အသိ၊ သတိ

etoneJuly 14, 20101min803

ယောကျာ်းလေးများ အသိရှိပါ။ မိန်းကလေးများ သတိရှိပါ။

သူငယ်ချင်းတစ်ယောက်က လင့်ပေးလို့ သွားကြည့်ရာကနေ စိတ်မကောင်းစွာ တွေ့ခဲ့ရတာကတော့ မြန်မာမိန်းကလေး ဆယ်ကျော်သက် စုံတွဲများ အချင်းချင်း အတူနေတာကို လက်ကမြင်းပြီး ရိုက်ထားတဲ့ ဖုံးဗီဒီယိုဖိုင် လေးတွေစုထားတဲ့ web ကိုမြင်ပြီး ဒီစာကိုရေးပါသည်။ အသိတရားရှိသင့်ပါသည်။ သည်လုပ်ရပ်က ကောင်းမကောင်းကို။ မိန်းကလေးများလည်း သတိထားသင့်ပါသည်။ ချစ်လို့ တစ်ယောက်နှင့်တစ်ယောက် ဒီလိုပုံစံနှင့် ချုပ်ကိုင်တာမျိုး အချင်းချင်း အဆင်မပြေဖြစ်တော့ ယောကျာ်းလေးဘက်က ဗီဒီယိုဖိုင်ကို ဖြန့်လိုက်တာမျိုးကို တွေ့ရသည်။ အဲဒီ ယောက်ျားတစ်ယောက် ဘယ်လိုအတန်းစားလဲ ပြောမနေတော့ပါဘူး။ ဒီလိုပုံ ဒီလိုဗီဒီယိုမျိုးကို မရိုက်သင့်ပါ။ အမှတ်မထင် ရိုက်မိလျှင်လည်း ချက်ချင်းဖျက်ပစ်ပါ။ ဒါက ယုံကြည်မှုနဲ့မဆိုင်ပါဘူး ကိုယ်ကျင့်တရားနဲ့ ဆိုင်တာပါ။ ဒါကြောင့် မိမိချစ်သူက ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ သိမ်းထားချင်တယ် ပြောပါစေ ဖျက်ပစ်ပါ။ ဘာပဲဖြစ်ဖြစ် နှမတွေ အမတွေ ကိုယ်တိုင်မရှိသော်လည်း စိတ်မကောင်းစွာဖြင့် ဒါကိုရေးလိုက်ပါသည်။ အရင့်အရင် ဒီအကြောင်းကို သတိရှိရန် ရေးခဲ့သူများလည်း ရှိပါမည်။

လူမျိုးတိုင်း နိုင်ငံတိုင်းမှာ hidden camera ဖြင့် များစွာဗီဒီယိုတွေ ရှိနေသော်လည်း လိုက်အတုမယူသင့်ပါ။ ဒီအလုပ်ကို စီးပွားဖြစ်လုပ်စားနေသည့် အမျိုးသမီးများနှင့်တွဲပြီး ရိုက်တာကို မဆိုလို။ ကိုယ်ကမြင်းတာ လူသိရုံကလွဲလို့ ဘာဖြစ်မည်နည်း။ ခေတ်စားနေသည့် ပိုက်ဆံပုဒ်ပြတ်ပေးပြီး အခန်းထဲတွင် မိန်းကလေး လေးငါးယောက်ကို လမ်းလျှောက်ခိုင်းတာမျိုး ကိုရိုက်ထားသည့် ဗီဒီယိုမျိုးဆိုလည်း ထားပါ။ စိတ်အနှောင့်အယှက် ဖြစ်သွားမိတာက Yuzana Plaza အဝတ်လည်းခန်း အတွင်းဘက်မှာ ဝင်ထိုင်နေပြီး ဖုန်းကင်မရာနှင့် ရိုက်ထားသည့် အမျိုးကောင်းသမီးများကို မြင်ရတာပါ။ ကျွန်တော့် သူငယ်ချင်းများထဲတွင် ရန်ကုန်ပြန်လို့ Plaza မှာ အဝတ်အစားဝယ်သူများ ရှိသည်။ လူတန်းစားမရွေး ဝယ်မှန်းသိသည်။ သူတို့သာ ဒီသတင်းကြားမိရင် ဘယ်လောက်များ ဒေါသထွက်လိုက်ကြလေမည်နည်း။ ဒီအဖြစ်အပျက်ကတော့ ကြာခဲ့ပါပြီလို့ သိရသည်။ ခုထိရှိသေးလား မရှိတော့ဘူးလား တော့မသိပါ။

