တိုးလာလို့ဆိုရင်တော့
ဒီထက်ပိုပြီး ထွမ်စပယ်ရန်စီ ရှိရှိချပြသင့် အရေးယူသင့်ပါကြောင်း။
တော်သေးဘီ
လေးစားစွာဖြင့်
ရွှေအိ
လုံမလေးမွန်မွန်
March 14, 2013 at 10:23 pm
အခု ဖြစ်တဲ့ ကိစ္စမှာရော ထွမ်စပယ်ရန်စီ ရှိပေးပါလားဟင်..တကယ် နားမလည်လို့ပါ… ဖတ်မိသလောက်တော့ စာထဲမှာ အရမ်းဆိုးဆိုးဝါးဝါးကြီး မပါဘူးထင်တာပဲ… ဆိုတော့ စာကြောင့်လား၊ ကွန်မန့်တွေကြောင့်လား… ဘာကြောင့်လဲဆိုတာ ဖြစ်နိုင်ရင် ပြောပြစေချင်ပါတယ်.. အပျော်သက်သက် ခင်လို့ နောက်ပြီးရေးထားတဲ့ စာတစ်ပုဒ်ကို စတိုင်းယားခေါင်းစဉ်ကြီးတပ်ပြီး နောက်ဆုံး စတိုင်းယားပါ ပိတ်မယ်ဆိုတဲ့အထိကတော့ စိတ်ထဲ တစ်မျိုးဖြစ်သွားသလိုပဲ… ပြီးတော့ အပြင်လူတစ်ယောက်ရဲ့အမြင်အရတော့ ရွာထဲက ပို့စ်တွေထဲ နာမည်ထည့်ရေးတယ်ဆိုတာ အဲ့ဒီသူအပေါ်မှာ ခင်မင်စိတ်အရင်းခံရှိလို့ လို့ မြင်ပါတယ်. အခုထက်ထိ ဖတ်ရသမျှ ပို့စ်တွေထဲမှာလည်း ထိခိုက်နစ်နာအောင် ရေးထားတာ…မတွေ့မိပါဘူး.. တစ်ချို့ အပြင်လောကက အကြောင်းအရာတွေကို ထည့်ရေးပြီးနောက်ထားတာတွေတောင် ရှိပါတယ်..နာမည်အရင်းတွေထည့်ထားတာမျိုးတွေ၊ ပုံစံတွေကို နောက်ထားတာမျိုးတွေ..ဒီလိုပို့စ်တွေကို ဖတ်ရရင်တောင် သူတို့ အပြင်မှာ တော်တော်ခင်ပါလားလို့ပဲ တွေးမိပါတယ်…
ဒါ ဘေးကနေကြည့်တဲ့ လုံမရဲ့တစ်ဦးတည်း အမြင်ပါ… ဒီပို့စ်က ဒီလိုတွေဖြစ်တာတွေ့တော့ အရမ်းအံ့ဩမိလို့ ဝင်ပြောလိုက်ပါတယ်…
ခင်တဲ့
လုံမလေးမွန်မွန်
ဦးဦးပါလေရာ
March 15, 2013 at 12:15 am
ဒီလိုရှိပါတယ် သမီးရေ
အယ်ဒီတာဆိုတာ သူလိုက်နာရမယ့် စည်း ရှိပါတယ်ကွယ်။
(အဲသလိုလိုက်နာလို့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်း ကျောင်းထုတ်ခံရပြီး သခင်အောင်ဆန်းဖြစ်လာတာပေါ့)
အဲဒီတော့ သူမပြောရမယ့်ဟာကိုမပြောတော့ ဦးပါတို့လဲမသိရဘူးပေါ့
သို့သော်….
အကျိုးတိုင်းမှာ လုံလောက်တဲ့ အကြောင်းတွေ ရှိမြဲဖြစ်ပါတယ်။
အကျိုးကြီးကြီးတိုင်းမှာ လုံလောက်တဲ့ အကြောင်းကြီးကြီးတွေ ရှိတတ်ပါတယ်။
အဲသလိုပဲ မှန်းဆ နားလည်လိုက်ရမှာပေါ့နော…..။
ဒီပိုစ့်ကြောင့်ရယ်လို့တော့ ဦးပါလဲ မထင်ပါဘူး…။
တစ်ခုခု တိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်။
ဒီလိုအဖြစ်မျိုးမှာ ပိုစ့်ရေးလိုက်တဲ့သူကိုယ်တိုင်က ဘာဖြစ်သွားမှန်းတောင်သိလိုက်မယ်မဟုတ်ဘူး…..။
အခုတော့ ပြီးသွားပါပြီ
စတိုင်းယားလဲ မပိတ်ဖြစ်ပါဘူး..။
ဘယ်တုန်းကမှလဲ ပိတ်လိုက်ဖြစ်တယ်လို့မထင်ပါဘူး..။
ရေးရင် သတိထားရေးတာ ပိုကောင်းတယ် ဆိုတဲ့သဘောလောက်ပါပဲလို့ ဦးပါတော့ နားလည်လိုက်မိပါတယ်။
padonmar
March 14, 2013 at 10:59 pm
အခုဖြစ်နေတာ ကလေးတွေ စိန်ပြေးတန်းကစားတဲ့ထဲ
တုပ်ကွေးမိလို့ ကိုယ်လက်နာနေတဲ့ ကလေးမလေးကို လှမ်းပုတ်မိတော့ နာလို့ငို၊
သူ့အဖေ သဂျီးကြားတော့ မတော်တဆ လူကီးမီးယားရောဂါသည်ကိုများ ကစားရင်း ပုတ်မိလို့ သွေးမတိတ်ရင် ခက်ရချည်ရဲ့လို့ တွေးပြီး ရွာထဲ စိန်မပြေးရ၊ထုပ်ဆီးမတိုးရ အမိန့်ထုတ်၊
ကလေးမအဒေါ် ကျောင်းဆရာမက ရန်ဖြစ်ကြတယ်ထင်လို့ ကြိမ်လုံးပြင်။
ဒါကို ရွာ့ကာလသားတွေက မခံနိုင်ဖြစ်ပြီး ဒို့အရေးအော်၊
ဂျလေဘီသည်ကလည်း လူစုံတုန်း စိန်ပြေးတန်းမဆော့ကြရင် ဂျလေဘီမရောင်းရမှာစိုးလို့ ဈေးရောင်းသလိုနဲ့ စန္ဒာပြ၊
ရွာ့လူလတ်ပိုင်းကလည်း ဒို့အရေးတွေက ရပ်ရွာလုံခြုံရေးထိခိုက်ပါတယ်အော်။
ကလေးတွေကလည်း လူ့အဆင့်အတန်းခွဲပါတယ်ငြင်း။
(အမှန်တော့ ကလေးချင်းတောင် ပြေလည်လို့ ဖန်ခုန်တမ်း ဆော့နေပြီ)
အင်း…ကျုပ်အဖွားကြီး နေ့လည်နေ့ခင်း တစ်ရေးတစ်မောလေး အိပ်တာတောင် မဖြောင့်ဘူး။
ဆူညံနေတာပဲ။
ငှက်ကထကြီး ဦးပါကလည်း ဆေးလိပ်ထွက်သောက်နေတယ်ထင်ပါ့။
ဖြေရှင်းဖော်မရဘူး။
ကဲ သူကြီးထက်အသက်ကြီးတဲ့ အဖွားကြီးကျုပ်ကို ကြိမ်လုံးပေး၊
စည်းကမ်းတွေ အရမ်းထုတ်တဲ့ သဂျီးကို ကျုပ်မြေးတွေ ကောင်းကောင်းမဆော့ရလို့ လက်ဝါးဖြန့် တစ်ချက်။
ဟိုကျောင်းဆရာမ မလတ်ကိုလည်း ကျောင်းဆရာ တုတ်မကိုင်ရပြောထားရက်နဲ့ ကြိမ်လုံးထုတ်လို့ လက်ဝါးဖြန့် တစ်ချက်။
