သူရဿတီမယ်တော် ဆိုတာဘယ်သူလဲ?

zaylayJuly 18, 20101min3671

သူရဿတီမယ်တော် ဆိုတာ တကယ်ရှိသလား မရှိဘူးလား ဆိုတာတော့ တိတိကျကျ မသိပါဘူးသိရသလောက်တော့
သူရဿတီ ဆိုတာ အိန္ဒိယက ဟိန္ဒူ ယဉ်ကျေးမူ့ ဗုဒ္ဓဘာသာ နဲ့ ရောပါလာတာကိုတချို့
မြန်မာတွေက ဗုဒ္ဓဘာသာ ယဉ်ကျေးမူ့ ထင်မှတ်ပြီး ကိုးကွယ်နေကြတယ်လို့ ထင်ပါတယ်ဟိန္ဒူဗြဟ္မဏဘာသာ
မှာ နတ်ဘုရားသုံးဆူ ရှိပါတယ်။
မဟာဗြဟ္မာ၊ ဗိဿနိုး၊ သိဝ လို့ ခေါ်ကြပါတယ်၊ မဟာဗြဟ္မာ က ကမ္ဘာလောက နဲ့ သတ္တဝါတွေကိုဖန်ဆင်းတယ်လို့ ဆိုပါတယ်။ဗိဿနိုးက
လောကကို ထိန်းသိမ်းစောင့် ရှောက်ပါတယ်သိဝ က ဖျက်ဆီးပါတယ်။
ဖန်ဆင်းရှင် မဟာဗြဟ္မာ ရဲ့ ကြင်ရာတော်က ဆရဆွတီ၊ ပါဠိဘာသာ နဲ့တော့ သရဿတီ
အများခေါ်ကြတာက သူရဿတီ၊ဗိဿနိုး ရဲ့ ကြင်ယာတော်က လက္ချမီ၊သိဝရဲ့ကြင်ယာတော်က
ပဗ္ဗတီ အဲဒီလို အသီးသီး ရှိကြပါတယ်။
မဟာဗြဟ္မာ ရဲ့ စီးတော်ယာဉ်က ဟံဆ၊ ပါဠိ လို ဟံသ မြန်မာလိုတော့ ဟသာင်္
သူရဿတီ မှာတော့ စိးတော်ယာဉ် ရှိတယ်လို့ မတွေ့မိပါဘူး။သို့သော်လည်း မဟာဗြဟ္မာ မှာ
စီးတော်ယာဉ်ရှိနေရင် သူ့ရဲ့ ကြင်ယာတော် သူရဿတီမှာယာဉ်သီခြားရှိဖို့
မလိုတော့ပါဘူး။ ဒါဟာ လောက သဘာဝ ပါပဲ
ဟံသ ဆိုတဲ့ စကားကို အိန္ဒိယ က swan လို့ အင်္ဂလိပ် လို ဘာသာပြန်ကြပါတယ်
swan ကို မြန်မာက ငန်း၊ ငန်းဘဲ လို့ မြန်မာမူ ပြုကြပါတယ်။
ဒီတော့ ပင်ရင်းကျတဲ့ အိန္ဒိယ သားတို့ မယူအဆကို လက်ခံရမယ်ထင်ပါတယ် ပြီးတော့ အိန္ဒိယ ကမဟာဗြဟ္မာ ရုပ်ပုံတွေမှာလဲ
စိးတော်ယာဉ်ကို ငန်းဘဲ ရုပ်နဲ့ ပဲ ပြထားပါတယ်။
နောက်သမိုင်းတခု က ဆိုထားပါသေးတယ်
မှန်တယ် မမှန်ဘူး ဆိုတာတော့ သေချာမသိပါဘူး သူရဿတီ ဟာ လင်ကောင်မပေါ်ဘဲ မွေးလာတဲ့ကောင်မလေးပါသူ့ကိုအမျိုးယုတ်တယ်ဆိုပြီးမြစ်ထဲမှာသစ်ဖောင်ကလေးပေါ်တင်ပြီး
ငန်းဘဲ တစ်ကောင်နဲ့ အတူ မျှောလိုက်ပါတယ်၊ မြစ်ထဲမှာ မျှောချင်ရာ မျှောနေပြီး တနေ့မှာ