နောက်ထပ် သတိထားသင့်တာက ရန်ကုန်မှာဖြစ်လေ့ ဖြစ်ထရှိတာပါ။ ဖုံးထဲ သီချင်းသွင်းချင်လို့ ဆိုင်ကိုပို့လေ့ရှိပါသည်။ စလုံးမှာလို bluetooth ဒါမှမဟုတ် usb အလွယ်တကူ မရတတ်တော့ လွယ်လွယ်နဲ့ ကိုယ့်ဖုံးကို ဆိုင်ပို့ပြီး သီချင်းသွင်းခိုင်းသည်။ Themes များထည့်ခိုင်းသည်။ အဲဒီအခါ အကယ်၍ မိမိဖုံးထဲမှာ သူငယ်ချင်းအချင်းချင်း နောက်ပြီး အိမ်သာထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ရိုက်ထားတဲ့ အမြင်မတော်မယ့် ပုံမျိုးပါသွားတတ်သည်။ ပြန်မဖျက်တတ်တာလည်း ပါမည်။ ဖျက်သော်လည်း လုံးဝမပျက်သည်ကို မသိတာလည်းပါပါမည်။ ဖျက်သော်လုံး လုံးဝမပျက်သည်လို့ ဆိုလိုခြင်းမှာ file recovery software တွေ မြောက်များစွာ ရှိပါသည်။ ဖိုင် တစ်ခုကို အမှန်အကုန်ဖျက်ဖို့က delete လုပ်ပြီးရင် overwrite တခြားဖိုင်များထပ်လုပ်ပြီး ထပ်ဖျက်ပေးဖို့လိုပါသည်။ ဒါမှသာ တကယ်ပျက်ပါသည်။ ရန်ကုန်မှာ ဖုံးပြင်တဲ့ လူရဲ့ ပြောစကားအရ သေချာသိရတာပါ။ သူက သူ့လုပ်ရပ်ကို ဂုဏ်ယူပြီးတောင် ပြောခဲ့ပါသေးသည်။ ဒါကြောင့် တတ်နိုင်လျှင် သူငယ်ချင်းအချင်းချင်းလည်း သတိပေးပါ။ ကျွန်ပြူတာဆိုင်တော်တော်များများက memory stick or card ပေးလိုက်လျှင် ကိုယ်မသိလိုက်ခင်မှာပဲ စက်ထဲကူးထည့်တတ်ပါသည်။ အဲဒီ web မှာ friendster facebook အစရှိသည်တို့က ကောင်မလေးတစ်ချို့၏ ကမ်းခြေကပုံတို့ ရေကူးဝတ်စုံနှင့်ပုံ တို့ကိုလည်း တွေ့ရပါသည်။ ဒီလို web မှာ အခြားပုံတွေနှင့်ရောလိုက်တော့ စဉ်းစားသာကြည့်ပါ…။ သည်အလုပ်ဖြင့် အသက်မွေးသူများ၏ ဗီဒီယိုကို စိတ်ကြိုက် ဒါရိုက်တာလုပ်ပြီး ရိုက်ပါ။ အဆင်ပြေသလိုဖြန့်ပါ။ ဘာမှမပြောလိုပါ။ ဒါပေမယ့် ကိုယ့်ရွှေရွာက နှိုင်းယှဉ်လို့မရတဲ့ မိန်းမကောင်းလေးများကို ဒီလိုမျိုး အထင်ခံရအောင် မဟုတ်ကဟုတ်က ခေါင်းစဉ်များဖြင့် web လုပ် စုတင်ခြင်းမျိုးတော့ ဘာဖြစ်လို့ လုပ်ချင်ရတာလဲ။

