မြန်မာငွေတန်ဖိုး စံချိန်တင်တက်

klnMay 8, 20101min441

ပြည်တွင်းဈေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းထားတွင် မြန်မာငွေတန်ဖိုး စံချိန်တင်တက်လျက်ရှိပြီး အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလျက်ရှိသောကြောင့် အရောင်းအဝယ်နှေးကွေးသွားကြောင်း ရန်ကုန်နိုင်ငံခြားငွေလဲဒိုင်များထံ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။ ပုံမှန်အားဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၀၀ဝပတ်ဝန်းကျင်တွင် ရှိခဲ့သော်လည်း ဧပြီလလယ်မှစပြီး ဒေါ်လာဈေးများကျဆင်းလာကာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၉၉ဝကျပ်အောက်သို့ ကျဆင်းသွားကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ လတ်တလောဈေးကွက်တွင် အမေရိကန်ဒေါ်လာ မြန်မာငွေ ၉၈ဝကျပ်ဈေးပေါက်ပြီး အက်ဖ်အီးစီဈေးနှုန်းမှာလည်း အမေရိကန်ဒေါ်လာပေါက်ဈေးနှုန်းနှင့် ထူးခြားစွာတူညီနေကြောင်း ဈေးကွက်သတင်းအချက်အလက်များအရ သိရှိရသည်။ အမေရိကန်ဒေါ်လာဈေး စံချိန်တင်ကျဆင်းပြီး မြန်မာငွေဈေးတက်နေရခြင်းမှာ ပြည်တွင်းတွင် နိုင်ငံခြားငွေစီးဆင်းမှုများပြားခြင်း၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အနည်းငယ်တုံ့ဆိုင်းနေခြင်း၊ နယ်စပ်ကုန်သွယ်ရေး ကျဆင်းခြင်းအပါအဝင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ စီးပွးရေး လည်ပတ်မှုအေးစက်နေခြင်း တို့ကြောင့်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားသည်။ ပြည်တွင်းစီးပွားရေးပညာရှင်တစ်ဦးကမူ စီးပွားရေးတိုးတက်မှုများလျှင် ပြည်တွင်းသုံးငွေကြေးခိုင်မာမှုများပြီး ငွေတန်ဖိုးတက်ကြောင်း၊ သို့ရာတွင် ယခုမြန်မာငွေတန်ဖိုးတက်ခြင်းသည် နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ အခြေအနေနှင့် ဆက်စပ်ဖြစ်ပေါ်ခြင်းဖြစ်သည်။

One comment

  • kai

    May 8, 2010 at 10:14 am

    ကမ်ဘာမှာ..ဒေါ်လာတန်ဖိုးရော..ယူရိုရော ကျနေတာမို ့… မြန်မာငွေတန်ဖိုးတက်တယ်ထင်ရတာ မဖြစ်နိုင်ဘူးလား။
    မြန်မာက ..ဂက်စ်ရောင်းရငွေကနေ …နိုင်ငံခြားငွေတွေ တော်တော်ရနေဟန်တူပါတယ်။ အဲဒီမှာ ..မြန်မာငွေခိုင်မာနေတယ်လည်း တင်ပါတယ်။
    ရွေးကောက်ပွဲပြီး နောင်နှစ်မှာ … နိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေ ဝင်လာနိုင်မယ်လို ့ခန် ့မှန်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    အခြေခံအားဖြင့်တော့… မြန်မာငွေတန်ဖိုးတက်ရင်..အင်ပို ့(သွင်းကုန်) များများတက်မှာပဲ..။ ဒေါ်လာငွေပြောင်းယူရင်…များများရတာမို ့..များများဝယ်နိုင်မှာကိုးနော.။
    လူ့အသုံးအဆောင်တွေ တင်သွင်းတာထက်..စက်ပစ်စည်းတွေ တင်သွင်းတာဖြစ်စေလိုပါကြောင်း..။

Leave a Reply