ပုဏ္ဏားတွေ နေတဲ့ ရွာတရွာမှာ သောင်တင်ခဲ့ပါတယ်၊ ထိုနှစ်မှာပဲ အဲဒီရွာလေးမှာ သီနှံ စပါး
များ ခါတိုင်းနှစ်များနှင့် မတူဘဲ အထွက်တိုးပြီး စီးပွါးဖြစ်ခဲ့တဲ့
အချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်
အသိညဏ် မဖွံ့ဖြိုးသေးတဲ့ ရွာသားတွေဟာ ဒီကောင်မလေး ရောက်လာလို့ ငါတို့ရွာမှာ
ဆန်ရေစပါး ရတာ သူဟာတန်ခိုးရှင်ပဲ လို့ သတ်မှတ်ပြီး ကိုးကွယ်ကြပါတယ်နောင်ကြာလာတဲ့ အခါမှာ ပုဏ္ဏားတွေက
သူ့ကို ဗေဒင် ဝေဒ သုံးပုံကို စောင့် ရှောက်တဲ့ သူလို့လုပ်ကြံဖန်တီးပြီး
ကိုးကွယ်မူပြုကြပြန်ပါတယ်လိုရင်းကတော့ အခုပြောခဲ့တဲ သူရဿတီ ဟာ
ဗုဒ္ဓဘာသာနဲ့ လုံးဝ မသက်ဆိုင်ဘူးဆိုတာစာပေလေ့လာလိုက်စားတဲ့
သူတိုင်းသိကြပါတယ်။

မြန်မာပြည်ထဲမှာ

ထို ဆိုခဲ့တဲ့ သူရဿတီ ဟာ မြန်မာပြည်ထဲကို ဘယ်လိုရောက်လာတယ်
မသိပါဘူးမြန်မာပြည်မှာတော့ ဟင်္သာစီးလျက် တွေ့ရပါတယ်ရင်နာစရာ
ကောင်းတာက သူရဿတီ ဟာ ပိဋကတ် သုံးပုံကို စောင့်ရှောက်တယ် လို့ ပြောဆိုကြတာပါသူက
ဘာ မို့ ပိဋကတ် သုံးပုံကို စောင့်ရှောက်နိုင်ရမှာလဲ။ ဒါကို သိရဲ့သားနဲ့ သာသနာ နဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက မရှင်းလင်းကြတာ တော့စိတ်ပျက်စရာပါ
တချို့ ဗုဒ္ဓဘာသာ စာအုပ်တွေထဲမှာ သူရဿတီဂါထာ ဆိုပြီး ထိုဂါထာကို ရွတ်ရင်
စာမေးပွဲအောင်မယ် အန္တရာယ်ကင်းမယ် စတဲ့ မဟုတ်မမှန်တာတွေပြောထားပြီး အမွန်းတင်ထားတာတွေလဲ အများကြီးပါ ဒါတွေကို ရှင်းလင်းဖို့တော့ လိုနေပါပြီနာမည်အကြီးဆုံး
ဘုရားတဆူ ဖြစ်တဲ့ ဗိုလ်တစ်ထောင် ဘုရားမှာ သူရဿတီ ကို ထည်ထည်ဝါဝါ ကို လုပ်ပေးထားတာက
စိတ်မကောင်းစရာပါပဲ ဒါကို မသိဘဲ မြန်မာတွေ က သူ့ကို ပိဋကတ် သုံးပုံစောင့်ရှောက်တဲ့ သူဆိုပြီး မှားယွင်းစွာနဲ့ ကိုးကွယ်မူ