အဲဒီလင့်နဲ့ ရောက်သွားတဲ့ web မှာ ရေးထားတဲ့ Admin ရဲ့ ရွှေဉာဏ်တော် စူးရောက်ပုံကိုလည်း ကြည့်ပါ။ သူရေးထားတာက မြန်မာမိန်းကလေးများ ဆင်ဆင်ခြင်ခြင် သတိထားနေတတ်လာအောင် ဒီရှိပြီးသား ဓာတ်ပုံ ဗီဒီယိုများတင်ခြင်းဖြင့် သတိပေးရာလဲ ရောက်ပါသည် လို့ ရေးထားပါသည်။ စဉ်းစားကြည့်ပါ ကိုယ့်အမ၊ ညီမ တစ်ယောက် ရဲ့ ဗီဒီယိုကိုတင်ပြီး အခြားလူတွေ ပညာပေးပါဆိုလျှင် သူပေးပါမည်လော…။ ကိုရမ္မက်တို့ရဲ့ comments ကြားထဲမှာ ကောင်မလေးတစ်ယောက်ရဲ့ သူ့ friendster က ကူးယူထားတဲ့ ပုံလေးဖျက်ပေးဖို့ တောင်းဆိုထားတာလေးလည်း ဖတ်လိုက်ရသည်။ အဘက်ဘက်မှာ တိုးတတ်မှု နည်းနေတဲ့ ကိုယ့်ရွှေရွာလေးကို ငဲ့ရင် ဒီလိုကိစ္စမျိုးတွေ ဖန်တီးနေမယ့်အစား တိုးတတ်ရာတိုးတတ်ကြောင်း အသိတရားလေး ဝင်ပါ။ ဘယ်လိုပင်ဖြစ်ဖြစ် ယောကျာ်းများ အသိတရားရှိသင့်ပြီး မိန်းကလေးများ သတိရှိသင့်သည်….။

ဝမ်းနည်းဝမ်းသာ မတတ်သာပါ။

-pm

3 comments

  • kopauk mandalay

    July 14, 2010 at 12:05 pm

    သည်ကိစ္စမှာ တကယ်စမှားတာက ကိုယ်ရဲ့သူများမမြင်သင့်တာကို လက်ကမြင်းသူ ကိုကို မမ ပါ။
    နောက် ဖုံးကွယ်ထားတာကို ဇွတ်ချောင်းလို့ ရိုက်သူပါ။
    ဘာဖြစ်ဖြစ် ပိုနစ်နာနိုင်မယ်လို့ထင်ရတဲ့ ဒေါ်ဒေါ် မမ ညီမကြီး ညီမလတ် ညီမလေး ညီမပိစိကွေးတို့ကအစ
    နေရာတကာမှာ စောင့်ကြည့်သူရှိနို်င်တယ်ဆိုတဲ့ အသိတရားလေးကို သတိထား၍နေတော်မူကြစေချင်ပါတယ်။
    မကောင်းသူကို တားဆီးတာထက် ကိုယ်ကိုကိုယ်ကာကွယ်တာက ပို၍သဘာဝကျကြောင်းပါခင်ဗျာ။

  • sususan

    July 14, 2010 at 3:14 pm

    လုပ်စားနေတဲ့လူကတော့လုပ်နေမှာပဲလေ
    မပါချင်ရင်..ဝမ်းချုပ်အဲ့လေယောင်လို့..
    မပါရအောင်နေပေါ့..ဘယ်သူမပြုမိမိမှုတဲ့..
    သိသာသိစေမမြင်စေနဲ့ပေါ့..ဟုတ်ဘူးလား..

  • winne

    July 15, 2010 at 9:54 am

    ခက်တော့ ခက်တယ် လူတွေကလည်း ကိုယ်ချင်းစာတရား ထားနိုင်မယ်ဆိုရင် ပိုကောင်းမှာပေါ့။ တခြားလူတွေ ပညာရဖို့ ကိုယ် ညီမ အမကိုတော့ တင်မှာ မဟုတ်ဘူးဆိုသလိုဘဲ အားလုံး အသိ တရားလေး ရှိရင် ပိုကောင်းမယ်။ ဒီလူမှု ပတ်ဝန်းကျင်မှာ ခေါင်းမဖော်ရဲအောင် ပြောတတ်ကြတာ လူသိမခံချင်ရင်တော့ တတ်နိုင်သလောက် ရှောင်ပေါ့

Leave a Reply