ဥဿာနှင့် သရေကျ၍ ရာသီဝက် အမှတ်ပေးဇယား ဦးဆောင်ခွင့်အား ဇေယျာရွှေမြေ လွဲချော် ~ ရာသီဝက် ချန်ပီယံ ရတနာပုံ ဖြစ်လာခဲ့

BayoteJune 15, 20101min490

ယနေ့ ညနေပိုင်းက ရန်ကုန် သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ဥဿာ ယူနိုက်တက် အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ ပွဲစဉ်တွင် တစ်ဖက် ၂ဂိုးစီ သရေပွဲ အဖြစ် ပြီးဆုံးခဲ့သည်။

ယနေ့ပွဲတွင် ဇေယျာရွှေမြေ အသင်း အနေဖြင့် ဥဿာ အသင်းအား ၂ကြိမ်တိုင်တိုင် နောက်မှ လိုက်ကစား ခဲ့ရပြီး နာကျင် အချိန်ပိုတွင် ဂျောင်ဆောင်ဘီ သွင်းယူ ပေးခဲ့သည့် နောက်ကျ ဂိုးကြောင့်သာ သရေ တစ်မှတ်အား ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ယနေ့ပွဲ၏ အဖွင့်ဂိုးအား ဥဿာ တိုက်စစ်မှူး လစ်ပီလစ်ပီက ပွဲချိန် မိနစ် ၂ဝတွင် စတင် သွင်းယူ ပေးခဲ့ပြီး ပထမပိုင်းတွင် တစ်ဂိုး အသာဖြင့် အနိုင်ရ နေခဲ့သည်။ ဒုတိယပိုင်း ပြန်စ၍ ၃မိနစ်တွင် ရာဇာဝင်းသိန်းက ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ရာ တစ်ဂိုးစီ သရေ ဖြစ်နေခဲ့သည်။

သို့သော် ပွဲပြီးရန် ၂မိနစ်အလို ၈၈မိနစ် အရောက်တွင် ဥဿာ အသင်းမှ အော်တူက နောက်ထပ် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး နာကျင် အချိန်ပို ၂မိနစ် အရောက်တွင် ဂျောင်ဆောင်ဘီက ချေပဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဇေယျာရွှေမြေ အသင်းသည် ယနေ့ ပွဲစဉ်အား အနိုင်ရရှိမည် ဆိုပါက ရာသီဝက် အမှတ်ပေး ချန်ပီယံ ဖြစ်ရန် အခွင့်အရေး ကောင်းခဲ့သော်လည်း လက်တွေ့တွင် ဥဿာ အသင်းနှင့် သရေကျ ခဲ့ခြင်းကြောင့် ဂိုးပိုသွင်းထား နိုင်ခဲ့သည့် ရတနာပုံ အသင်းက အမှတ်ပေး ဇယားအား ဦးဆောင် ခဲ့ခြင်း ဖြစ်သည်။