ပြုကြပါတယ်ဒါကို လုံးဝ မကိုးကွယ်ထိုက်ပါဘူး
ဟိန္ဒူအယူဝါဒ ကို ကိုးကွယ်တဲ့ သူလား ဗုဒ္ဓဘာသာစစ်စစ် ကို ကိုးကွယ်တဲ့သူလားဆိုတာတော့
မြန်မာတွေ မိမိကိုယ်ကို ဆန်းစစ်တတ်ဖို့ လိုပါတယ်
မြန်မာဗုဒ္ဓဘာသာဝင် အချို့၏ဘုရားစင်တွင်လည်းကောင်း၊ ဘုရားရင်ပြင် အချို့ပေါ် တွင်လည်းကောင်း၊ ယခုအခါရောက်ရှိနေသော သူရဿတီမှာ စင်စစ်အားဖြင့် ဗြာဟ္မဏဟိန္ဒူ
တို့လက်ခံထားသောနတ်သမီးတစ်ပါးသာလျှင်ဖြစ်သည်။
သူရဿတီဟူသောအမည်မှာ သက္ကတဘာသာ စကားသရသွတိကိုပါဋ္ဌိမှပြန်ကာ မြန်မာ အသံဖြင့်ခေါ်ဝေါ်ထားသော အမည်ဖြစ်သည်။
သက္ကတပုဒ်သရကို သရသ်နှင့်ဝတိဟူ၍ ပုဒ်ခွဲနိုင်သည်။ အချို့ ပညာရှင်တို့က သရသ်၌ “သ”သည်အတူတကွဖြစ်ခြင်း၊ “ရသ်”သည် ရေဟူသောအနက် ချိုမြိန်ခြင်းဟူသော အနက်
်ဖြစ်သည်။ “ဝတိ”မှာရှိသည်။ ပိုင်ဆိုင်သူဟူသောအနက်ဖြစ်သည်။ ထို့ကြောင့် သရသွတိ ကို “ရေနှင့်အတူတကွရှိသော”နတ်သမီး၊ချိုသာစွာပြောဆိုလေ့ရှိသောနတ်သမီးဟုမှတ်ဖွယ်ရှိသည်။
သရသွတိသည်ယခုခေတ်ပန်ဂျပ်ပြည်နယ်ရှိဆရဆွတိမြစ်ကိုစောင့်သောနတ်ဖြစ် သည်ဟု အချို့ကယူဆကြသည်။ရှေးဦးကမြစ်စောင့်နတ် ဖြစ်ခဲ့သည့် သရသွတိ ဝေဒခေတ် ၌ဖန်ဆင်းရှင်
ဣဿရ၏သမီတော် ဖြစ်ခဲ့သည်ဟုယူဆခဲ့ကြသည်။ ဝေဒခေတ်နှောင်း ဗြဟ္မဏကျမ်းစာများ
ထွန်းကားချိန်တွင် ဣဿရကို ဗြဟ္မာအဖြစ် ပြောင်းလဲသုံးနှုန်းလာခဲ့ကြ သည်။ထိုအချိန်တွင်
သရသွတိသည် ဖန်ဆင်းရှင် ဗြဟ္မာ၏ ကြင်ယာတော်နတ်သမီး တစ်ပါး ဖြစ်သည်ဟု ခံယူလာကြသည်။စာပေပညာနှင့် နှုတ်မှုပညာများကို စောင့်ရှောက်သည်ဟု
လည်းယုံကြည်ခဲ့ကြသည်။မြန်မာတို့၏ ကိုးကွယ်မှုတွင်ကား၊ သူရဿတီသည်
တန္တရဝါဒီ
မဟာယာနဂိုဏ်းသားတို့မှတစ်ဆင့်ပုဂံခေတ်ကတည်းကနေရာရလာခဲ့သောနတ်သမီးဖြစ်သည်။
ပုဂံခေတ်အနော်ရထာလက်ထပ်၌ရွှေစည်းခုံဘုရားတံတိုင်းအတွင်းတွင်နတ်ရုပ်အချို့ထားရှိသည်။
