=
-12/20/12
-1/8/2013
Google Play အတွက် App လုပ်ကြည့်လိုက်ပါကြောင်း..။
-1/9/2013
New User Registration အတွက် စပန်းအကာအကွယ် Plug-in ထည့်လိုက်ပါကြောင်း..
-1/21/2013
လူမဟုတ်သူတွေ ရီဂျစ်တာလာလုပ်တာများနေသညာ် ယူဆပါသဖြင့်.. သချင်္ာတွက်ရသော Plug-inအစား နည်းနည်းပိုခက်တာထည့်လိုက်ပါကြောင်း..
– မန်းဂဖက်ကွန်ဖရင့်န်တက်ခဲ့သည့် သူများအားရာထူးတိုးပေးနေပါကြောင်းနှင့် ကွန်ဖရင့်န်တက်သော်လည်း. မည်သည့်ပို့စ်မှမတင်ရသေးသည် ၂ဦးကိုမူ ချန်ထားပါဦးမည်ဖြစ်ပါကြောင်း…
-2/22/13
Plug-in တချို့ upgrade လုပ်လိုက်ပါတယ်ခင်ဗျ..
ပြဿနာရှိရင်ပြောစေလို…- ၁သိန်းပြည့်တော့မည့် etone အတွက်ငွေလွှဲပြင်ဆင်နေပါကြောင်း..
-3/6/13
ကထူးဆန်းမှ ဒေါ်လာ၁၀၀ လှူထားပါကြောင်းရွာသူားများကို အသိပေးပါတယ်ခင်ဗျား၊ ကျေးဇူးတင်လျှက်ပါလို့။ ၁ခါ..၂ခါ…. အကြိမ်ကြိမ်လှူနေတဲ့ ကထူးဆန်းဖြစ်ပါတယ်ခင်ဗျား။
-3/11/13
တိုင်ဝမ်က KoAung ထံမှ paypal တဆင့်လွှဲလှူငွေ ဒေါ်လာ၃၀၀ လက်ခံရရှိထားပါကြောင်း..။ ကျေးဇူးတင်လျှက်ပါနော။ အခုလှူတာ ဒုတိယအကြိမ်ပါ။ ၂၀၁၁ ဒီဇင်ဘာလကလည်း ဒေါ်လာ၃၀ဝ လှူထားဖူးပါတယ်။
– 3/14/13
ဦးဦးပါလေရာ says:ရွာသူားများရဲ့ အမည်ကိုတပ်ပြီး ခနဲ့စာ သရော်စာများရေးတဲ့ကိစ္စကတော့-
တကယ်တော့ ဘယ်လောက်အတိုင်းအတာဆိုရင် ဘယ်လိုလူမျိုးမှာ ဘယ်လိုထိခိုက်တယ်ဆိုတာ
လူအမျိုးမျိုးအလိုက် ကွဲပြားပါတယ်။ မနစ်နာအောင်အမြဲရေးနိုင်ဖို့ မသေချာပါဘူး။
ဒီလူက ဒီလိုရေးရင်စိတ်မဆိုးပေမယ့် ဟိုလူကရေးရင်တော့ စိတ်ဆိုးမယ် ဆိုတာမျိုးလဲ ရှိပါတယ်။
ဘယ်သူကဖြင့် ဘယ်လိုရေးရင် စိတ်မဆိုးဘူးလို့လဲ စာချုပ်ကြိုမချုပ်ထားပါဘူးနော…။
ဒီတော့ မရေးလျှင်အကောင်းဆုံး၊ ရေးလျှင်တော့ ကိုယ့်တာဝန်ကိုယ်ယူရမည်ဖြစ်ကြောင်း ကြေငြာအသိပေးသင့်ပါတယ်။အစိုးရ ပုဂ္ဂလိက ဌာနများမှ လူအမည်ရာထူး အတိအကျနဲ့ ဝေဖန်ရေးသားရာမှာ ရေးသူက လုံးဝတာဝန်ယူရမှာမို့ ရေးသူရဲ့ identity ပြည့်ပြည့်စုံစုံ ဖေါ်ပြထားတဲ့ ပိုစ့်များ ကွန်မင့်များကိုသာ လက်ခံသင့်တယ်။ ဥပမာ ကျုပ်ဆိုရင် အမည်ရင်း၊ ဓါတ်ပုံ၊ အလုပ်အကိုင်တွေကို အများသိအောင် profile တင်မထားဘူး။ ကျုပ်လိုလူမျိုးက အစိုးရ ပုဂ္ဂလိက ဌာနများမှလူများကို လူအမည်ရာထူး အတိအကျနဲ့ ဝေဖန်ရေးသားရင် ခွင့်မပြုထိုက်ဘူး။ Mod တွေက ဖျက်ပစ်သင့်တယ်။ ကိုယ်ကျတော့ မျက်နှာဖုံးစွပ်ထားပြီး သူများကို တဦးချင်းခွဲပြီး လက်ညှိုးထိုးဝေဖန်တာကို ခွင့်မပြုထိုက်ပါ။
အမှန်တော့ မူကိုပဲ ဝေဖန်ခွင့်ပေးသင့်တယ်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူကိုတော့ ဝေဖန် စွပ်စွဲ ခွင့် မပေးသင့်ပါ။ ဒီရွာဗွက်ပေါက်သွားမယ်ဖြစ်ကြောင်း……။
-4/28/13
etone ထံ မန်းဂဇက်တွင်စာရေးသားနေခြင်းအတွက် ပွိုင့်၁သိန်းပြည့်သွားသဖြင့် ရပိုင်ခွင့်ငွေ(ဒုတိယအကြိမ်) ကျပ်၁သိန်းလွှဲပြီဖြစ်ပါကြောင်း..
-5/2/13
ကမ္ဘာ့ကျွန်းနိုင်ငံရောက်ရွာသူား၃ဦးမှ စုပေါင်းလှူဒါန်းငွေ ဒေါ်လာ ၃၀ဝ ယနေ့တွင် paypal မှတဆင့်လက်ခံရရှိပါကြောင်း ရွာသူားများအားဝမ်းမြောက်စွာအသိပေးပါကြောင်း..
အဆိုပါငွေကို Server/Website Performance မြှင့်ရန်အခြားကုမ္ပဏီတခုငှားရမ်းဆောင်ရွက်ရာတွင် သုံးမည်ဖြစ်ပါကြောင်း..။
-May 2014 တွင် ကထူးဆန်းမှ ၁သိန်းနှင့် ကကြောင်ကြီးမှ ၁၀ဝဒေါ်လာ ရွာရံပုံငွေအဖြစ်လှူထားပါကြောင်းနှင့်…
ကိုရင်alinsett အားကျပ်၁သိန်းလွှဲပေးထားပြီဖြစ်ပါကြောင်း..။
518 comments
etone
May 14, 2013 at 1:48 pm
28/4/13က သဂျီး ပို့လိုက်တဲ့ … တသိန်းကို … ဂနေ့ 14/5/13 နေ့လည် 12ခွဲ ဝန်းကျင်က … မြို့ထဲသွားတဲ့ လူကြုံ ့က ထုတ်လာပြီးကြောင်း သတင်းလှမ်းပို့ပါတယ် ….. ။ ကျေးဇူးတင်ပါအိ ။ :gee:
padonmar
May 14, 2013 at 9:06 pm
congratulations ပါ တေးကလုံရေ။
N@ng Ghi Ghi Joe Z
May 17, 2013 at 3:23 pm
ဒီလ (2013/May) အရောင်ရင့်မှတ်တမ်း မတွေ့သေးဘုခည..
