ရွှေမိနှင့် တနေ့စာ အလွဲများ

Yin Nyine NwayJuly 20, 20101min530

ဆရာမ အတန်းထဲကိုဝင်လာပြီ။ ရွှေမိပိုက်ဆံ ငါးမှုးစေ့နှစ်စေ့နဲ့ခေါင်းပန်း လှန်ကောင်းတုန်း သူ့ရှေ့မှာ ငါးဆယ်တန်တွေတစ်ရာတန်တွေ ပုံခံနေတယ်။

“အောက်ပြည်အောက်ရွာ ငွေရှာရတယ်လွယ်သကိုး´´

ရွှေမိပြောလဲပြော ရှေ့ ကရှိတဲ့ ပိုက်ဆံတွေလဲသိမ်းလိုက်ပါတယ်။ ပြီးတော့ ငါးမှုးစေ့နှစ်စေ့ကိုထပ်လှန်ပြီး “ကဲပြောထိုးကြမယ်။ပန်းစုံက ဒီဘက် ခေါင်းစုံကဒီဘက် ဘတ်(ပန်းတစ်ခုခေါင်းတစ်ခု) ကအလည်´´

ပြောပြီးလှည့်လိုက်ပါတယ်။အလည်ကိ

ု ကြိမ်လုံးတစ်ချောင်းလာချတော့ ရွှေမိလှည့်မကြည့်ဘဲ

“အာဟာ ဒီကြိမ်လုံးဆို ငါက ဘယ်လိုစားရမှာလဲ ဆရာမပြန်ပေးလဲ ဒီကြိမ်လုံးက ငါ့အတွက်ဖြစ်နေဦးမယ် ´´

“ဟုတ်တယ်ဟေ့ ရွှေမိအတွက် ထစမ်း ´´

ရွှေမိအခုမှကြည့်မိတယ် သူ့ဘေးမှာအုံနေတဲ့သူလဲမရှိတော့ဘူး သူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ငါးမှုးစေ့နှစ်စေ့နဲ့

“အယ် ဆရာမ ဟီးဟီးဟဲဟဲ´´

အလကားနေဆရာမကိုရီပြမိတယ်။

“ဆရာမ ရွှေမိကလေ အတန်းရန်ပုံငွေအတွက် ဖန်(ရန်ပုံငွေ)ရှာပေးတာ´´

“ဘာရန်ပုံငွေလဲ ရွှေမိ´´

အတန်းထဲမှာ အပ်ကျသံတောင်မကြားရပါဘူး ရွှေမိနဲ့ ဆရာမ အင်တာဗျူးသံတွေကို စိတ်ဝင်တစားနားထောင်နေကြပါတယ် ။အထူးသဖြင့် ရွှေမိ ဉာဏ့်ကျယ်စာဘယ်လိုဆရာမကိုကျော်ထွက်မလဲဆိုတာ စိတ်အဝင်စားဆုံးကိစ္စဖြစ်နေကြပါတယ်။ “ဟိုလေဆရာမ သောက်ရေအိုးလေးဘဲကြည့်လိုက်ပါဦး´´

ဆရာမလဲယောင်ပြီး သောက်ရေအိုးဘက်ကိုလှည့်ကြည့်မိတော့ ရေအိုးစင်သာတွေ့ရပြီး ရေအိုးပျောက်နေတယ်။ပြီးတော့ ရွှေမိဘက်ကိုပြန်လှည့်ကြည့်တယ် ။သဘောကတော့ ရှင်းပြပါဦးဆိုတဲ့သဘောပေါ့´´

“ဆရာမ ကြွက်တွေက ရောဂါပိုးတွေသယ်တယ်ဆိုတာ ဆရာမသိလားဟင်´´

ဆရာမမျက်လုံးပါပြူးသွားပါတယ် ။ဘယ်လိုလုပ်သောက်ရေအိုးပျောက်သွားတာကနေ ကြွက်ရောက်သွားလဲမသိဘူး စာသင်ချိန်ကတော့နောက်ကျနေပါပြီ ဒါပေမယ့် ရွှေမိကိစ္စကိုလဲဖြေရှင်းရဦးမယ် ။ဒီကလေး အတန်းထဲမှာ စာအတော်ဆုံး အဆော့ဆုံး အားအကိုးရဆုံး တစ်ခုခုဆို အားကိုးဖို့ ရွှေမိကိုပြေးမြင်မိသလို အားလဲတကယ်ကိုးရပါတယ်