ဟိုကောင်လေးရဲစည်ကလည်း သူ့ဖာသာသူ ဆော့နေတာကောင်းရက်သားနဲ့ လူကြီးတွေက တောင်းပန်တာတောင် ဂျစ်ပေပေ လက်သီးပြင်လို့ လက်ဝါးဖြန့် တစ်ချက်။
ဂျလေဘီသည်ကလည်း ကလေးတွေကို မြှောက်ထိုးပင့်ကော်လုပ်လို့ တစ်ချက်။
ကိုအောင်ကလည်း ကလေးတွေကို တစ်စိတ် တစ်အိပ်လုပ်တယ်ပြောလို့ တစ်ချက်၊
ဟို လူပိန်လေး ဖက်တီးကက်က လူနဲ့ မလိုက် လေကြီးလေကျယ်တွေသုံးပြီး သူများအလှူကိုပါ ထည့်ပြောလို့ တစ်ချက်။
(နောင်လှူမယ့်သူမရှိရင် နင်တို့ ကစားကွင်း မချဲ့ရပဲနေမှာပေါ့၊တယ်ခက်တဲ့ကလေးတွေ)
လူပြိုကြီးမောင်မတ်ကလည်း လူကြီးဖက်ကလိုလို ကလေးဖက်ကလိုလိုနဲ့ သူကပါ မကျေနပ်ဘူးတွေ ထအော်နေလို့ တစ်ချက်။
ကဲ ရိုက်ရတာ မောပြီ။
ကလေးတွေ ကစားချင်တဲ့ သရော်စာလည်း မပိတ်ပါနဲ့။
ရှိမြဲ၊နေမြဲ၊ဆော့မြဲ၊ကစားမြဲ၊နောက်မြဲ၊ပြောင်မြဲ၊သည်းခံမြဲ၊ပြန်ချစ်မြဲ ရှိကြပါစေ။
ကလေးတွေကို ဘကြီးအောင်မိုးသူရဲ့ ခေါက်မုန့် တစ်ခုစီ ဝေပေးမယ်။
လူကြီးတွေကို ရေနွေးကြမ်းနဲ့ ထညက်ခဲ ကြွေးမယ်။
တော်ကြပါတော့။
ရွာထဲမှာ ဒီ့ထက် အရေးကြီးတာတွေ လုပ်ကြရအောင်။
kai
March 14, 2013 at 11:44 pm
ဟုတ်ပါတယ်.. ။
လုပ်စရာတွေအများကြီးပါ..။
. ဒီနှစ်ထဲ Big Change အတွက်.. ပြင်နေပါတယ်..။
အဲဒီတော့မှ.. တီဗီထဲမပါရလို့… စိတ်မကောင်းမဖြစ်နဲ့..။
.. နောက်ပြီးအတည်ပြောတာ..မဟုတ်ဖူးဆိုတာ.. မဟုတ်..။ :kwi:
ဦးဦးပါလေရာ
March 14, 2013 at 11:54 pm
အောင်မငေး…
သီသီလေးပါကလား….
ရွာပြင်ထွက်နေမိလို့ ကြိမ်လုံးစာမမိပဲ လွတ်သွားတယ်…။
:harr:
ရဲစည်
March 15, 2013 at 12:25 am
ဝမ်စွေ့ … ဝမ်စွေ့ …… ဝမ်ဝမ်စွေ့
ရှဲရှ်ရှဲ အားရ်ယီရ် ဟယ်ရဲဝါဟ်း…….. ။
………………………….။
တီးမ်းဝေါ့ခ်နဲ့ စထဲရ်ဂျီ ကိုတော့ အင်မတန် လေးစားပါကြောင်း ….။
အမှန်တော့ ..
ငါးဖမ်းတာ … ငါးမိပါတော့မယ် ခင်ည … အာဟိ
အမှန်တိုင်း ပြောရရင် ဘယ်သူ့ကိုမှ မမုန်းဘာ …
တခါတလေ …. ဂိမ်းကစားကြည့်တဲ့ သဘော
တကယ်ပြောတာပါ …. :kwi:
အရီးခင်လတ်
March 15, 2013 at 2:32 am
ဥက္ကဌကြီး လစ်တာနဲ့ နောက်တစ်ချက် ထပ်ခေါက်မယ်။ သတိထားနေ။ ဟင်းးးးးးးးး။
😛
amatmin
March 15, 2013 at 7:23 am
အရီးရေ..
အရီးအပါအဝင် ရွာ့လူကြီးများကို ယစ်မူးနေတယ်လို့..
ကျနော်ပြောလိုရင်းမဟုတ်ဆိုတာ..လေး
သိစေချင်ပါကြောင်း..
အသက်ကြီးလို့ လူကြီးဖြစ်တာ ဆိုတဲ့ လူစားမျိုးထဲ
ကျနော်တို့ ချစ်တဲ့ဂဇက်ရွာက လူကြီးတွေ မပါဘူးဆိုတာ
သိကြပီးသားပါ .. 🙂
surmi
March 15, 2013 at 12:30 am
ကျနော ့ပို ့စ်မှာဆို အစ်မပဒုမ္မာကော်မန် ့ကို Best ပေးပါတယ်ဗျို ့
ဟုတ်ပါ ့……. ခါတော်မှီဝင်ပြီးဈေးရောင်းလိုက်တာ နေ ့တွက်အတော်စီသွားတယ်
ဟဲ ဟဲ စာလေးလေးငါးကြောင်းရေး …. ပြီးတော ့ လင် ့ လေးတွေပေး
ဒီလိုနဲ ့ပို ့စ်တစ်ပုဒ်ဖြစ် …. :kwi:
ပွဲလန် ့တုန်း ဖျာဝင်ခင်းတဲ ့ ကျနော်မျိုးကြီးကို နှစ်ချက်ရိုက်သင် ့ပါ တယ်ဗျို ့ ……….
:harr: :harr: :harr:
အရီးခင်လတ်
March 15, 2013 at 2:30 am
ဥက္ကဌကြီး – မှားနေတယ်။
ကျွန်မ က ကြိမ်လုံးနဲ့ရိုက်တာ ဟုတ်ဘူးလေ။
ခေါင်းခေါက်လိုက်တာ။ (အရသာ ရှိလိုက်တာ – အဟိ) မှားလို့ (အားနာလိုက်တာ လို့ ပြောတာ) 😆
အတည်ပြောမယ်။
အစ်မပဒုမ္မာ က အရမ်းချစ်ဖို့ကောင်းတယ်။ တကယ်ပြောတာ။
ပိုပြီးကို ချစ်သွားပြီ။
(တိုးတိုး ဆက်ပြောမယ်။ သာသာလေးဘဲ ရိုက်နော်)
😛
koaung
March 15, 2013 at 7:46 am
ဆရာမရေကျေးကျေးပါ အဖွဲ ့အစည်းတခုုကိုု ဦးဆောင်မဲ့လူတွေ အမှန်ကိုုပြောရဲဝန်ခံရဲအောင်ကြုိုးစားလိုုက်ပါဦးလိုု ့ (အင်တာနက်မှာ ဖားရှာငါးရှာလူများပါမကျန်)
Foreign Resident
March 15, 2013 at 6:24 am
လိုရင်း ။
၁ ။ စတိုင်းယားလဲ မပိတ် ( မပိတ် ) ဖြစ်ပါဘူး..။
( နဲနဲလေး ဆင်ခြင်ကြရင်တော့ ကောင်းတာပေါ့ )
၂ ။ ဒီရက်ပိုင်းမှာ ( လူကြီး တစ်ချို့ပဲ ) သိလိုက်ရတဲ့ ၊
စိတ်မကောင်းစရာ ကိစ္စလေး တစ်ခုအတွက် ၊
သူကြီး ခေတ္တ စိတ် ဂယောက်ဂယက် ဖြစ်သွားရှာတာပါ ။
( သူကြီး ကို နားလည်ပေးလိုက်ကြပါ )
ဟီ ဟိ ။
ဦးဖွတ်ကျား
March 15, 2013 at 7:25 am
ကျုပ်သိသလောက်တော့. စတိုင်းယားမှာ ၂ခုပါတယ်ထင်တာပဲ
တခုက ဟာသဂုဏ်မြောက်မှု. နှုတ်ခမ်းလေးကွေးယုံပဲဖြစ်စေပါ.