:harr:
2013/05/17
17:54 GMT+9
parlayar 46
May 18, 2013 at 11:30 am
ကျုပ်ရဲ့ nick name ကို တစ်ယောက်ယောက် လာပြောင်းသွားတယ်။ အဲဒါ လူမဟုတ်ရင် သသရဲဖြစ်မယ်။ ဘုန်းကြီးပင့်ပြီး ပရိတ်လေးဘာလေး ရွတ်ကြရင် ကောင်းမလား
မဟာရာဇာ အံစာတုံး
May 18, 2013 at 11:36 am
ဥကြောင်ရယ်၊ ဥအောင်ဘုရယ်၊ မနိုဗွီရယ်၊ ခု ဥပါရယ် …
ကျုပ် အလှည့်လည်း ဘယ်ချိန်လဲ သိဝူးးး
ဂလိုညိုးဒွေ ဖစ်နေဂျဒယ် …
ရွာထဲ သလဲ ကျမ်းနေဒယ် ..
အိုက်ဒါ ပလိတ်ရွက်ဖို့ ဘုန်းဂျီး ပင့်ဂျဘာ …
:kwi:
Ei Kyipyar
May 20, 2013 at 10:30 am
ယူဇာနိမ်း ပြောင်းပြန်ဘီ။ ၂ခါရှိဘီနော………. :chee:
Admin Kai
May 20, 2013 at 12:33 pm
၃ရက်ခရီးထွက်ရာက..ပြန်လည်ရောက်ရှိကြောင်းသတင်းပို့ပါတယ်ခင်ဗျား…
ည..၁၁နာရီ..
အိပ်ဦးမယ်..
အရီးခင်လတ်
May 20, 2013 at 2:37 pm
နာမည် မှာတောင် ရာထူးကြီး အထင်းသားနဲ့။ ဟာ ဟ။
Ma Ma
May 20, 2013 at 4:57 pm
ဆင်တူယိုးမှား အတုအပ သတိပြုနိုင်အောင် လို့ မူပိုင်ခွင့်တင်တာပါ။
သဂျီးကိုယ်စား လျှောက်လွှဲချက်ပေးလိုက်ပြီ။ :hee:
ဦးဦးပါလေရာ
May 20, 2013 at 2:26 pm
ရွာကတော့ ရှိပါသေးကြောင်း….
ဆိုင်းဘုတ်တွေကတော့ ဗြောင်းဆန်ကုန်ကြောင်း……
မုန်တိုင်းအဖျားခတ်သွားတာဖြစ်မယ်
:kwi:
ကထူးဆန်း
May 20, 2013 at 9:33 pm
တောင်းပန်ပါတယ် အော်နေတဲ့ ခြောက်ထောင့် လက်ချက်များလား .. သိဘူးလေ .. တောင်းပန်ပါတယ်ဘဲ အော်နေတော့ .. စွပ်စွဲ လိုက်တာ :harr:
အရီးခင်လတ်
May 20, 2013 at 2:36 pm
သူကြီး Database Indez တွေကိုကလိနေတာ ဒါမှမဟုတ် function အသစ်ထပ်စမ်းနေတာကြောင့် ထင်ရဲ့။
စနစ်ကြောင့်မဟုတ်။ စနစ်ကြောင့်မဟုတ်။ 😆
Traditional Medicine
May 20, 2013 at 7:26 pm
သရဲ..တဲ့လား..အော်ရွာမှာ..လည်းသရဲ ရောက်နေတာကို…မရောက်တာကြာတော့..မသိလိုက်ဘူး..ဘယ်သူ
ကဘာမှား.သွားလို့လဲ..ပရိတ်ရွတ်မယ်လေ..
ရာမည
May 22, 2013 at 12:25 am
အယ်ဒီတာခင်ဗျာ ကျွန်တော်၏ ပို့စ်တွင် ကွန်မန့် ပိတ်နေပါသည် ။
ကူညီပါခင်ဗျာ ။
ရာမည
May 22, 2013 at 12:45 am
အယ်ဒီတာနှင့် သက်ဆိုင်ရာ အက်ဒမင်များခင်ဗျာ
ကျွန်တော့်ပို ့စ်တွင် ကွန်မန့် ပိတ်နေပါသဖြင့်ထပ်မံ၍ တင်လိုက်ရာနှစ်ပုဒ်ဖြစ်သွားသောကြောင့်
ပျတ်နေသော တစ်ပုဒ်အား ဖျက်ပေးစေလိုပါသည်
ကျေးဇူးတင်ပါကြောင်း
ရာမည
padonmar
May 26, 2013 at 7:25 am
မှော်ဆရာဂရုမှာ ကဘုန်းကျော်ရဲ့ စာတင်ပေးထားတာတွေ့လို့ သတင်းပေးတာပါ။
ကဘုန်းကျော်တစ်ယောက် သတင်းစာပေါ်ရောက်သွားပြီ။ဘရာကြော်ပါ
“ငါးမျှားနည်းသင်ပေးပါ”” –
To: lubo601@gmail.com
*အဘ ဥက္ကာကိုကို
*
* *
ငါးတွေသွားမပေးနဲ ့။ ငါးမျှားနည်းပဲသင်ပေးဆိုပြီး သူငယ်ချင်းကပြောတယ်။
ဘာဖြစ်လို ့ဒီစကားပြောတာလဲ၊ ဒီ ကောင်က ထမင်းငတ်နေတဲ့ကောင်ပဲလို ့မေးတော့ သူက
ငါးတွေအမြဲတမ်းပေးနေရင် ငါးကိုဘယ်လိုရှာရလဲဆိုတာကို မသိ တော့ ငါတို ့မရှိရင်
ဒုက္ခပိုရောက်မယ်လို ့ပြန်ဖြေပါတယ်။ သူပြောတာလည်း ဟုတ်သားပဲ။ လူတွေဟာ
အကျင့်ပါတတ် တာကိုး။
ကျော်ဟိန်းနဲ ့လူမင်းရုပ်ရှင်ကားကိုကြည့်ရတယ်****။ ကျော်ဟိန်းကသူဌေး။ လူမင်းက
လမ်းဘေးလေလွင့်နေတဲ့ လူငယ်တစ်ယောက်။
အလုပ်မရှိအကိုင်မရှိ။ ကျော်ဟိန်းရဲ ့သူငယ်ချင်း က ကျော်ဟိန်းကိုမေးတယ်။
ဒီကောင့်ကို ငါတို ့သိန်း တစ်ရာပေးလိုက်ရင် ဘာဖြစ်သွားမလဲတဲ့။
ဒီကောင်ရူးသွားမှာပေါ့ ဆိုပြီးကျော်ဟိန်းဖြေပါတယ်။