“ဆရာမ ဆရာမ´´

အတွေးတွေက ရွှေမိမျက်နှာမှာပြန်ပျောက်သွားပါတယ်။

“မေးကြွက်ကရောဂါပိုးရှိတယ်လေ´´

ယောင်ပြီးရွှေမိကို ဖော်လိုပြန်လိုက်မိတယ်။ဒါကိုရွှေမိက ပြုံးတယ်ဆိုရုံလေးမျက်နှာမှာပေါ်ပြီး ချက်ချင်းပြန်တည်ကာ

“ဆရာမဆွဲခြင်းတောင်းက ဒီအပေါ်မှာလေ ´´

“အင်းလေ´´

“ဆရာမက ဟင်းဆို ဟင်းကောင်းမှစားတော့ ကြွက်တွေကလဲ ဟင်းကောင်းကြိုက်တယ်လေ´´

“ကဲ ရွှေမိပြောမှာသာပြောဟာ စာသင်ချိန်တစ်ဝက်လွန်သွားပြီ´´

“ပြောရရင်တော့ ဆရာမရယ် ဒီနေ့ ရွှေမိအသင်းနေ့ဆိုတော့ ရွှေမိကစေတနာလွန်ကဲတာလဲပါတာပေါ့လေ´´

ပြောမယ့်မရေးကိုမပြောတဲ့အတွက် ဆရာမကြိမ်လုံးလေးကိုလက်နဲ့စလိုက်ပါတယ်ပြီးတော့ ရွှေမိကိုလဲ ခပ်တည်တည်မေးဆတ်ကာ ကြည့်လိုက်တယ်ရွှေမိက ဆရာမမျက်နှာကိုမကြည့် ကြိမ်လုံးလေးကိုကြည့်ကာမျက်နှာငယ်လေးဖြင့်

“ဆရာမရယ် ဆရာမရဲ့ ဆွဲခြင်းကို ကြွက်ကလာစားတော့လေ ရွှေမိက ဆရာမစားပွဲပေါ်ကပန်းအိုးလေးကိုပန်းလှလှထိုးပြီးပြန်အလာ ရွှေမိသွားတွေ့လိုက်တယ် ။အဲ့ဒါနဲ့ ဆရာမသာ ရောဂါဖြစ်ရင် ရွှေမိတို့ အတန်းသားတွေကို စေတနာထားပြီးစာသင်ပေးမယ့်သူ ရှိမှာမဟုတ်ဘူး ရွှေမိဆရာမ ဘာမှမဖြစ်စေရဘူးဆိုပြီးတော့လေ ရွှေမိလက်ထဲရှိတဲ့ ပန်းအိုးလေးနဲ့ ရန်သူကြွက်ကို လှမ်းနိုမ်နင်းမိပါတယ်´´

“ဘာရယ် စားပွဲပေါ်ကကြွက်ကို ပန်းအိုးနဲ့ပေါက်လိုက်တယ် ဟုတ်လား´´

“ဟုတ်ကဲ့ပါဆရာမရယ် ရွှေမိအတွက်ကြီးဘဲ မဟုတ်ပါဘူး ဆရာမနဲ့ ရွှေမိသူငယ်ချင်းတွေ အတွက်ပါ´´

“ဟင် ထားပါတော့ ဘာတွေဖြစ်ကုန်လဲ ရေအိုးကိစ္စမရောက်သေးဘူးလေ´´

“ဟုတ်ကဲ့ ဆရာမရဲ့ စူးရှတဲ့မျက်လုံးတွေနဲ့ ဆရာမစားပွဲနဲ့ ရေအိုးထားတဲ့နေရာကို မျဉ်းဖြောင့်စိတ်ထဲမှာ ဆွဲကြည့်လိုက်ပါ ´´

“အဲ့တော့ ညည်းက ပန်းအိုးနဲ့ပေါက်လိုက်တာကြွက်မထိဘဲ ရေအိုးကိုထိသွားတယ် ပြီးတော့ ပန်းအိုးလဲ ကွဲ ရေအိုးလဲ ကွဲသွားတယ်ဟုတ်စ ရွှေမိ´´

“ဟုတ်ကဲ့ပါ ဆရာမအဲ့လိုဖြစ်သွားပါတယ်´´

ရွှေမိမျက်နှာလေး အောက်ကိုငုံ့ချင်ယောင်ဆောင်ထားပြီး ဆရာမဟိုဘက်အလှည့်မှာ ခိုးကြည့်လိုက်ပါတယ်။အတန်းသားတွေက ပြုံးစိစိနဲ့ ခုထိ ရွှေမိခြေထောက်ရှေ့မှာ ပိုက်ဆံပုံလေးနဲ့ ရွှေမိလက်ထဲမှာငါးမှုးစေ့နှစ်စေ့ရှိနေတုန်း