သရော်စာဖတ်ရင် ပြုံးကို ပြုံးကြရမှာပါ. အနည်းလေးတော့
ဒီလူ့နှယ့် ပေါက်ပေါက်ရှာရှာကွယ် ဆိုပြီး.
ဒုတိယဂုဏ်ကတော့. ယုတ္တိမတန်မှုဖြစ်မယ် ထင့်
အနှီဂုဏ်ကို မြန်မာစာမှာ ဘယ်လိုဆခါ်တယ်တော့မသိ.
ဆိုလိုချင်တာ က လက်တွေ့ ဖြစ်လာနိုင်ဖွယ်ရာက လုံးဝမရှိ
သို့သော်. မဖြစ်နိုင်စရာတခုခု ဖြစ်လာခဲ့သော်. ဂလိုလုပ်သွားမှာပဲ
ဂလိုလုပ်သွားတာပဲ ဆိုတဲ့အတွေးမျိုး. အရေးမျိုး ဆိုပါတော့
သရော်စာနဲ့ ပတ်သတ်ရင်တော့. ရေးချင်ရေး. အေး ကိုယ်ရေးတာကိုယ်
တာဝန်ယူ ရီပို့တ်လုပ်လို့ ဖျက်ခံရရင်လည်း နားလည်မှုရှိ ဆိုတဲ့ အသံ-ဘောင်ကို
လက်ခံပါကြောင်း (အလျင်းသင့်ရင် ရေးဖြစ်အုံးမယ့်အကြောင်း). ပါခင်ဗျ
နောက်တခုကတော့. သရော်စာနဲ့ ပြောင်းပြန်ကျမလားမသိတဲ့
နာမည်ဘယ်လိုခေါ်ရမလဲ ဗျာ. အဲ့သည့်စာပေအကြောင်း.
ဟာသဂုဏ်မြောက်စွာ ထောက်ပြရှုမြင်တဲ့ သဘောလည်းမဆောင်ဘူး
အမည်နာမကိုလည်း လွှဲရေးထားမယ်. သို့သော် ဘယ်သူဘယ်ဝါ ကိုညွှန်းသလိုလို
သောက်တင်းပဲ ချသလိုလို. အထက်ကစကားကိုပြန်ကောက်ရင် ယုတ္တိကင်းမှုဂုဏ်မမြောက်ဘဲ
တကယ်ပဲ ဟုတ်သလိုလို. ထင်မိယောင်မှား ရေးသားတဲ့ စာမျိုးတွေ (ရံခါလည်းတွေ့ရဲ့) ကိုအားပေးသလို
ဖြစ်မှာမျိုး စိုးထိတ်မိရဲ့.
ဥပမာဗျကြောင်ဝတုတ်တယောက် ရုံးမှာ တကယ်မလိုတဲ့ ဆော့ဖ်ဝဲတေ မဖြစ်မနေ ထည့်ရမယ်ဆိုပီး ဆော့ဖွဲ ကန်ပနီဆီက ကော်မရှင်
ယူပီး လုပ်စားတဲ့ဇာတ်ထုပ် ကျနော်ရေးတယ်ဆိုပါဇို့. သူ့အလုပ်ကိုသိပီး ဖစ်နိုင်ဖွယ်ရာလည်း ရှိလို့ တကယ်ဟုတ်နေသယောင်
ရေးပါတယ်ဆိုပီး သူက ရီပို့ထ်လုပ်ဖျက်ချ. ကျနော်ပြန်တောင်းပန် ဂလို ပရော့ဆက်စ်မျိုး သွားကြရမယ် သွားကြနိုင်မယ် မဟုတ်လားးး
စတိုင်းယား ပိတ်သဟ. ဆိုရင်တော့. အပေါ်ကလို မုန်းလို့သော်လည်းကောင်း မလိုလို့သော်လည်းကောင်း
မူလစိတ်အခြေခံ အားနည်းချက်သော်လည်းကောင်း ဆော်လိုက်မဟ နှက်လိုက်မဟ သမလိုက်မဟ အတွေးနဲ့ပြည့်နေတဲ့
ကလောင်တချောင်းဟာ. ဥပမာဗျာ. ကျော်သောင် ဆိုပြီး နာမည်လွှဲယူမယ်. ဒီ ကာရိုက်တာသည် ဒီလူပါလို့ မပြောသည့်တိုင် သူ့
စရိုက်လက္ခဏာ သွင်ပြင် တွေကို ကျကျနနသရုပ်ဖော်မယ်. ( ဒီထိအမှန်နော) အဲ့
ဒုတိယပိုင်းကျမှ ဒီလူသည် ဘယ်လိုဆိုးယုတ်ကြောင်း ဘယ်လို မကောင်းတာလုပ်ကြောင်း ဘယ်လို
မဟုတ်တာလုပ်ကြောင်း ရေးမယ်ဆိုပါစို့ (တကယ်မဟုတ်သည့်တိုင်).
အရေးခံရသူအနေနဲ့လည်း နာမည် ပြောင်းထားလို့ ကွန်ပလိန်းခွင့်မရရှိရှာဘူးမလား.
အဟတ်. ဖြေးဖြေးပြောရင်လည်း ဟုတ်လို့နာသလား ဖြစ်မယ်.
ကြမ်းကြမ်းပြောရင်လည်း. မင်းကိုရည်စူးလို့လား နာမည်တူလို့လား ဖင်ပိ်ငြင်းမယ်. မဟုတ်လားး
ဆိုတော့ စာဖတ်သူကို ဟုတ်လေမလားပဲ ဆိုတဲ့
ထင်ယောင်ထင်မှား ရသပေးတဲ့ အောက်တန်းစား စာပေ လို့ပဲ ခေါ်ပါရဇီ.
အချုပ်ပြောရရင် စတိုင်းယား ကိုမပိတ်ပါနဲ့ ကိုယ့်တာဝန်ကိုယ်ယူဖို့ ပိုမို အားဖြည့်ထောက်ခံပေးပါ
စတိုင်းယား ရှိနေလျက် ထင်မိယောင်မှား အောက်တန်းစား စာရေးသားမှုမျိုးကို ဆန့်ကျင်ဖို့ ပိုပြီး
သတိထားဖို့ လိုပါတယ်.
နောက်ဆုံးတခု တောင်းပန်တတ်တဲ့ကာလချာပါ. မမှားရင်တောင် စိတ်အနှောက်အယှက်ဖြစ်စေမှုအတွက်
စိတ်မကောင်းကြောင်း တောင်းပန်ပါကြောင်း. ပြောတတ်မှုပါပဲ.
ဖွေးနေတဲ့ အစွယ်တွေ ထုတ်ပြတာ ဝိုင်းရိုက်တာ. လူမိုက်ငှားတာ.
သူရဲကောင်း သူတော်ကောင်း ဝါဒမဟုတ်လို့ပါပဲ. လို့မှတ်ထားတဲ့အတွက် ကျနော်တော့
ဘယ်တော့မှ မလုပ်ပါ. ဂလိုပါပဲဗျာ.