Channel 7 မှာပါတဲ့ သတင်းတပုဒ်က စိတ်ဝင်းစားဖို ့ကောင်းတယ်။ ဩစတျေးလျမှာ
ထီပေါက်တဲ့လူအချိူ ့ကို တင်ပြထား တဲ့သတင်းပါ။ ဒေါ်လာသန်းနဲ
့ချီပြီးထီပေါက်ပါတယ်။ သိပ်မကြာခင်ကာလမှာတင် ငွေတွေကုန်သွားပြီ၊ သူတို ့လည်း
ဘဝ ပျက်သွားခဲ့တယ်။
သူငယ်ချင်းအချိူ ့ကို ကူညီဖူးတယ်။ငွေအချိူ ့နဲ ့ပစ္စည်းအချိူ ့လည်းပါတယ်။ ရတော့
သူတို ့က ထပ်ပြီးတောင်းပါ တယ်။ နောက်ပိုင်း မရှိဘူးလို ့ပြောလိုက်တော့မှ
တောင်းတာရပ်ပါတယ်။
ညတုန်းက လှိုင်သာယာက စက်ရုံမှာလုပ်နေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်က
ငါ့ကိုလက်တော့တစ်လုံးလောက်ပေးကွ****ာလို ့ပြောတယ်။ သူ ့ဘဝကို စာနာပါတယ်။ ပေး
လည်းပေးချင်ပါတယ်။ နိုင်ငံခြားမှာသူ ့အတိုင်းအတာနဲ ့သူပါဆိုပြီး ဒိ့ကောင့်ကို
ရှင်းပြရပါတယ်။ နောက်ပိုင်းမရမှန်းသိတော့ ဘယ်သူမှမတောင်းတော့ပါဘူး။
အကျင့်ပါတဲ့ဓလေ့ပေါ့ဗျာ။
လက်ရှိအစိုးရဟာ နိုင်ငံတကာက လှူဒါန်းငွေတွေရပါတယ်။ ဒုက္ခသည်တွေအတွက်လည်းရသလို
အခြား Issue တွေအတွက်လည်း ရပါတယ်။ အလကားရတဲ့အခါမှာ အလကားဖြစ်ပါတယ်။ ငွေတွေကို
ဒုက္ခဖြစ်နေတဲ့လူတွေ လက်ထဲ ရောက်တာ နည်းပါတယ်။ ဒုက္ခသည်စခန်းကလူတွေစားရသောက်ရတဲ**
**့ ပမာဏဟာ အင်မတန်နဲ ပါတယ်။
မယုံရင် ရခိုင် ဘက်က ဒုက္ခသည်စခန်းနဲ ့ထိုင်းက စခန်းတွေကိုလေ့လာကြည့်ပါ။
လစာများတဲ့လူကတော့ ဒုက္ခသည်တွေကို လိုက်ပြီး ကူညီပေးနေတဲ့
အန်ဂျီအိုဝန်ထမ်းတွေပဲဖြစ်ပါတယ်****။ လစာကို ဒေါ်လာ လေးငါးသောင်းတစ်နှစ်အတွက်
ရပါတယ်။
ဒုက္ခသည်စခန်းက လူတွေဟာနှစ်ပေါင်းများစွာ စခန်းထဲမှာ အနေကြာလာပြီး အချောင်ရတဲ့
ဆန်ကိုစားပါတယ်။ စခန်းအပြင်လည်းထွက်ကော ဘာလုပ်လို
့ဘာကိုင်ရမှန်းမသိတဲ့လူတွေများပ****ါတယ်။ စခန်းထဲမှာ ထမင်းကိုဘယ်လိုရှာစားရ
လဲဆိုတဲ့အတတ်ပညာကို မသင်ပေးခဲ့တဲ့အတွက်ကြောင့် ဒီလိုဖြစ်သွားခဲ့တာပါ။
ဒါတင်မဟုတ်ဘူး ထိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ ့အစည်းနဲ ့လူအခွင့်အရေးအဖွဲ
့အစည်းတွေလည်း လွယ်လွယ်ရ တော့ လွယ်လွယ်သုံးပါတယ်။ နောက်ပိုင်း အန်ဂျီအိုဘဝကနေ
သာမန်ဘဝကိုရောက်တဲ့အခါမှာတော့ အထည်ကြီးပျက် သလိုဖြစ်ပါတော့တယ်။
ထိုင်းမှာနေတုန်းက အန်ဂျီကပေးတဲ့ပိုက်ဆံနဲ ့ဘာအလုပ်မှ မလုပ်ရပဲ၊ ဩစတျေးလျကို
ဒုက္ခသည်အဖြစ် နဲ ့ ကျနော်တို ့မိသားစုရောက်ခဲ့ပါတယ်။ ဒီမှာတင်
လက်ကြောမတင်းတဲ့ရောဂါကကြီးသလို၊**** ကိုယ့်ချွေးနဲစာနဲ ့ရှာထားတဲ့ ပိုက်ဆံကို
သူများပေးဖို ့အင်မတန်တွန် ့တိုတာကိုသတိထားမိတယ်။ ထိုင်းမှာနေတုန်းကဆိုရင်
ယူအန်က အလကားရတဲ့ ပိုက်ဆံနဲ ့အန်ဂျီအိုက ရတဲ့ဟာတွေဆိုတော့ မနှမျောပါဘူး။
စုဆောင်းဖို ့လည်း မသိခဲ့ဘူး။
ယနေ ့ကာလမှ သတိထားမိတာတစ်ခုရှိတယ်။ အထူးသဖြင့် Facebook သုံးတော့ မြင်တွေ
့ရတဲ့မြင်ကွင်းတွေက ငါးမျှားနည်းမသင်ပေးပဲ၊ ငါးတွေကို ဆင်းရတဲ့လူတွေနဲ
့ဒုက္ခရောက်တဲ့လူတွေကို ပေးနေတယ်။ ဒုက္ခရောက်တဲ့လူကို ကူညီ တာကောင်းပါတယ်။
ဒါပေမဲ့ ဒုက္ခရောက်တဲ့လူတွေကို ငါးပေးမဲ့အစား သူတို ့တွေတစ်သက်လုံး
ကိုယ့်ခြေထောက်ပေါ်ရပ် တည်နိုင်တဲ့ နည်းလမ်းများပေးရင် ပိုမကောင်းဘူးလား။
နို ့မိုဆိုရင် ကူညီတာဟာ ဖျက်ဆီးသလိုဖြစ်သွားနိုင်တယ်။
ကျနော်တို ့ကိုယ်တိုင်ရခဲ့တဲ့အတွေ ့အကြုံနဲ ့ယှဉ်ပြီးတင်ပြနေတာပါ။
စစ်သားလူထွက်နဲ ့ဘုန်းကြီးလူထွက်တွေဟာ လူ ့ဘဝကိုရောက်ရင်
