ကျောင်းသွားခြင်း

yannaingechJune 3, 20101min550

ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်ရတာလည်း

အထီးကျန်ဆန်လွန်းလှ

ချိုရည်ငြိမ့်ညောင်းပေမယ့်

မျိုးတူတို့ရင်ဘတ်နဲ့ မျောလွင့်ရတာလည်း

ငါ့နိဗ္ဗာန်ဘုံရဲ့အဝေး

ဒီပုံမျိုးနဲ့ဆို…မြင်းမိုရ်ကို ငါဖြိုနိုင်ပါ့မလား

အမှောင်ပါးပါးဆိုးထားတဲ့ အလင်းထဲကငါ့နေ့တွေ

ပြောပြချင်ပါသေးတယ်

ငါ့ရင်ထဲက ပျားရည်မြစ်တစ်စင်း ဒီနေ့အထိစီးဆင်းနေတဲ့အကြောင်း

ပန်းစုံတောရဲ့အလည်မှာ အထီးကျန်နေဆဲ လူတစ်ယောက်အကြောင်း

မင်းနားထောင်မယ်ဆိုရင်ပေါ့