အိုဘယ့် စတိုင်ယာ
MaMa
March 15, 2013 at 7:41 am
ဘာမှမသိ
ဘာမှနားမလည်
ဘာမှမပြော
ဘာ ဘာ ဘာမှ မဟုတ်ဘူး။ :harr:
etone
March 15, 2013 at 9:29 am
အားလုံးပဲ မင်္ဂလာပါ ။
ဘယ်ကနေ ဘယ်လို စငြိပြီး ဘာတွေ ထဖြစ်လဲတော့ သေချာ ဂဃနဏ မသိပေမယ့် ကိုယ်ကတော့ မျက်နှာပြောင်နေကြအတိုင်း ဝင်ပြောင်မိသွားရင်း ….. အသိတစ်ခုရသွားတာက ပြောစရာရှိလျှင် ယောကျာ်းပဲဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် အစောင်းချိတ် အငေါ့အထော့လေးတွေနဲ့ ပြန်ပြောနိုင်မှ .. ဆိုတာလေးပါပဲ …… ခိခိ ….. :kwi:
ဒက်ကလောက် … ဒက်ကလောက် …. ဒက်ကလောက် …
ပုံ/ အောက်ဆီဂျင် etone :harr:
ကထူးဆန်း
March 15, 2013 at 9:52 am
ကျွန်တော်တော့ အန်တီပဒုမ္မာ နဲ့ အရီးလတ် ကို လူ့ အခွင့် အရေး ချိုးဖောက်မှုှုှု့ နဲ့ သူကြီးဆီ အရေးယူဖို့ စာပို့မယ် .. တိုင်မယ် .. အရေးမယူရင် စန်းဇ
သူကြီးက ပြောထားတယ် .. ဘယ်သူကမှ ဘယ်သူ့ ကို ဘယ်လို အကြောင်းနဲ့ မှ ရိုက်နှက်မှု့ မပြုရတဲ့ ။ အခု အန်တီပဒုမ္မာ က ရိုက်နေတယ် ။ အရီးလတ် က ခေါင်းခေါက်နေတယ် ။
မတိုင်စေချင်ရင် ဘာကြွေးမှာ လဲ ပြော …. :harr:
အဲ .. အရိုက်ခံရတဲ့ ထဲ သူကြီးလည်း ပါတော့ ဘယ်သူ့ ကိုတိုင်ရ မလဲ….. :bar: :bar:
အရီးခင်လတ်
March 15, 2013 at 10:01 pm
ဒေါက်
နာတွားလား ကထူးဆန်း။ 😛
မောင်မတ် ရေ
ရွာကို ပိုပိုပြီး တိုးတက်ဖို့ စေတနာ ရှိတဲ့ ဒီလူ ဒီလူချင်းတွေ ဒီလို ဒီလို နဲ့ ပိုပိုပြီး နားလည် လာကြတာ အမြတ်ပါဘဲ။
မဟုတ်လား။
အရီးတို့ နားလည်ပါ၏။
အရီးတို့ ကို နားလည်ပေးလို့လဲ ကျေးဇူးတင်ပါတယ်။
:-)))
amatmin
March 15, 2013 at 12:51 pm
အန်တီဒုံရယ်..မသိတဲ့သူတွေက ကျနော့ကို ခြံစည်းရိုးခွထိုင်တယ် ထင်နေပါ့မယ်.
ရိုက်ချင်ရင် ဆိုးလို့ရိုက်တယ်ပြောပီး ရိုးရိုးလေး ရိုက်ပါ နော့.. 🙂
ဆိုတော့ ခုငြိမ်နေဘီ.အေးနေဘီလို့ သိပေမဲ့ ပြောရမှစိတ်ရှင်းမိမှာမို့
ဘာလို့ဝင်ပါ ဝင်အကြောရှည်မိတယ်ဆိုတာလေး ပြောခွင့်ပြုပါအုန်း ရယ်..
အစပြန်ထုတ်ရရင်..ကျနော် ကိုရဲစီပို့စ်ကို ဖတ်တယ်ခင်ဗျာ.ကြိုက်ပါတယ် .
ဆိုးဝါးစွာ သရော်လှောင်ပြောင်ထားတာလည်းမတွေ့ပါဘူး
နောက်တခုက ကိုယ်ကလည်းဇာတ်ကောင် တနေရာမှာပါတာကိုး.
ဆိုတော့ နောက်ရက်မနက်.ပြသာနာ တက်ကြတယ်.
အဲ့ဒီမှာ ကိုယ်ကြိုက်မိတဲ့ စာတပုဒ်ကို နောက်ပြောင်မန့်သူရော.လိုရာဆွဲ ကွန်မန့်ပေးသူတွေကြောင့်ပါ.ရွာ့လူကြီးတွေက ဝင်ထိန်းသပေါ့ နော်(ထိန်းတာကြမ်းတယ်လို့ မြင်တယ်) အဲ့မှာ စာရေးသူမုဒ်ပျက်ရတယ်.ကိုယ့်စာကို အပြစ်ပြောခံရတယ်.
စာကို တကယ့်ကို စိတ်နှလုံးနှစ်ပီးရေးသူမှ သိနိုင်တဲ့ စိတ်ပျက်မှုမျိုးသူခံစားရတယ်..
နောက်တခု သရော်စာကို ပိတ်မယ်မပြောတောင်မှ ပိတ်မယ်လို့ စဉ်းစားနေပီဆိုတဲ့
အငြင်းဘက်ကို အားပြင်းစေမဲ့ ကွန်မန့်ကို မကြိုက်ခဲ့ကြဘူး.ဆိုတော့ ဂလိုပဲ ပြောမိကြတယ်..
သရော်မိကြတယ်..ဒီစာတွေက လူကြီးတွေကိုလှောင်တာမဟုတ်ဘဲ ဖြစ်ရပ်ကို
ပုံဖော်သရော်တာလို့ သိနိုင်ကြပါရဲ့ နဲ့..ကိုယ့်နဲ့ မတည့်တာကို ကြုံတုန်းနှိပ်လိုက်မယ်ဆိုသူရော.
ရွာဆူအောင်လုပ်နေတာသူတို့..ထစ်ကနဲဆို ဇောင်းထနေတာဒင်းတို့ပဲ ဆိုပီး ဆွမ်းကြီးဝင်လောင်းချင်နေတဲ့ ဆြာတချို့ကို ဝင်ချဉ်ရင်း ပါမိတာပါ ဗျာ..
ဆိုတော့ အမတ်မင်း ဟိုဘက်လိုလို.ဒီဘက်လိုလို မလုပ်ပါဘူး .
(ကြားကနှပ်ကြောင်းပေးပုံဖော်နေတဲ့ဆြာဒွေ)သူတို့ကို မကျေနပ်တာပါ ဗျာ..