သောင်ပြင်မှာလွှတ်တဲ့ခွေး လိုဖြစ်လေ့ရှိတယ်။ ဒါဟာ အထက်ကပြောတဲ့အတိုင်း
ငါးမျှားနည်းမပေးခဲ့လို ့ပါ။
ဗုဒ္ဓဘာသာအယူအဆအရ အလှူအတန်းဟာကောင်းပါတယ်။
စိတ်ချမ်းသာစရာလည်းကောင်းပါတယ်။****လှူတာ ကိုဂုဏ်ပြိုင်မလှူဖို
့အင်မတန်အရေးကြီးပါတယ်။ နိုင်ငံခြားကနေ ငွေတွေကို
ပြည်တွင်းက ဆင်းရဲတဲ့ မိသားစုတွေကို ကျနော်တို ့ပြန်ပေးပါတယ်။ သူတို
့ဒီငွေတွေနဲ ့အလှူအတန်းကို အကြီးအကျယ်လုပ်ပါတယ်။ လုပ်တော့ လက်ထဲက ငွေ
ကုန်ပါတယ်။
ကျနော်တို ့ကလည်း ပြန်မပေးနိုင်တဲ့အချိန်လည်းရောက****်ရော လက်ထဲမှာငွေမရှိတော့
စိတ်ညစ်ကော။ လှူထားတဲ့အလှူဟာ ချက်ခြင်းဘာမှ အကျိူးမထူးသလို၊ လှူတဲ့လူတွေကလည်း
ကိုယ်ဒုက္ခရောက်ရင် ပြန်ကြည့်တာ မဟုတ်တော့ စိတ်ညစ်တာပဲအဖတ်တင်ပါတယ်။
တစ်ခါတလေကြတော့ မြန်မာ့ဓလေ့ကို စိတ်ကုန်မိတယ်။ အလှူအတန်းကို အထင်သေးလာတယ်။
ဒါ့ကြောင့် လက်တွေ ့ကျတဲ့ဘဝတိုးတက်ရေးဖြစ်ဖို ့ငါးတွေမပေးပဲ၊ ငါးမျှားနည်းပဲ
သင်ပေးကြပါစို ့။ တိုးတက်နေတဲ့နိုင်ငံတွေမှာ ထမင်းကို
ဘယ်လိုရှာစားရလဲဆိုတဲ့အတတ်ပညာကု****ိ ဇောင်းပေးခဲ့တော့ သူတို ့တွေ
တိုးတက်တာမဆန်းဘူး။
ဘုန်းကျော် (ဩစတျေးလျ)
7Day Daily သတင်းစာ- မေ ၂၅ ရက်နေ့ထုတ်။ Tawwat
Wat
surmi
May 26, 2013 at 9:42 am
တခါတလေ အဖြောင့် ဒဲ့ပြောလွန်းတော ့ နားမခံသာသလိုဖြစ်ရတာ
သူရေးနေတာတွေက ဟုတ်နေတာတွေ အများသား
တစ်ခါတစ်လေ အမြင်မတူတာလည်းရှိမှာပေါ့လေ
kai
May 28, 2013 at 11:18 am
မန်းဂဇက်ဝက်ဘ်ဆိုက်.. အထဲမဝင်ပဲ.. Frontpage ကြည့်မရဖြစ်နေတယ်..
တခြားသူတွေများရော.. ဖြစ်ကြသလား.. လို့..
ကြက်အူလှည့်
May 28, 2013 at 11:33 am
၁။ ဖရွန့်ပေ့ချ် ကြည့်မရပါ
၂။ မန့်လိုက်ရင် လုပ်ဒင် လုပ်ပြီး အယ်ရာ နဲ့ အဆုံးသတ်ပါတယ်..ページの表示できませんって。
၃။ (တခါတရံ မန့်တာ ပျက်ကျပါတယ်…) တခါတလေတော့လည်း တက်သွားပါတယ်။ (ထပ်တင်ရင် ကောမန့်ထပ်တာမိုး ဖြစ်ပါတယ်- ဟိုနေ့က ဦးကြီးမိုက် ဖြစ်သလိုမိုး)
၄။ လုပ်ဒင် ကြာပါတယ် လေးပါဒယ် နှေးဘာဒယ်။
၅။ ယုသန်ဒါ အဲ့လေ ယူဇာအင်တာဖေ့စ် အရ လော့ဂင်ဝင်လိုက်တာနဲ့ ဒဘလျူပီ အက်ဒမင် ပေ့ချ် ထက်
တော့ပ်ပေ့ချ် ကို ဖောဝပ်လုပ်တာမိုး ယူဇာများက ပိုလိုချင်ကြောင်း ရွာပျံဒုံးက သိခဲ့ရ။
ပုံ
ကနားစီး မိဂီ
နဂိုရွာ
kai
May 28, 2013 at 1:31 pm
အဲဒါ.. ဘယ်လိုပြင်ရမှန်းမသိဖြစ်နေတယ်..
အကြံလေးဘာလေး.. ပေးပါဦး…
kai
May 28, 2013 at 2:29 pm
Include directory ‘/etc/httpd/modsecurity.d/base_rules’ not found
mod_security နဲ့ပါတ်သက်ပြီး.. သိသူတွေရှိရင်..လုပ်ပါဦးဗျ… :buu:
ကြက်အူလှည့်
May 29, 2013 at 1:26 pm
မသိဘု မသိဘု သများမသိဘု… သများက လေပဲချိလို့ ဟာသဒွေရေးပီး ကနားစီးကိုင်စားနေဒါဘာ
ကိုယ်တော်လေးး ကိုင်မာစိုးလို့တဲ့ သင်ထားသမျှအိုင်တီပညာလေးဒေ ကျောင်းပြန်သွားဘာဘီ…
ဦး ကျောက်ခဲ
May 28, 2013 at 11:36 am
သဂျီးရေ… ရွာထဲကို ပို့စ်တွေက လှည့်ဝင်မှရပါတယ်၊ FRONT PAGE ကို ကျွန်တော်တို့ဝင်ကြည့်လို့မရသလို ဘေးက ကွန်မန့်ပေးထားတဲ့ ပို့စ်များကိုပဲ မြင်ရပါကြောင်း… ရွာသူ/ရွာသားမဟုတ်ရင်လည်း အဲသည်လိုဝင်လို့ရပါကြောင်း…
ဘယ်လိုဖြစ်တာလဲ မသိ….
နွေဦး
May 28, 2013 at 12:18 pm
ဘယ်လိုဖစ်ကြတာတုံး.. ကျပ် ဟပ်ကော့ကြီး ဖြစ်နေဘီ..
အားတုန်းလေး ဝင်လိုက် ရေးလိုက်လုပ်နေရတာ…
ဒါလဲ “သခင်မျိုးဟေ့”….လက်ချက်ဘဲလား..