ထိုခေတ် လူတို့ယုံကြည်ကိုးကွယ်သောနတ်များသည်ဗုဒ္မမြတ်စွာကိုရိုကျိုးရှိခိုးသူများဖြစ်သည်။
စောင့်ရှောက်ရသူများ ဖြစ်သည်ဟူသော အဓိပ္ပာယ်ပေါက်အောင် အနော်ရထာကကြံဆောင်ခဲ့
ခြင်းဖြစ်သည်။ ထိုသို့ရွှေစည်းခုံဘုရား၏တံတိုင်းအတွင်း ထားသောနတ်ရုပ်(၃၇)ခု အနက်
သူရဿတီသည်အမှတ်စဉ်(၉)တွင်ပါဝင်သည်။ နတ်ဝတ်တန်ဆာဆင်ကာ ဟင်္သာငှက်ပေါ်တွင်
ထိုင်၍ လက်နှစ်ဘက်၌ ကြာပန်းကိုကိုင်နေဟန် ဖြင့်သူရဿတီကိုထုလုပ်ထားသည်။ ဟင်္သာ
ငှက်သည် ရေတွင်ကျက်စားသောငှက်ဖြစ်ခြင်းကြောင့်ရေကိုပိုင်သူမြစ်စောင့်နတ်၊သူရဿတီ၏
စီးတော်ယာဉ် အဖြစ်သတ်မှတ်ထားခြင်းဖြစ်ဟန် တူသည်။ဗြဟ္မာ၏ကြင်ယာတော်
သူရသွတိကို မြန်မာတို့က သူရဿတီဟုအသံထွက်ပြောင်းလဲ ခေါ်ဝေါ်ကာ ပိဋကတ်သုံးပုံ
စောင့်နတ်သမီးဟုယူဆကိုးကွယ်ကြသည်။ သူရဿတီသည် အတတ်ပညာကျက်သရေမင်္ဂလာ
တို့ကိုပေးနိုင်သည်ဟုယုံကြည်ကြသည်။ သူရဿတီဂါထာ၊ သူရဿတီ မန္တန်၊ သူရဿတီအင်း၊
သူရဿတီမှော်စသည်ဖြင့် အစီအရင် အမျိုးမျိုးပြုလုပ် ဆောင်ရွက်ကြသည်။
(မြန်မာစွယ်စုံကျမ်း အတွဲ (၁၃)စာ-၁၆၈-၁၆၉)။ ဤတွင် သူရဿတီ ကိုလောကီအတတ်များ
အတွက်သာအသုံးပြုကြောင်း သတိပြုသင့်ပေသည်။
ဗုဒ္ဓဘာသာတန္တရဝါဒီ တို့သည်ဗြဟ္မဏတို့၏ ဘုရားအဆူဆူဝါဒကို သဘောကျကာ၊ မဟာယာန
ဗုဒ္ဓဘာသာအတွင်းသို့ဘုရားအဆူဆူ၊ ဘုရားလောင်းအမျိုးမျိုးကို သွတ်သွင်းခဲ့ကြ သည်။
အလားတူပင် ဗြာဟ္မဏဝါဒတစ်ဖြစ်လဲ ဟိန္ဒူဘာသာကလက်ခံထားသည့် နတ်ဘုရား
တို့၏ကြင်ယာတော် နတ်ဘုရားမ(နတ်သမီး)များကို ကိုးကွယ်မှုကိုလည်းမဟာယာန ဗုဒ္ဓဘာ
သာတွင် ပုံတူကူးချကာ တာရာဒေဝီ၊ မဟာဒေဝီ၊ ပရဝတီ၊ စသည်ဖြင့်နတ်ဘုရားမ အမျိုးမျိုး
ကိုဖန်တီးလက်ခံ ခဲ့ကြသည်။မြန်မာတန္တရဝါဒီတို့ကား၊ အိန္ဒိယတန္တရဝါဒီ တို့ထက်ပင်
လက်သွက်ကာဗြဟ္မာ၏ကြင် ယာတော် သူရသွတိကို သူရဿတီအဖြစ်မြန်မာမှုပြုခဲ့ကြသည်။