ဆိုတော့ လွန်တာရှိ ဝန္ဒာမိရယ်ပါ… 🙂
pooch
March 15, 2013 at 2:47 pm
ကျမကနေ မထင်မှတ်ပဲ အစဆွဲထုတ်လိုက်တာ ခုတော့ အဆိုးထဲက အကောင်းဆိုသလို ဘယ်သူဘာဆိုတာ မထင်မှတ်ပဲ လယ်ပြင်မှာ ဆင်သွားသလို ဘွားဘွားကြီး ပေါ်လာမြင်လာရတာမို့ ကရဲစည်ကို ကျေးဇူးတင်တယ်။
ဘုရားကန်တော့တိုင်း နေ့စဉ် ကျန်းမာချမ်းသာပါစေ မေတ္တာပို့ရမယ် 😆
တို့ရွာကြီးလည်းကျန်းမာပါစေ ချမ်းသာပါစေ။ တရွာလုံးလည်း ကျန်းမာပါစေ။
ကျမကြောင့် မထင်မှတ်ပဲ အားလုံး နားလည်မှုလွဲပြီး ရွာဆူသွားရခြင်းကိုရော စိတ်အနှောင့်ယှက်ဖြစ်သွားရသူတွေအားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ် ။ မေတ္တာရှေ့ထားပြီး သဘောထားကြီးကြီးထားပြီး နားလည်ပေးကြပါ။
ဒါကြောင့်မို့ အိုဝဲလ်ရဲ့ ၁၉၈၄ ဆိုတဲ့ ကမာ္ဘကျော် နိုင်ငံရေး သရော်စာတခုက
စစ်သည် ငြိမ်းချမ်းရေး
လွတ်လပ်ခြင်းသည် ကျွန်စနစ်
မသိခြင်းသည် အင်အားဆိုပြီး ရေးခဲ့တာပါ။
ပြသာနာတခု အကြောင်းရာတခု ဖြစ်လာပြီဆိုရင် အကြောင်းကြောင့် အကျိုးတွေ ရှိလာတာပါ။
မသိခြင်းသည် အင်အားဆိုပြီး အသုံးချ မခံရအောင် ဖြစ်စဉ်တခုပေါ်မှာ ကျကျနန သုံးသပ်ပေးပါ။
နောက်တခုုက ကျမသည် ဘယ်လိုအရာ ဘယ်လို အကြောင်းကိုမှ အကြောင်းမဲ့ ရေးလေ့ ပြောလေ့မရှိပါ။
ဒီကိစ္စတွေ ဒီတင် ပြီးပါစေတော့ရယ်ပါ။ မလိုအပ်ပဲ အချင်းချင်း နားလည်မှုလွဲပြီး အားကုန်သွားမှာစိုးလှပါတယ်။
သူကြီးပြောသလိုပါပဲ ကျမတို့မှာ ဒီအသေးမွှားလေးတွေထက် ပိုပြီး ခုလက်ရှိဖြစ်ပျက်နေကြတဲ့ နိုင်ငံရေး လူမှုရေး ဘာသာရေးတွေမှာ ခဲနဲ့ ပေါက်ရမဲ့ လောင်ချာနဲ့ ထမ်းထုရမဲ့ ကိစ္စတွေ အကြောင်းရာတွေ အများကြီးရှိပါတယ် ။
အားလုံးပဲ ရှေ့သို့ ….. Forward….. 😀
ရဲစည်
March 15, 2013 at 3:32 pm
ဒဂယ်ပါ ကြီးဒေါ်ရယ် ….. ရယ်လည်း ရယ်ရပါတယ် ။
ဟိုကိစ္စကတော့ အဲ့နေ့ကထဲက ကျနော်လဲ တောင်းပန်ပီးသမို့ ကျေလည်ပီ ထင်ပါတယ်။ ကျနော့်ဘက်ကတော့ နိူးရှော့ပါ။
တရားခံက သဂျီးပါ … ( အရီးလဲ အဆစ်ပါတာပေါ့ )
ကျနော် အကျင့်မကောင်းတာလဲ ပါပါတယ် :harr:
ပြဿနာတစုံတရာ ဖြစ်လာရင် ဖြေရှင်းကြတဲ့အခါ
အပြိုင်အဆိုင် အနိူင်မခံ အရှူံးမပေး ငြင်းခုံကျတာထက်
အပြီးကျေလည်အောင် ဖြေရှင်းတာ ပိုကောင်းတဲ့ သဘောတရားပါ
ဆိုတော့
ကြားထဲက တရားသူကြီးက အဆုံးအဖြတ်ပိုင်ခွင့် ကြိုချလို့ မရပါဘူး။ တရားခွင်မှာလို ၂ဦး၂ဖက် အပြန်အလှန် လျှောက်လဲချက်တွေ သုံးသပ်နားထောင်ပီးမှ အဆုံးအဖြတ်ပေးသင့်ပါတယ်။ ဖြစ်ချင်တော့ ကာယကံရှင် ၂ယောက်က အေးဆေးဖြစ်နေချိန် ပြေလည်သွားတဲ့ အချိန်မှာ နောက်ဆက်တွဲတွေ ပေါ်လာတတ်ပါတယ်။ ဒါကို ကြိုမြင်တတ်ရပါ့မယ်။
ဒါကို ကျနော်က ငြင်းချင်လို့ ကိုဆာမိပို့စ်မှာ အစဆွဲထုတ်ပါတယ်။ ဒါလဲ မငြင်းလိုက်ရပါဘူးဗျာ 🙂 ပီးသွားပါတယ်။
အိုဘဲ့ ခရင်းမင်နိုလိုဂျီ
အဲဒီမှာဘဲ … သဂျီး သိပ်ကြိုက်တဲ့ အခွင့်အရေးတိုက်ပွဲတွေ၊ လူတန်းစားတိုက်ပွဲတွေ၊ လူကြီးလူငယ်တိုက်ပွဲတွေ …. အယူအဆ၊ မူဝါဒ အကုန်အစုံပလုံ ဝင်လာပါဘီ …
ဘာနဲ့ ဥပမာ ပေးရမလဲဆို … ၈၈ အသေးစားလေးပေါ့ဗျာ ..
ကျနော် မောင်ရဲစည်နဲ့ အမပုချ် စကားများ( များတောင် မများလိုက်ရဘူး) ရဲတွေ(လုံထိန်း) အရပ်သားတွေ ကျောင်းသားတွေ ဝင်လာ ရှေ့မှာက ၇၅ကျပ်တန် ပွိုင့်တွေ၊ ပြင်ဆင်ခွင့်တွေ ရာထူးတွေ ပိတ်သိမ်းထား။ တခါ ကျနော့်ပို့စ်က ထပ်ဆွဲစရာ နေရာမရှိဖြစ်နေတုန်း အစထွက်လာတဲ့ ကွင်းမှာ သူ့လူ ငါ့လူ မဆိုင်တဲ့ သူတွေ ချိန်းရိုက်ကြနဲ့ လူတစု အုံကြွမှုကြီး ဖြစ်ပေါ်လာပါတယ်။အဲ့တော့ ကျနော်တို့လဲ အာဇာနည်မဖြစ် သမိုင်းလဲမကောင်း နောက်ဆုံးတော့ တဖက်လှည့်နဲ့ အာဏာသိမ်းခံရမယ့် အရေး …… ဟမ်း………… အမယ်မင်း လို့သာ စပ်ဖြဲဖြဲနဲ့ အော်ငိုချင်မိပါတယ်ဗျာ
ကဲ ဟာသလေး နှောပီး အားလုံးကို ချစ်ကြည်ရေး ဖြစ်စေချင်ပါတယ် …။
မည်သူ့ မည်သူကိုမျှ အာဃာတမထားကြပါနဲ့ … ရွာသူ/သား အပေါင်းတို့ခင်ဗျား
အိုဘယ့် ဆွ ပေး နှိုက် ယူ
kai
March 15, 2013 at 4:00 pm
ဒီ၂ယောက်ပေါင်းပြီး.. ရွာလူကြီးတွေညာချနေသလားမသိ.. :buu:
koaung
March 15, 2013 at 4:18 pm
သူကြီးရာဒီလူတွေဘဲသူကြီးရာထူးပေးလိုုက်မြန်မြန် ကျနော်အလုုပ်ကောင်းကောင်းလုုပ်လိုု ့မရဘူးဗျ
ခင်ဗျားနဲ ့ကိုုသစ်မင်းသံယောဇဉ်ကြောင့်လာနေတာ ကိုုသစ်မင်းကလည်း ကျနော်တိုု ့ကိုုထားသွားတယ်
ကျနော့လုုပ်ရမည့် အလုုပ်ဆိုု ဘာမဆိုုကူညီသွားမှာပါ သူကြီးရှိနေသရွေ ့ပါ
Mr. MarGa
March 15, 2013 at 2:52 pm
ဘေးကနေ ထိုင်ကြည့်နေတဲ့ သိကြားမင်း နည်းနည်း မျက်စိနောက်သွားပြီ
ဘယ်လိုပဲဖြစ်ဖြစ်ပါ
အကုန်လုံးက ဒီရွာ ရေရှည်တည်မြဲရေးအတွက် ဝင်ရောက် သတိပေးကြတယ်လို့ပဲ ယူဆပါတယ်။
ဦးမာဃကတော့
လက်ရှိအချိန်ထိ သဂျီးနှင့် ရွာ လူကြီးသူမများ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို
ထောက်ပြစရာ မရှိသေး(မရှိသေး) ဟု ယူဆသွားပါတယ်။
ဒါပါပဲ။
ကြောင်ဝတုတ်
March 15, 2013 at 3:18 pm
လွှတ်တော်ထဲမှာ ကော်ဖီမစ်ပလိမ်းတွေတိုက်နေပြီဟ…
တီးဘရိတ်ထင်တယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
မဟာရာဇာ အံစာတုံး
March 15, 2013 at 5:18 pm
လွှတ်တော် ဆိုမှ …
ဟိုတစ်ခါ ဆြာသစ် ပြောခဲ့တဲ့ စကားလေးကို သတိရမိတယ် …
ဘာတဲ့ ………
” ကိုချက်ကြီးရယ် …။ လူတွေ မြင်သွားရင် မကောင်းဘူး …။ လွှတ်တော် ….။ “
ဆိုပဲ ……။ ဟဲ ဟဲ ဟဲ …..။
ခုလည်း ဒီလိုပါပဲ ………။
“အဲ့လိုဂျီး လုပ်ပါနဲ့ …..။ လွှတ်တော် ….။ ဒီမှာ နေတတ်တော့ဘူး …..။”
ကျုပ် ပြောလိုတာကတော့ ဒီလောက်ပါပဲ ….။

ကျေနပ်ရင်လည်း ကျေနပ်။ မကျေနပ်ရင်လည်း အသေသာ သတ်ကြဗျာ ….။
မောင် ပေ
March 15, 2013 at 8:28 pm
ကိုခင်ခ ကတော့ သူ ့ပို ့စ်မှာ ဖားတွေ အကြောင်း ရေးထားတယ်