Mr. MarGa
May 28, 2013 at 12:41 pm
နောက် ဆိုးတာတစ်ခုက
ပို့စ် ပြန်ပြင်လို့ မရဘူး ဖြစ်နေသဗျ
အနည်းနည်း စမ်းပြီးပြီ။
ကို ငြိမ်းမောင်
May 28, 2013 at 2:13 pm
FRONT PAGE ကို တန်းဖွင့်လို့မရဘူး ဖြစ်နေတယ်။ အခြားသူတွေ တင်ပြီးသားပိုစ့်ထဲက လှည့်ဝင်နေရတယ်။
အရီးခင်လတ်
May 28, 2013 at 2:57 pm
အဲ့လာ – ဟိုတစ်ယောက် ဟိုတစ်နေ့က ဟိုဒင်း မှာ ဟိုဟာ ဖြစ် တဲ့ ပြသနာ က စတာဘဲ နေမှာ။
😆
kai
June 7, 2013 at 3:31 am
တိုးတက်လာသော လူဦးရေအရ.. ရွာမှမြို့သို့.. တိုးချဲ့ရန်… ဆာဗာကို.. အလွန်မြန်၍ကြီးသောနေရာသို့ ရွေ့ရန်ပြင်ဆင်နေပါကြောင်း….။
မျှော်.. :harr:
Ma Ma
June 7, 2013 at 6:16 am
နောက်ဆို ရွာသူားတွေ မဟုတ်ပဲ မြို့ကြီးသူားတွေ ဖြစ်ရတော့မှာပေ့ါ။ :hee:
ဦးဦးပါလေရာ
June 7, 2013 at 9:55 am
ကလောက် ဈေးပေါပေါနဲ့ ရတဲ့နေရာ တွေ့ထားပြီထင်တယ်
Mr. MarGa
June 8, 2013 at 6:04 pm
ကဲကဲ ရွာသူားတွေ
အထုပ်တွေသိမ်းတော့၊ ပြင်တော့၊ ဆင်တော့ဟဲ့
သဂျီး က ရွာကို ကွက်သစ်ရိုက်ပြီး မြို့တည်မတဲ့
လုပ်ကြတော့ဟဲ့
:harr:
အရီးခင်လတ်
June 8, 2013 at 7:36 pm
မြို့ ကို ပြောင်းချင်ဘူး။ မြို့ကို ပြောင်းချင် ဘူး။
ရွာလေး ကိုဘဲ ကြိုက်တယ်။
အီး ဟီး ဟီး (ငိုသံ)
😥
😥
:cry
naywoon ni
June 8, 2013 at 9:38 pm
ကျနော်ကတော့ ရွာဆိုတဲ့ အခေါ်အဝေါ်လေးကိုပဲ ချစ်နေတာ …..။ မြို့ဆိုတဲ့အသုံးအနှုံးက မာယာ များတယ်လို့ခံစားရလို့ပါ…။ ရွာဆိုတာက ရိုးသားတယ် ပွင့်လင်းတယ် ချစ်စရာကောင်းတယ် လေကောင်းလေသန့်လည်းပေါတယ်….။ ပျော်စရာလည်းကောင်းတယ် ရွာသူရွာဆိုတာက ဟန်မဆောင်တတ်ဘူး ပျော်ပျော်လည်းနေတတ်တယ် အဲဒိလို သဘောနဲ့ ရွာကို ရွာလို့ပဲ ဆက်ခေါ်စေ့ချင်တယ် လွတ်လပ်စွာ သဘောကွဲကြည့်တာပါ………….။
ဦးဦးပါလေရာ
June 8, 2013 at 4:23 pm
ကိုရင်မိုက်ကို ပြောပေးပါ (ဖတ်/ရွေး)(သိမ်း)
ပိုစ့်ကို စတစ်ကီဖြုတ်လိုက်စေချင်ပါတယ်
ဆုရွေးမယ့်(ဗုတ်မယ့်)ပိုစ့်လဲ တက်တော့မှာဆိုတော့
စတစ်ကီတွေလဲ များနေလို့ပါခင်ဗျား
ကြက်အူလှည့်
June 8, 2013 at 4:39 pm
ဗျို့သဂျီး
SSL အပါအဝင် အခြားသော security layer ထဲက ဟာတွေ ကြည့်ကြက်ဆော့ပါသဂျီး.
Site performance ကို ငဲ့ကွက်တာသိပေမယ့် ယနေ့တနေကုန်. (တခါလေးဖုန်းနဲ့ ကောမန့်စစ်မိပါတယ်)
ခြားနားတဲ့ IP ရှိနေတဲ့ လက်ပကျွတ်ရောတက်ဘလွတ်ပါ လုံးဝ ဝင်မရတော့ဘု.
အရင်ကဆို. ပါ့စ်ဝေါ့ဒ်ပြန်တောင်းတဲ့ စာမျက်ခွက်ပေါ်လာပီး ရိုက်ထည့်ရင် ဝင်လို့ရသေးတယ်လေ.
အခုဆက်တင်က ဘာဖစ်နေတယ်မသိ. (ပါ့စ်ဝေါ့ဒ်ပြန်တောင်းတဲ့ အခြေအနေကို စောဒကမတက်ပါဘု.
ကားပိတ်တဲ့ရန်ကုန်မှာလည်း. ကားစီးရင်းဖုန်းနဲ့ ဝင်ဖတ်တဲ့ ကိုကိုမမတွေ ချိဒလာမို့) အိုင်ပီတခုက လော့ဂင်ထားရင်တခြား အိုင်ပီ access ပေးမလုပ်ဘု
ဆိုတဲ့ ဆက်တင်ကိုတော့ စင်းစားစေလိုဘာဒယ်
သူရို့မန့်စရာရေးစရာ ပေါ်ရင်အိမ်ရောက်တဲ့အခါပီစီ နဲ့ ပြောဖို့ရွယ်တဲ့အခါ အထက်ပါဆက်တင်အရဆို အခက်ကိုးဗျ.
နောက်တခု ဟို သူပုန်ကောင် စောခူသက် ယွဲဆီ. ဝင်မရဘု ပြောနေတယ်.
ဒင်းတို့ကွန်မျူနစ်အစိုးရကပဲ ဂိုးဒယ်ဒီကို မုဒိန်းကျင့်သလားပဲဗျာ. စစ်ကျိပေးပါအူး
ခင်တဲ့.
ကန္နားစီး.
မိဂီ
kai
June 8, 2013 at 4:43 pm
ဒီရက်ပိုင်းထဲ.. ၇၂ဂစ်မီမိုရီကြီးဆီကို ပြောင်းမလို့…
ဘန်းဝပ်ကလည်း.. ၁ဂီဂါဘစ်ဗျ..
ဆိုတော့…
လုံခြုံရေးတွေနည်းနည်းပြန်ချမယ်တွေးပါတယ်..
ခဏလေးသည်းခံကြပါဦးလို့..။
ဦး ကျောက်ခဲ
June 8, 2013 at 5:42 pm
ဒုတိယအကြိမ်တွေ့ဆုံပွဲကို မောင်ကျောက်မတက်နိုင်တော့ပေမည့်…
ပွဲအတွက် အလှူတော်မင်္ဂလာ ထည့်ဝင်ပါမည့်အကြောင်း…
ဟီ ဟိ… ဦးပါ/ အန်တီပဒုမ္မာ/ အန်တီမမ/ ကိုကြီးနေးချား… ကိုကိုမမများ..