“ဒါပေမယ့် ဆရာမရယ် ဒါက ရွှေမိရဲ့စေတနာအမှားပါ ။စေတနာအမှားဆိုတော့လေ ရွှေမိလဲ ကိုယ့်ကိုယ်ကိုယ် အပြစ်လုပ်တယ်လို့ မယူဆမိပါဘူး´´

“အေးဟုတ်ပြီ အဲ့ဒါကိုမပြောလိုတော့ဘူး ဆက်ပြောပါဦး ဒီပိုက်ဆံတွေ ခေါင်းပန်းလှန်တဲ့ကိစ္စကို ´´

“ဒါတော့ဆရာမရယ် ဆရာမအတန်းထဲမှာရန်ပုံငွေမကောက်ဘူး ရွှေမိတို့ ကျောင်းသားတွေကိုငဲ့ညာတာရွှေမိသိတယ်လေ အဲ့တော့ ´´

ပြောလဲပြောအောက်လဲ ဖျက်ကနဲငုံ့လိုက်ကာ ပိုက်ဆံတွေကိုစီရင်း ဆရာမကိုပေးလိုက်ပါတယ်

“ဒီဟာလေးတွေနဲ့ ပြန်ဝယ်မလို့ပါ ´´

ဆရာမက ပိုက်ဆံကိုယောင်နနကိုင်ရင်း ရွှေမိကိုဘယ်ပုံဘယ်နည်းပြောပြ အပြစ်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ အတန်းရှေ့က ဆရာတစ်ယောက်ရောက်လာပြီး

“ဒီအတန်းထဲက ရွှေမိနဲ့ မြကျောက်(မြကျောက်ဆိုသည်မှာ ရွှေမိနဲ့တစ်နေ့တာ(၁)ထဲမှ မောင်ပွေးတုတ်ဘဲဖြစ်ပါတယ်) ကျပန်းစကားပြောပွဲ မြို့နယ်ပြိုင်ဖို့ ရွေးချယ်ခံရပါတယ် ။ဒါကြောင့် ကျောင်းအုပ်ဆရာကြီး ခေါ်ခိုင်းလိုက်ပါတယ်´´

ဆရာမက ဟင်းဆိုပြီးသက်ပြင်းရှည်ကြီးချမိသလို ရွှေမိကလဲ ဟီးဟီးဟီးဟီးနဲ့လွတ်လမ်းရသွားပါတယ်။

“ဆရာမ ဆရာမ ရွှေမိက ဆရာမ အတန်းဂုဏ်ဆောင်ပြီး ရွှေတံဆိပ်ရအောင် ကြိုးစားမှာပါ´´

ဆရာမလဲံ ယောင်ရမ်းခေါင်းတွေ ညိတ်မိတယ် ။

“ပွေးတုတ်ရေ လာသွားရအောင်´´

အမယ်သူက အသံတွေဘာတွေရွှင်လို့ ပြုံးဖြီးဖြီးနဲ့ မြကျောက်တောင်ခေါ်လိုက်သေး ။ဆရာမဒုတိယမြောက် သက်ပင်းကိုချလိုက်ပါတယ်။ပြီးတော့ ရွှေမိပထမရမှာကျိန်းသေပါတယ်ပြောပြီး အတန်းရှေ့ပြန်လာကာ

ခြင်းထောင်ထဲကို ရွှေမိပေးတဲ့ ပိုက်ဆံတွေထည့်လိုက်ကာ (ငါးမှုးစေ့နှစ်စေ့အပါဝင်) ကျောင်းသင်ခန်းစာစာအုပ်ကို ထုတ်ပြီး

“ကဲ စာသင်မယ် စာအုပ်ထုတ်ကြ´´

ပြောလဲပြောစာသင်ချိန်တစ်ချိန်ကုန်ပြီဖြစ်ကြောင်း ကျောင်းသံခေါင်းခေါက်တာကိုကြားလိုက်ရပါတော့တယ်။။။။

………………………..

ပြုံးပျော်နိုင်ပါစေ (ရွှေမိနဲ့တစ်နေ့တာများ(၃) )ကို ဆက်လက်ရေးပါဦးမယ်