ရွာထဲမှာတော့ မောင်ပေ ဖားမဖြစ်ချင်ပါဘူး
ဘာရမှာ ကြလို ့
နော
နော
အေ တို ့ရယ် ငှဲ ့
koaung
March 15, 2013 at 9:17 pm
အေးလေ သူကြီးကိုနာလှူလို့ ဘာရမှာကျလို့ (ဟီးဟီး အရဂါးနောက်တာ) ကပေပေါလို့ပေါကျိလာ
ဖားတုလို့ဒေါ့ ခရုမခုန်နဲ့နော် အိုင်ပျက်တတ်တယ် (ရှေးလူကြီးတွေရဲ့ ကြားဘူးနားဝ)
Shwe Ei
March 16, 2013 at 9:38 am
ဟုတ်ပဂျာ ဒေါ်လှ လှူနိုင်သူတွေမှမဟုတ် တရွာလုံးလဲ ဘဒူမှဘာမှ မရကျဘဲနဲ့ အဆင့်တန်းတေခွဲလိုက်ကျတာ အလှူရှင် အလှူခံ ပြည်တွင်းနေ ပြည်ပနေ လူငယ် လူဂျီး လစ်ဘရယ် ကွန်ဆာဗေးတစ် သဂျီး ရွာသူား အော် ဖားနဲ့ခရုတောင် အဆစ်ပါသေး
အိုဘဲ့ ဒီမိုရွာ :byae:
မောင် ပေ
March 24, 2013 at 8:57 pm
ကိုအောင် နဲ ့မအိ
ဟေ့လူတွေ
အဓိပ္ပါယ်တွေက လွဲကုန်ပြီ
ကျုပ် ပြောတာ က လှူတဲ့ ကိစ္စ မဟုတ်ဘူးဗျ
သဂျီးကို ဒေါ်လာလှူတာ ကျုပ်တောင် လှူချင်သေးတယ်
ကျုပ် ၂၀၁၂ မှာ စီးပွားတော်တော်ပျက်သွားလို ့၊ ငြိမ်နေတာ
weiwei
March 15, 2013 at 11:56 pm
နားလည်သွားအောင် အားလုံးပြန်ဖတ်ကြည့်လိုက်ရတာ ချာချာလည်သွားတာပဲ …
ဒီနေ့တစ်နေကုန် ဘာအလုပ်မှ မလုပ်ပဲ ထိုင်ဖတ်ပစ်လိုက်တာ …
ကိုပေါက်(မန္တလေး)
March 16, 2013 at 1:04 pm
တစ်ထိုင်ထဲနားလည်ချင်ရင် ဂိုက်ငှားမှရမယ်။
Mလုလင်
March 16, 2013 at 1:43 am
ဒီရက်ပိုင်း . . တော်တော် အလုပ်ရှုပ်နေတယ် ရယ် . . . . . ဟိုလူ တွေကလဲ ဖုန်းမဆက် ဘာမဆက် နဲ့ ဆိုတော့ . . ဘာမှ ကို မသိလိုက်ဘူး . . လာမယ့် March 27 ကို မျှော်နေ မိတယ်ဗျာ . . . . . . ကျုပ် ဘဝ အတွက် CHANGE !!!!!!!!!!!!! ပဲ ဗျို ့ …။
Char Too Lan
March 16, 2013 at 10:02 am
ကိုလုရေ… တူသွားပြန်ပီဗျ ကျနော်လဲ လာမယ့် March 27 ကို မျှော်နေတဲ့သူပါဗျာ 😀
ခင်ခ
March 16, 2013 at 11:54 am
ဆရာပေ နဲ့ ကိုအောင်ရေ ကျွန်တော်ရေးခဲ့တဲ့ ဖား အကြောင်းပိုစ့်က ရွာကိုရေးလိုခြင်းမဟုတ်ပါ။
အဲဒီရက်ပိုင်းက ဖတ်ရတဲ့ လက်ပန်တောင်နဲ့ တံတားနီ သတင်းတွေအရ နိုင်ငံရေးပိုစ့် အဖြစ်ရေးတာပါဗျ။
ရွာထဲကသူတွေရဲ့ ပြင်ပဆိုင်ရာကိစ္စတွေ ခင်ခ ခေါင်းထဲမှာ မရှိကြောင်းပါ။
koaung
March 16, 2013 at 1:46 pm
အေးဗျာ ဘာမှထပ်မပြောလိုုတော့ပါဘူး အားလုုံးပျော်ရွင်ရွင်စည်းစည်းလုုံးလုုံး နဲ ့ ကောင်းတာတွေဘဲတွေးကြ
ပြောကြပါစိုု ့ကိုုခရေ
အရီးခင်လတ်
March 16, 2013 at 6:05 pm
မှန်ပါတယ် ကိုအောင် ရေ။
အရှင်ဆန္ဒာဓိကရဲ ့ ဆုံးမစာလေးနဲ့ ပိတ်လိုက်ကြစို့လား။ :hee:
{{{
ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဉာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဉာဏ်များရင် ယဉ်ကျေးတယ်။
ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။
စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။
ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်း
ရှိရမယ်။
သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာ
အမှန်ပဲ။
ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင်
နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့
အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှု
ခေါင်းပါးခြင်းပဲ။
ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊
ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်
ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။
သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်
တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။
ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း
မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။
စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာတစ်ကယ်တော့ လောက
သဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊
နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကို
သဘောမပေါက်လို့ဖြစ်ပါတယ်။
တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊
ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကို
ရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဉာဏ်နည်းသူ
များရဲ့လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။
တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘဝပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။
စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့
နှလုံးသွင်းပါ။
လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။
နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစား
ဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။
အရှင်ဆန္ဒာဓိက
}}}
ရာမည
March 21, 2013 at 7:23 pm
အယ်ဒီတာခင်ဗျာ
မန်းဂဇက် ဝင်ရတာအရမ်းခက်ပါတယ် ။
ဝင်ရလွယ်ရင် ဒီထက်ပိုအောင်မြင်မယ်ထင်မိပါကြောင်း ။
ဥပမာ ။ ။ ဖုန်းဆိုင်များမှ အင်တာနက်စမ်းပြလျှင် ဝင်ရလွယ်သော သစ်ထူးလွင်ကိုစမ်း၍ ဝင်ပြပါသည် ။
ထို ့ကြောင် ့ လူအများမှာ သစ်ထူးလွင်ဆိုက်ကိုသိသွားကြသည် ။
ယခုကဲ ့သို ့အချိန်သည် သစ်ထူးလွင်ကို လူအများစုဖုန်းဖြင့် ဝင်ဖတ်နေကြောင်းတွေ့ရပါသည်
မန်းဂဇက်သည်လည်း ဤသို ့ဝင်ရလွယ်ပါမူ…..
GZ
March 21, 2013 at 8:16 pm
ကိုရာမည ရေ
ဒီ လွှတ်တော်ရဲ့ စာကိုယ်မှာပဲ android smart phone တွေ အတွက် APK ထည့်ပေးထားတယ်လေဗျာ
ဆိုက်ကို mobile version နဲ့ ဖတ်နိုင်အောင် လို့ပါ. iOS အတွက် app တော့ မရှိသေးဘူးခည
iOS သုံးသူဆိုရင်တော့ WordPress app သုံးပြီး ဖတ်နိုင် ရေးနိုင်ပါရဲ့ဗျာ.