(ဟိုလူကြီးတွေက မတွေ့မဖြစ်မို့… ဟိ)
ကျောက်တို့အတွဲကို လဘက်ရည်တိုက်ပါ ဆိုတဲ့အကြောင်း…
ကျောက်တို့ပွဲကိုတက်ဖို့ ဝတ်စုံအသစ် ကြိုချုပ်လို့ရပြီဆိုတဲ့အကြောင်း…
ပြုံးစေ့စေ့နဲ့ သဂျီး/သဂျော်ကဒီး၊ သများတို့ နှစ်ကုန်/နှစ်ဆန်း လာလည်မယ်ဆိုတဲ့အကြောင်း…
ဟိုကြောင်ဇုတ်ကြီးနဲ့… မညစ်ရင်တွေ့လိုပါကြောင်း… (ဒီလူက ပြောမရ)
ရေးဖော်ကြီး ကိုပုနဲ့ ကြိုက်တဲ့နေရာတွေ့လိုပါကြောင်း (ဟိုနေရာတွေမပါစေရ)
ဒါဗြဲတော့… ဟုတ်သေးဘူး
:harr:
ဇဂါး လွတ်
June 8, 2013 at 7:10 pm
အလို လေး။
အောင်ပြီ အောင်ပြီ အောင်ပြီ။
အဲလာဆို ပွဲဝင် ဂါဂရာ အရှည်ကြီးသွားဝယ်မှပဲ။
:harr:
:harr:
:harr:
အရီးခင်လတ်
June 8, 2013 at 7:34 pm
ကိုကျောက် ရေ ဂယ်ကြီးကို ဝင့်ဝင့်ကြီး နဲ့ ဘဝ ပြောင်းတော့ မယ်ပေါ့။
(ဝင့်ဝင့်ကြီး = ဝင့်ကြွားစွာ)
မင်ဂါဆောင် ဒါ့ပုံလေး တွေတော့ တိုးတိုးတိတ်တိတ် မျှပေးပါနော်။
ဒီတစ်ခါ သီတင်းကျွတ် ရင်တော့ လူပါကျွတ်ပြီပေါ့။
ဝမ်းသာပါတယ်ရှင်။ 😛
kai
June 9, 2013 at 3:36 am
အလွန်မင်္ဂလာရှိတာပါဗျာ…
သာဓု သာဓု သာဓု
ကျန်သူများ.. လွတ်နေသောရွာသူားအပေါင်းများ..
အလုပ်ကအိမ်အပြန်.. ကိုယ့်အခန်းမီးခလုပ်.. မှောင်မှောင်ထဲ.. ကိုယ်တိုင်စမ်းဖွင့်နေရသူများ…
.. အတုယူ..အတုခိုး..
ကြက်သရေတိုးလို့.. ရွှေမိုးငွေမိုး ရွာချ..ရွာကြစေသတည်း…. :harr:
ကြက်အူလှည့်
June 11, 2013 at 11:54 am
အော်…
တယောက်ခုန်ချပြန်ပပေါ့ …
တားမရလည်း ခုန်ဗျာ…
Main တွေ အမခံရတော့မပေါ့…
ကိုယ်နဲ့ အမျိုး တစက်မှမတော်ဘဲ
တနေ့တခြား အိုမင်းယိုယွင်းလာမယ့်
အိပ်ထိယ ဂျီးကို မသေမချင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့
ခါးလှအောင် ဝမ်းဝအောင် ကျွေးထားရမှာ …
ကျော်တော့ အဲ့လောက် သတိ္တမရှိသေးလို့ခီည..
ကွိကွိ…
အော်.. မီးမှောင်မှောင် အခန်းတံခါး ဖွင့်ဝင်တာ လွန်ရောကျွံရော
ခေါင်းဆောင့်ဘုထွက်ရုံလောက်ပါဗျာ ….
နားရွက်ကလေး၂ဖက်က အင်မတန် အေးချမ်းဘာဒယ်…
စကားမစပ် ..
ဒါ့ပုံလာရိုက်ပေးဘာ့မယ် အူးလေးရယ်..
ဟောင်ကောင်းကို မ-လာခဲ့ဘီဆိုရင် ပျောဘာ..
:528:
Foreign Resident
June 9, 2013 at 4:52 am
အင်း ဇွန်လကုန် ပြန်လာမယ် ဆိုတာ ဒီ ကိစ္စပဲလား မသိ ။
Congratulations ပါ ။
padonmar
June 8, 2013 at 6:35 pm
ဟယ်….မင်္ဂလာသတင်းကို လွှတ်တော်မှာကို ကြေငြာလိုက်ပြီပေါ့။
ဒက်ဒီပါပါးချစ်ဖေဖေတော့ ကျောက်ကိုကြွေသွားပြီထင်တယ်။
ကဲ …ကြီးပွားရေးနဲ့ စီးပွားရေးနဲံ သမီးသားရေးလည်း အောင်ပါစေ။
Char Too Lan
June 8, 2013 at 7:03 pm
ဦးကျောက်ဆီကမင်ဂါသတင်းသိရဘီဆိုတော့ သစ်တာအောက်ဆုံးထပ်ကသိမ်းထားတဲ့
အဝတ်လေးတွေရွေးထားအုံးမှ ဟိဟိ 😀
ခင် ခ
June 8, 2013 at 11:37 pm
ဦးကျောက်က မင်္ဂလာသတင်းကို အစဉ်အလာ အထင်းသားနဲ့ ကြေငြာပြီပေါ့။
ကောင်းလေစွ ကောင်းလေစွ ပါ။
အဆင်သင့်ရင်ဖြင့် တက်ရချီသေးရဲ့ဗျာ
Hnin Hnin
June 8, 2013 at 11:46 pm
ကိုခရ…ဟိုဘက်မှာ လင်းထားတယ်ရှင့်…ဒီမှာ မရေးဘူးလို့ပဲ..
ဦး ကျောက်ခဲ
June 9, 2013 at 6:40 am
ကျောက်စ်ကတော့ ဂျစ်တာ ပျော်တာ အရစ်ကလေးကိုတာဝန်ယူရမှာတွေပဲ သိပါသဗျ။ အဲ… ရွာထဲကဖူးစာစစ်စစ်မို့ ရွာ့လူကြီးများကို သတို့သမီးတောင်းဖို့ အပူကပ်ရမှာပဲခင်ဗျ။ အဲသည်တော့ မျက်စေ့ရှုပ်အောင် မလုပ်တော့ပါဘူး… နော်လို့… နော်လို့
:harr:
Foreign Resident
June 9, 2013 at 7:25 am
” အရစ်ကလေးကို တာဝန်ယူရမှာ ”
ဦးကျောက် ၊ စကား မပီတာလား ၊ စာလုံးပေါင်း မှားတာလား ။
အချိန်မှီ ပြန်ပြင်အုံး ။ ဟီ ဟိ ။
ဦး ကျောက်ခဲ
June 9, 2013 at 9:24 am
အဘဖောတို့ တူမက အားကြီး “ရစ်” တယ်ခင်ဗျ…
“အရှာဘီ”လို့တောင် နာမည်တပ်ရသေး… ဟီ ဟိ
:harr:
Hnin Hnin
June 9, 2013 at 10:12 am
ရေနွေးအိုးကြီး..သာလိကာကြီး..ဖွဘုတ်ကြီး…
နားကလေးတွေ ကလူ..ကလူ..(လွှတ်တော်မှာ (ထပ်မံ)ဖွခြင်း သည်းခံပါ)
ခင်တဲ့ 3K ရေ မြင်လိုက်လို့ လှမ်းအသိပေးရုံရယ်ပါ။
Ma Ma
June 9, 2013 at 2:13 pm
REALLY GREATE NEWS!!!!!!!!!!