ပိဋကတ်သုံးပုံစောင့်သူအဖြစ် ဖန်တီးခဲ့ကြသည်။ ဤသို့ဖြင့် သ သူရသွတိသည်
ပုဂံခေတ် ကတည်းကပင် အတွင်း(၃၇) မင်းစာရင်းဝင် ဖြစ်လာခဲ့ရပေသည်။
နတ်သမီးကိုးကွယ်မှုအစဉ်အလာကို အိန္ဒိယသားတို့သည် ဝေဒခေတ်မတိုင်မီက ကမ္ဘာ ဦးစိုက်ပျိုးရေးသမားများ ဘဝကတည်းကလက်ခံကျင့်သုံးခဲ့ကြသည်။ ယခုခေတ်ပန်ဂျပ်ပြည်နယ်ရှိ
အိန္ဒုမြစ်ဝှမ်းတွင်ခရစ်ကြိုနှစ် နှစ်ထောင်ကျော်ခန့်က
ထွန်းကားခဲ့သောအိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုခေတ်ကတည်းက ကိုးကွယ်ခဲ့ကြသည့်
ကြေးသွန်းနတ်သမီးရုပ်ထုများကို ရှေး ဟောင်းသုတေသီတို့ တွေ့ရှိကြရသည်။
ထိုနတ်သမီး ရုပ်ထုတို့ကို အိန္ဒို မြစ်ဝှမ်းသားတို့က မည်သို့ခေါ်ဝေါ်ခဲ့သည်ကို
အတိအကျ မသိရသော်လည်း၊ သုတေသီများကမူ မိခင်နတ်သမီး ဟုလည်းကောင်း၊
ရွာရှင်နတ်သမီး ဟု လည်းကောင်း၊ မယ်တော်ကြီး ဟု လည်းကောင်း ခေါ်ဝေါ် ထားသည်။
အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုခေတ်ကတည်းက နတ်သမီးကိုးကွယ်မှုကို လက်ခံခဲ့သော အိန္ဒိယသားတို့သည် ဝေဒခေတ်၌လည်းအလားတူနတ်သမီး ကိုးကွယ်မှုကိုလက်ခံကျင့်သုံးခဲ့ကြ သည်။ ဝေဒခေတ်အတွေးအခေါ် ယဉ်ကျေးမှုများကို ဗြာဟ္မဏဝါဒဟု ခေါ်ဝေါ် ထားရာ ဗြာဟ္မဏ ဝါဒ၌လည်း နတ်သမီးများကို ဆက်လက်ကိုးကွယ်ခဲ့ကြသည်။
ထေရဝါဒဗုဒ္ဓဘာသာ၌မူဖန်ဆင်းရှင်ဗြဟ္မာကိုပယ်ပြီးဖြစ်ရာ
ဗြဟ္မာ၏ကြင်ရာတော်နတ်သမီးနှင့် တကွအခြား နတ်သမီးများ၊ နတ်ဘုရား
များကိုကိုးကွယ်ရန်မလိုတော့ချေ။
သူင်္ဂမင်းဆက်၊ ကုသျှန် မင်းဆက်တို့လက်ထက်ရောက်သောအခါ ဗြဟ္မဏဝါဒ ပြန် လည်အားကောင်းလာပြီး၊ ဗုဒ္ဓဘာသာကို နှိမ်နင်းလာသည်။ ထိုအခါမိမိတို့ရပ်တည်ရေးအတွက်
ဗုဒ္ဓဘာသာအတွေးအမြင် ကျင့်စဉ်များကို ဗြာဟ္မဏတို့အလိုကျဖြစ်စေရန် ပြောင်းလဲကျင့်သုံးခဲ့
ကြရသည်။ ထိုသို့ကျင့်သုံးရာမှပေါ်ပေါက်လာသော မဟာယာနဗုဒ္မဘာသာ၌မူ၊ နတ်ဘုရားအ