(jailbreak လုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်)
အစိကိုပြောတဲ့ ဆိုက်နဲ့ မန်းဂဇက်ကို တိုက်ရိုက်နှိုင်းလို့မရတဲ့ အချက် ၂ခုရှိတယ်ဗျ.
တခုက သူသည် သတင်းဆိုက်. နောက်ပြီး contents တွေ အားလုံးကို admin or admin team ကတင်တယ်
မန်းဂဇက်သည်. သတင်း ဆိုတာထက် ဘလော့ဂ် ပိုဆန်တယ်. သတင်းပါမယ် ရသပိုင်း ဝတ္ထု တိုရှည်
ဆောင်းပါး ကဗျာ တွေပါမယ် သုတပိုင်း စာမူတွေ ပါမယ် သတင်း ကအစိတ်ပိုင်း တခုမျှသာဖြစ်ပါတယ်
အဲ့ contents တွေ ကလည်း ယူဇာတွေ က ဝိုင်းဝန်းဖြည့်ဆည်းကြတာ. သဂျီး တင်တာလည်းတင်တာပေါ့ဗျာ
သို့သော် အများစုက မန်ဘာတွေ ဒိုင်ခံရေးတာခည. အဲ့ဒါတွေ ကွာခြားပါကြောင်း.
မန်းဂဇက်မှာ အစိတ်ပိုင်း ၂ ခုရှိတယ်ခည. အစိတ်ပိုင်း တခုက ကျနော်အပေါ်မှာ ပြောသွားတဲ့
Web contents ပိုင်းပေါ့ဗျာ. နောက်ထပ် အစိတ်အပိုင်းကတော့ paperback နဲ့ တကယ် ထုတ်လုပ်ဖြန့်ချိတဲ့
ရတနာပုံမန္တလေးဂေဇက် သတင်းစာပါပဲ.
အဆိုပါသတင်းစာကတော့ ကမာ္ဘအရပ်ရပ်က မြန်မာတွေရဲ့သတင်းကို စုစည်း တင်ပြတဲ့ လစဉ်ထုတ် (အထင်) သတင်းစာ ဗျ
အဲ့သည့်မှာတော့ သက်ဆိုင်ရာ အယ်ဒီတာများ စာရေးဆြာများက ဝင်ရောက်ရေးသားကြပါတယ်.
ဟော့သည့် web content ပေါ်က ယူဇာများရဲ့ ပိုစ့်ကောင်းတွေကိုလည်း အလျင်းသင့်သလို စာမူခ
သီးခြားချီးမြှင့်ပြီး သုံးစွဲ နေရာပေးပွဲထုတ်လေ့ရှိပါတယ် ဗျ. အဲ့သည့်အပိုင်းမှာတော့ သတင်းစာပီပီ
သတင်းဦးစားပေးမို့ ဆိုက်ပေါ်က မန်ဘာတွေရဲ့စာက minority အနေဲ့ပဲပါဝင်နိုင်ပါလိမ့်မယ်
ဝင်ရ ခက်တာ လွယ်တာကတော့ ပထမ connection ပေါ့ဗျာ. နောက်တခုကတော့ security ပိုင်းအရ
စိစစ်ရတာ အလွှာတွေ ခြားရတာ တွေရှိတော့ slow connection မှာဆိုရင် ဝင်ရခက်တတ်ပါလိမ့်မယ်ဗျို့.
သည်အတွက်အကြံပေးချင်တာကတော့ Opera browser ကို သုံးတာပါပဲ
သူ့မှာ turbo ဆိုတဲ့ feature ပါသဗျ. သူက ဘယ်လိုအလုပ်လုပ်သလဲ ဆိုရင်
Web page တခုခုကို စပြီး load လုပ်လိုက်တာနဲ့ အဲ့သည့်မှာ ပါဝင်တဲ့ image file
တွေကို တဝက် ဒါမှမဟုတ်အဲ့သည့်ထက်ပိုတဲ့ နှန်းနဲ့ လျှော့ချ ပြီး run စေတာပါပဲ.
သည်တော့ မြန်တယ်ပေါ့ဗျာ. ဒတ်ပုံပို့စ်လိုဟာမျိုးကတော့ တမျိုးပေါ့ သာမန်
ပုံထင်ယုံလောက် ကြည့်ချင်တဲ့ သတင်းပိုစ့်မျိုး ဆိုရင်တော့ သည်နည်းက slow connection အတွက်
အတော်ကောင်းသဗျို့.
ကော်နက်ရှင်မကောင်းတဲ့အချိန်မှာ ၁ မဂ္ဂါလောက် ရှိတဲ့ စာမျက်နှာကို သူနဲ့ဆိုရင် ဝ. ၅ မဂ္ဂါလောက်
ဖြစ်သွားမှာမို့ အဝင်ခက်တာ တဝက်လောက် သက်သာမယ် မြန်ဆန်လာမယ်လို့ လက်တို့လိုက်ရပါကြောင်းဗျာ
တော်သေးဘီ
ခင်တဲ့
ဂီ
GZ
March 21, 2013 at 8:20 pm
P.S သဂျားကိုစီး သဂျက်သမီး မှ ဝင်ဖြေသွားပါသည်.
အာဟိ
:harr:
ဒက်ဂလောက် ဒက်ဂလောက်
Wow
March 22, 2013 at 3:49 pm
လော့အင်ဝင်မထားရင် ကောမန့်တွေတောင်ကြည့်လို့မရတော့ဘူးထင်တယ်…
သဂျီးအတော် လိမ်မာရေးခြားရှိလာဘီ…. :harr:
kai
March 22, 2013 at 3:54 pm
တကယ်ကြီးလား..
အဲဒါပျက်နေတာဟဲ့..
ဒေတာဘေ့စ်က.. ၁ဂစ်ကျော်လာလို့.. ပြဿနာရှာနေတာနဲ့.. Indexes ထည့် ပညာပြလိုက်တာ.. အပြလွန်ပြီး.. ပျက်သွားတာဖြစ်မယ်.. :buu:
အနိစ္စ..
Wow
March 22, 2013 at 4:02 pm
တိပါဝူး… သာမီးကောင်းမှုနဲ့ ဒဂျီးများ အပြင်လူ ကြည့်မရအောင်လုပ်လိုက်တာလားလို့…
မိုက်ကယ်ဂျော်နီအောင်ပု
March 22, 2013 at 6:29 pm
ကွန်ဂရစ်
ဆိုလို့ ဘါများလဲမှတ်ဒယ်
ဒါဘါလား
ဪာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်
ကွန်ဂရစ် ကွန်ဂရစ်
ဒို့ရွာမှာလည်း ချမ်းတဲ့အခါ မီးပုံပြီး မီးလှုံရင်းပြောခဲ့ကြတာတွေဟာလည်း
ကွန်ဂရစ်ဘါဘဲလား
ဪာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်
ကွန်ဂရစ် ကွန်ဂရစ်
အရီးခင်လတ်
March 25, 2013 at 3:22 am
😆
kai
April 1, 2013 at 2:49 pm
ဧပြီအရူးမဟုတ်ပါ..
တကယ်ကို.. မန်ဘာအသစ်(ရွာသားသားအသစ်) များအတွက်… တိုးထားပေးတာပါ..
ပွိုင့်ပြန်မလျှော့ကြောင်း..အာမခံသည်…။ :kwi:
MaMa
April 1, 2013 at 6:54 pm
သဂျီးကို
ှဆန္ဒပြမယ်
သပိတ်မှောက်မယ်
မန်ဘာအသစ်တွေကိုချည်း တိုးပေးနေတယ်။
သမ္မတကြီးတောင် လက်ရှိဝန်ထမ်းတွေကို လစာတိုးပေးနေတာ…
ဝန်ထမ်းအသစ်ခေါ်တာ မဟုတ်ဘူး။ :eee:
kai
April 2, 2013 at 2:44 am
တိုးပေးသွားပါတယ်အမတော်ရယ်..