CONGRATULATIONS!!!!!!!!!!!!!!!!!!!! :hee:
kyeemite
June 11, 2013 at 3:34 pm
အော်…အဲကျောက်ခူး တောင်အဆင်ပြေသွားပြီကိုး…
ကွန်ဂရက်ကျူလေးရှင်းပါ အောက်ကျုးရေ… :-P:
ခင် ခ
June 9, 2013 at 12:11 am
မနှင်းရေ ဒီမှာ ကျွန်တော်ဝင်ရေးခဲတယ် ဖတ်ဘဲဖတ်ဖြစ်တာ
အခုဝင်ရေးတာ ခင်တဲ့သူတွေရဲ့ မင်္ဂလာသတင်းမို့ 3K ဝင်ရေးလိုက်တာပါ။
Moe Z
June 10, 2013 at 12:29 pm
သဂျီးးးးးးးးးးးးးး
လော့ဂ်အင်ဝင်ထားရက်နဲ့ ဖတ်မရတဲ့ပို့စ်တွေရှိနေတာ ဘာဖစ်တာဒုန်းးးးးး 🙄
ကြက်အူလှည့်
June 10, 2013 at 12:32 pm
အယ်…
မျက်လုံးလေးကလည်ကလည် နဲ့ …. ကွိကွိ
:528:
Moe Z
June 10, 2013 at 12:36 pm
😡 👿
ကြက်အူလှည့်
June 10, 2013 at 12:59 pm
အဆင်ပြေရဲ့လားဟင်င်င်င်င်င်င်င်င်
ခွိခွိ
:harr:
ကိုရင်စည်သူ
June 10, 2013 at 4:16 pm
မတွေ့ဒါကြာပီ.. မရောက်တာ ကြာပီ.. သဒိရလိုက်ဒါ.. Zအု ရယ်.. 😥
kai
June 13, 2013 at 3:39 am
ဒီနေ့မနက်ပိုင်းကစလို့…ဆာဗာပျက်သွားတယ်ထင်ပါတယ်..။
ဆာဗာထဲဝင်လို့မရပါဘူး..။ အိုင်ပီနဲ့သွားလည်း.. မရပါဘူး..။
အဲဒါ.. မနေ့က တရက်စာနောက်ကျတဲ့ ဘက်ကပ်တင်ထားတာဖြစ်ပါကြောင်းနဲ့.. အဆင်မပြေတာတွေအတွက်.. ရွာသူားများကို တောင်းပန်ပါကြောင်း…။ လောလောဆယ်.. ဆာဗာပိုင်တဲ့ဆီကို ဘာဖြစ်တာလည်း… မေးထားပါကြောင်း..။
ဘက်ကပ်လုပ်တာမှာ..ပုံတွေမပါတဲ့အတွက်.. ပုံတွေပျောက်သွားတာ စိတ်မကောင်းပါကြောင်း..။
kai
June 13, 2013 at 4:20 pm
လောလောဆယ်… ပြဿနာအခက်အခဲရှိရင် ရေးစေလိုပါတယ်နော..
ပြောမှသိမှာမို့ပါ… 🙁
kai
June 23, 2013 at 2:03 am
အသိပေးအပ်ပါသည် ရွာသူားများ..
ဒီရက်ပိုင်း… MandalayGazette.COM ကိုဆာဗာနေရာပြောင်းနေတာမို့.. တိုက်ရိုက်ဝင်ရင်အခက်အခဲရှိမှာဖြစ်ပါတယ်..
MandalayGazette.ORG ကိုသာ.. တိုက်ရိုက်ဝင်နိုင်ထွက်နိုင်ဖက်နိုင်ပါကြောင်းနဲ့.. ဆာဗာပြောင်းပြီးရင်.. mandalayGazette.ORG ကဒေတာတွေကို .COM ပြောင်းပေးမယ်ဖြစ်ပါကြောင်း…
ပုံ…။ ။ ရွာမှမြို့တိုးချဲ့ရေးစီမံကိန်း…
Moe Z
June 23, 2013 at 12:49 pm
မနေ့ညကဝင်ကျိဒါ ဖောအိုဖောဖော်ဘစ်ဒန်း ဆိုလို့ မီးလောင်သွားပြီလားလို့
တော်သေးရဲ့
Mr. MarGa
June 23, 2013 at 1:33 pm
ဆာဗာပြောင်းတာ ကြိုဆိုပါတယ်
အမြန်ဆုံ ပြီးဆုံးအောင်လုပ်ဖို့ ညွှန်ကြားပါတယ်
ပုံတွေကိုလဲ ပြန်ပြီး recover လုပ်လို့ ရသေးလား ဟင်င်
ရှိစုမဲ့စု တင်ထားတာလေးတွေမို့ပါ။
padonmar
June 27, 2013 at 10:17 pm
ဒီရက်ပိုင်း ကွန်မန့်ရေးချင်စိတ်တောင်ကုန်နေမိတယ်။
ဖန်သားပြင်ထက်က စာတွေဖတ်ရတာ ခေါင်းနောက်လွန်းလို့
စာရွက်ပေါ်ကစာတွေ လိုက်ဖတ်နေရင်း ရွာသူားတွေကို ညွှန်းချင်တဲ့ စာအုပ်တွေတွေ့လာတယ်။
(၁)ငွေစန်းရောင်(ဒေါက်တာ စိုးမင်း)ရဲ့ ဘာပဲပြောပြောရာဇဝင်ရှိတယ်။
ရွာထဲမှာ Nicolas ကတော့ အခန်းဆက်တင်ပေးတာပဲ။
ဒါပေမယ့် တရုတ်မင်းဆက်တွေနဲ့ နာမည်တွေက စာအုပ်ကြားလေး လက်ညှပ်မှတ်ပြီး အရှေ့ပြန်လိုက် အနောက်လှန်လိုက် ဖတ်ရမှ အရသာရှိတာ။
မြန်မာပြည်ရဲ့ မျက်မှောက်ခေတ်နဲ့ ထင်ဟပ်ပြီး ရေးထားတာလေး ကောင်းလို့ ဝယ်ဖတ်ကြစေချင်ပါတယ်။တန်ဖိုး ၂၅၀၀။
(၂)နောက်တစ်အုပ်က မင်းဒင်ရဲ့ သက်ခိုင်
၂၀၁ဝက ထုတ်ခဲ့ပြီး အခု ဒုတိယအကြိမ်ထုတ်၊တန်ဖိုး ၆၀၀၀။
၁၉၆၂ မှာ ၄ နှစ်သားရှိပြီဖြစ်တဲ့ သက်ခိုင်ရဲ့ မြန်မာပြည် လူမှုရေး နိုင်ငံရေးတွေကြား ဖြတ်သန်းခဲ့တဲ့ ဘဝအထွေထွေကို အရေးအသားကောင်းလွန်းလို့ရော၊ ပြည်သူရေးတဲ့ သမိုင်းတစ်မျိုးအနေနဲ့ရော ဖတ်ကြည့်ကြစေချင်ပါတယ်။
……………
သူကြီးရေ
ရွာကိုမြို့ချဲ့ရင် စာအုပ်စင် အညွှန်းလေးထည့်လို့ရရင် သိပ်ကောင်းမှာပဲ။
ဖတ်မိတဲ့ထဲက ကြိုက်တာလေးတွေ ညွှန်းပေးကြဖို့ပေါ့။
(အလင်းဆက်ကတော့ တစ်ခါတစ်ခါ ရေးပေမယ့် ပို့စ်အနေနဲ့ ဆိုတော့ နောက်ရောက်သွားရင် မဖတ်မိတော့ဘူး)
ဒီတစ်ပတ် ရတနာပုံသတင်းစာထဲလည်း တွေ့မိတယ်။
အလင်း ဆက်
June 30, 2013 at 12:28 pm
အင်း ကျွန်တော် လည်းး
ညွှန်းချင်တဲ ့စာအုပ် လေးတွေ ရှိပေမယ့်
အချိန် လု နေရ လို ့ မရေး ဖြစ်သေးးးး။
လောလောဆယ်တော့
ကျွန်တော် က စာအုပ် အဟောင်းတွေ ပြန် ဖတ်နေမိတာ
လောလောဆယ် ဖတ်နေတဲ့ စာအုပ်က
ဆရာ ဇော်ဇော်အောင် ရဲ ့ဖတ်စာ ဆိုတဲ့ စာအုပ်
အနုပညာ ဆိုင်ရာ သဘောတရား လေး တွေ အပိုင်း လိုက် ရေးဖို ့တောင်
စဉ်စားမိသေးးး
ကျွန်တော့်မှာလည်း အပိုင်းအဆက်တွေ များနေတော့ ပြန် ချိန် နေရတယ်။
😆
padonmar
June 27, 2013 at 10:23 pm
် ဒုတိယအကြိမ် မန်းဂဇက်ကွန်ဖရဲင့်စ်ကို ဂျူလိုင် ၂၁ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ကန်တော်ကြီး P3 စားသောက်ဆိုင်
(ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ)တွင်
ကြိုက်တာကို ကြိုက်တဲ့ နေရာမှာ ကြိုက်သလို ကြိုက်သလောက် ကြိုက်တဲ့သူနဲ့ တူတူ စားလို့ရတဲ့ ဘူဖေး စီစဉ်ပါမည်။
ရွာသူားများ စာရင်းပေးကြပါကုန်လော့၊
ဒူ…ဟူဟူ….