မျိုးမျိုးကိုပါ လက်ခံကိုးကွယ်လာခဲ့သည်။အိန္ဒိယမှ ဗုဒ္မဘာသာတန္တရဝါဒီတို့သည်
ဘင်္ဂေါပြည်နယ်မှတစ်ဆင့် အထက်မြန်မာနိုင်ငံ သို့ သရေခေတ္တရာခေတ်ကပင်
ဝင်ရောက်ခြေကုပ်ယူခဲ့ကြသည်။ထိုသို့ခြေကုပ်ယူခဲ့ကြောင်းသရေခေတ္တရာမြို့ဟောင်း(မှော်ဇာ)မှ
တူးဖော်တွေ့ရှိရသော ဘုရားလောင်းပုံပါရှိသောအုတ်ခွက် အမျိုးမျိုးများနှင့်ရှေးဟောင်း
ပစ္စည်းများကသက်သေ ခံနေပေသည်။ တန္တရဝါဒီတို့၏ အတွေး အခေါ်များနှင့်
ကျင့်စဉ်များသည် ပုဂံခေတ်တွင်လည်း တွင်ကျယ်လေရာ၊ အနော်ရထာမင်းက
သာသနာသန့်ရှင်း၊ ထေရဝါဒ ဗုဒ္မဘာသာထွန်းကားရေး ပြုလုပ်သောအခါ၊အသွင်အမျိုးမျိုး
ဆောင်ကာတိမ်းရှောင်ထွက်သွားခဲ့ကြသည်။ထိုသို့တိမ်းရှောင်ထွက်သွားကြရာ၌
သူရဿတီ သည် တိမ်းမြုပ်ပျောက်ကွယ် မသွားဘဲ၊ ရွှေစည်းခုံတံတိုင်းအတွင်း၌
ပုံတော်နှင့်တကွနေရာရ သွားခဲ့သည်။အိန္ဒိယသားတို့သည် နတ်သမီးများကိုပထဝီမာတာ
(မြေစောင့်မယ်တော်)၊ မဟာမာတာ (မယ်တော်ကြီး)စသည်ဖြင့် သုံးနှုန်းခေါ်ဝေါ်ခဲ့ကြသည်။ ထိုအခေါ်အဝေါ်များကိုလိုက်၍မြန်မာတို့ သည်ယခုအခါ မယ်တော်၊ မယ်တော်ကြီး စသည်ဖြင့်သုံးနှုန်းနေကြသည်။ ဤသို့ သုံးနှုန်းကြ ပါက သူရဿတီသည်ရှေးဦးမယ်တော်ကြီး တစ်ဦးဖြစ်သည်ဟုဆိုရပေမည်။အတွင်း(၃၇)မင်းအမှတ်စဉ်(၈)တွင်ဖော်ပြထားသည့်
စဏီနတ်သမီးမှာလည်းသူရဿတီကဲ့သို့ပင် မြန်မာတို့ ရှေးဦးလက်ခံခဲ့သော မယ်တော်ကြီးတစ်ပါးဖြစ်သည်။

One comment

  • ဆူး

    September 8, 2010 at 12:30 pm

    ဒီပို့စ်လေးကို အခုမှ ဖတ်မိတယ်။ သူရသတိနဲ့ ပတ်သတ်ပြီး သီတဂူ ဆရာတော်ကြီးလည်း နားထောင်ဘူးတယ်။ လူတွေ အသိခေါက်ခက် မိုက်တွင်းနက်ချက်ကတော့ ကန်းကုန်တယ်။ ဒီလို ပို့ မျိုး များများရေးပေးတာ ကောင်းပါတယ် အသိတွေ ကြွယ်ဝလာကြ အောင်လို့ပါ။

Leave a Reply