ကော်မန့်တခု.. ၂ပွိုင့်ကို.. သုံညတလုံးတိုးပေးသွားတာ.. :kwi:
Mr. MarGa
April 3, 2013 at 6:05 pm
တိတိကျကျ ဘယ်လောက် တိုးပေးတယ်ဆိုတာကို ကြေညာပေးစေလိုပါသည်ခည
လွှတ်တော်မှာ ဖြည့်ရေးပေးပါရန်
ထို့အပြင်
ပို့စ်တစ်ခု လေးဆယ်ကျော်ကိုလဲ တိုးပေးမပေး သိလိုပါကြောင်း :kwi:
MaMa
April 4, 2013 at 6:08 pm
ပိုစ့်တစ်ခု ၄၅
ကွန်မန့်တစ်ခု ၁၅ ပေးတာတွေ့တယ်။
အထူးစပါယ်ရှယ် ပရိုမုတ်လုပ်ထားတာက….
ကိုယ့်ပိုစ့်မှာ လာပေးတဲ့ ကွန်မန့်ကို အရင် ၂ပွိုင့်ပေးနေရာက ၂ဝ ပေးတာ။
ခုရက်ထဲ ပိုစ့်များများတင်အုံးမှ။ :kwi:
Mr. MarGa
April 4, 2013 at 6:12 pm
အဟမ်း အန်တီမမရေ
ကျွန်တော် လေ့လာသိရှိရသလောက်
ပို့စ်တစ်ခု ၁၀၀
ကော်မန့်တစ်ခု ၁၅
ကိုယ့်ပို့စ်မှာ လာပေးတဲ့ ကွန်မန့်ကတော့ မပြောင်းသေးပါကြောင်း
နှစ်ကျပ်သာ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း
အဲဒါလေး :kwi:
GaviaGirl
April 4, 2013 at 6:43 pm
သဂျားကိုထောက်ခံပါတယ်…. 🙁
အနော့်ဆီမှာလည်း 2 ကျပ်ပဲတွေ့တယ်…
kai
April 5, 2013 at 12:10 am
ခုလောလောဆယ်.. ပို့စ်တခု ၁၀၀
ကော်မန့်တခု ၁၅။ – ပို့စ်ပိုင်ရှင် ၂ကျပ်
လော့ဂ်အင်ဝင်တာ.. သင်္ကြန်နီးတော့ သိကြားမာဃကောင်းမှုနဲ့.. တရက် ၄ဝ လုပ်ထားကြောင်း..
၄/၄/၂၀၁၃
Mr. MarGa
April 5, 2013 at 4:28 pm
ကောင်းပါလေ့ ကောင်းပါလေ့
:harr: :harr: :harr: :harr:
kai
April 6, 2013 at 3:02 am
ကိုနေ(naywoonni) ကို “တန်ရာတန်ကြေး- နေဝန်းနီ” (Apr 2013 ထုတ် မန္တလေးဂဇက်)ကဗျာ ပုံနှိပ်စာမူခ ပွိုင့်၁သောင်း ထည့်ပေါင်းပေးထားပါကြောင်း..
အရီးခင်လတ်
April 7, 2013 at 9:33 pm
Congratulations ပါ ကိုနေ ရေ။
surmi
April 7, 2013 at 2:42 pm
သဂျီးမင်ခင်ဗျာ
ကျနော ့ပို ့စ်တစ်ပုဒ်ကို ရေးမပြီးသေးသဖြင့် ဒရက် ထဲ၌သိမ်းထားရာ
ယခုရှာမတွေ့ပါပဲပျောက်ဆုံးသွားပါသဖြင့် မည်သို ့မည်ပုံ ဆက်လက်ဆောင်ရွက်ရမည်ကို
ညွှန်ကြားပေးစေလိုပါကြောင်းးးးးးးးးး
အကြမ်းလည်းရေးပြီးသားမရှိနိုင်တော ့ပါ သဖြင့်
နေဝန်းနီ
April 11, 2013 at 9:24 pm
ဂဗက်တက် လွှတ်တော်ကလည်းရှာလိုက်ရတာ တစ်ရက်က ရွာသားတစ်ယောက်က (ဆာမိ)လားမသိ မမှတ်မိတော့ဘူးရယ်…။ သူက သတင်းပေးလို့ ကွန်ဂရက်ထဲမှာ ရေးထားတာတွေ့တယ်ဆိုလို့ လိုက်ရှာလိုက်ရတာ…..။ ခုမှပဲတွေ့တော့တယ်….။ ကျေးဇူးတင်ပါတယ် သူကြီး….။ ဘာလို့ဆို ကျနော့်ကဗျာကို ရွေးလို့ပါ….။
:harr: :harr: :harr: :harr:
kai
May 1, 2013 at 3:06 pm
etone (99403 Kyats ) မို့.. ကျပ်၁သိန်းပို့လိုက်တာ.. အခုလောက်ဆို.. ရလောက်ပြီထင်ပါကြောင်း..
အများအတွက်.. ဈေးရောင်းကုသိုလ်ယူနေရင်း.. စိတ်ချမ်းသာပါစေလို့..။
ရွာသူားတွေကော်မန့်အရေးကျနေတာမို့.. ကော်မန့်တခုရေးရင်ရတဲ့ပွိုင့်၂ဝ တင်လိုက်ပါတယ်..
အဲဒါလေး…
KZ
May 1, 2013 at 3:29 pm
ရေးအားတွေ ကျမပေါ့ တဂျီးရယ်။
ကျနော့ ဆီက ကို ဘာဖြစ်မှန်းမသိ
ကော်မန့်ရေးပြီး ပြန်ပြုတ်ကျကျသွားလို့ စိတ်ညစ်နေတာ။
:buu:
ပြည်တွင်းက အတော်ဝင်ရခက်သတဲ့။
kai
May 4, 2013 at 11:30 am
-4/28/13
etone ထံ မန်းဂဇက်တွင်စာရေးသားနေခြင်းအတွက် ပွိုင့်၁သိန်းပြည့်သွားသဖြင့် ရပိုင်ခွင့်ငွေ(ဒုတိယအကြိမ်) ကျပ်၁သိန်းလွှဲပြီဖြစ်ပါကြောင်း..
-5/2/13
ကမ္ဘာ့ကျွန်းနိုင်ငံရောက်ရွာသူား၃ဦးမှ စုပေါင်းလှူဒါန်းငွေ ဒေါ်လာ ၃၀ဝ ယနေ့တွင် paypal မှတဆင့်လက်ခံရရှိပါကြောင်း ရွာသူားများအားဝမ်းမြောက်စွာအသိပေးပါကြောင်း..
အဆိုပါငွေကို Server/Website Performance မြှင့်ရန်အခြားကုမ္ပဏီတခုငှားရမ်းဆောင်ရွက်ရာတွင် သုံးမည်ဖြစ်ပါကြောင်း..။
Myo Thant
May 4, 2013 at 12:18 pm
အမယ်လေး
လိုက်ဖတ်လိုက်တာ သားသားဖြင့် တစ်ပိုင်းလောက် မော့လိုက်ရသလို ချာချာကို လည်လို့
ရွာသားဖြစ်ရတာ မလွယ်ပါလား
သို့သော်ငြား ရွာသားအသစ်မို့ ဘာမှ မပြောတတ်ပါဗျို့
ဦးဦးပါလေရာ
May 6, 2013 at 12:03 am
စေတနာရှင် ရွာသူားများရဲ့အလှူအတွက် သာဓုခေါ်ပါကြောင်း၊ ဝမ်းမြောက်ပါကြောင်း….။
လက်တို့ပြီးတော့ ပြောရဦးမယ် ပိုစ့်က ကြာလဲကြာပြီ လိုလဲမလိုတော့ဘူးထင်လို့ စတစ်ကီမှ ဖြုတ်ပစ်စေလိုပါကြောင်း…။