မှတ်ချက်
(အခမဲ့ပါနော။စာရင်းလေးတော့ ပေးပါ)
ဦးဦးပါလေရာ
June 27, 2013 at 11:18 pm
ဥက္ကဌကြီးရေ-
ပိုစ့်တင်ပြီး စာရင်းတောင်းမှ ဖြစ်မယ်ထင်တယ်..
ဒီ congress ထဲကို လူတိုင်းသိပ်မဝင်ကြဘူးထင်တာပဲဗျို့…..
အလင်း ဆက်
June 30, 2013 at 12:21 pm
လာ နိုင်အောင် ကြိုးစားပါ့မယ်။
ကဗျာ မရွတ် ရဘူးဆိုရင် ပေါ့
😆
လူတွေ အများကြီး အရှေ ့ထွက်ပြီး ကဗျာ မရွတ်ပြ ရဲသေးလို ့
အဟိ။
အရင် တစ်ခေါက်တုန်းကလို
ရွာ့စာမျက်နှာ မှာ စာရင်း ကောက်မှ ဖြစ်မယ်နော် ။
ဒီ ထဲ သိပ် မဝင်ဖြစ် ကြဘူး ထင်တယ်။
kai
July 2, 2013 at 4:10 am
ရွာကနေ.. မြို့အဆင့်မြှင့်လိုက်ပါပြီဗျို့..။
အဲဒါ.. တချို့ပုံတွေဖြည်းဖြည်းချင်းပြောင်းထည့်ပါမယ်/ပြောင်းထည့်နေပါတယ်..။
အရင် .ORG မှာတင်ထားတဲ့ပို့စ်တွေ.. လင်ခ့်ကို .ORG ပြန်ပေးရင်တော့မြင်ရမှာပါ..။
ပြဿနာရှိရင်.. ပြောကြစေလိုကြောင်း…
KZ
July 2, 2013 at 7:46 am
ဒီနေ့ စကက်ဂျူးလုပ်ပြီး တင်ထားတဲ့
အနော့ ပို့(စ) က ပုံတွေ ပျောက်(စ)
kai
July 2, 2013 at 2:56 pm
ပုံတွေ .com ဆာဗာမှာထားထားရက်နဲ့.. မပေါ်ဘူးဖြစ်နေတယ်…
ကြားထဲ.. ဘယ်ကဘယ်လို…
http://i0.wp.com/myanmargazette.net/wp-content/uploads/2013/06/Mdy.jpg
wp.com ကပါနေတယ်မသိ…။
နောက်တခုက.. Spam ကို၂ဆင့်ထိမ်းထားရက်နဲ့.. မဆိုင်သူတွေရဂျစ်စတာလုပ်တာ အရမ်းများတယ်ခင်ဗျ..
လူလုပ်တာဟုတ်ပုံတော့မရ….
အဲဒါနဲ့. New Member Registration ပိတ်ထားရတယ်..
အကြံဉာဏ်လုပ်ကြပါဦး…
ဦးကြောင်ကြီး
July 3, 2013 at 8:52 am
မင်န်ဘာလျောက်လွှာကို လူကိုယ်တိုင် သို့မဟုတ် စာတိုက်က တဆင့် ပို့ခိုင်းရင်ဂေါ…
padonmar
July 3, 2013 at 7:39 am
သူကြီးရေ
ကိုယ့်ပို့စ်ကို မန့်တဲ့ ကွန်မန့်တွေ ဂျီမေးထဲ အော်တိုမရောက်ဘူး။
မဟာရာဇာ အံစာတုံး
July 3, 2013 at 3:17 pm
ဟုတ်ဒယ် ….
တီတီ ပေါဒါလည်း ဟုတ်ဒယ် …
ပီးဒေါ့ …
https://myanmargazette.net/ ဆိုပီး လော့အင် မဝင်ဘဲ ဖွင့်လိုက်ရင်
mobile theme ဖြစ်နေဒယ် ….
သူညားဒွေဒေါ့ သိဝူး ..
ကျုပ်ဒေါ့ Login ဝင်လိုက်ရင် ပုံမှန်ဒေါ့ ဖစ်တွားဘာဒယ် …
အိုက်ဒါ .. အိုက်ဒါ …
ပီးဒေါ့ ဖုန်းအတွက် mobile theme ပျောက်တွားဒါလားဒေါ့ မသိဘူး …
သများ ဖုန်းမှာ မရဘု …
အရင်ဒုန်းဂ အောက်ဆုံးနားမှာ mobile theme ဆိုဒါလေး ချိဒေးဒယ်
အခု ရှာမတွေ့ဒေါ့ဘူး …
ဖွဘုတ်လို .. m.myanmargazette.net ဆိုပီး ချိဝူးလား …
အလင်း ဆက်
July 3, 2013 at 3:46 pm
အံစာပြောသလို ဖြစ်တယ်။ ကွန်ပူတာနဲ ့ သုံးလည်း ဖြစ်တယ်။
အန်းဒိတ်ဒဇိုင်းကြီး ပေါ်လာတာလေ
ဟန်းဆက်နဲ့ သုံးရင် မန်ဘာ ဝင်မရ ပဲ ပေါ်နေတဲ့ ဒဇိူင်းလေ
သေချာ ရှင်းမပြတတ်လို ့
့ပီးးတော့
ကွန်မန့်တွေလည်း အခု ရောက်မလာဘူးနော်
ပိုစ့်မှာ ၁၃ ခု ဖြစ်နေုပီ mail ထဲကို တစ်ခုမှ မရောက် လာပါ ။