မြဝတီနယ်စပ် ဂိတ်တွင် ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်မည့် သံဃာတော်တပါး ဖမ်းဆီးခံရ။

wailynnooJune 8, 20101min630

ဇွန် လ ၂ ရက်နေ့နံနက် အစောပိုင်းက ရဟန်းဘွဲ့အမည် ဦးတိလောက (ခ) နိူင်လင်းဦး
သည်မြဝတီ ကုန်သွယ်ရေးဇုံရှိစစ်ဆေးရေးဂိတ်တွင် အဖမ်းခံရကြောင်းကြားသိရသည်။
သက်ဆိုင်ရာ နယ်မြေခံထောက်လှမ်းရေးများနှင့်ရဲ များမှ မြဝတီရဲစခန်းသို့ ခေါ်ဆောင်သွားပြီး
စစ်ဆေးရာတွင် နိုင်ငံရေးဆိုင်ရာစာရွက်စာတမ်းများ၊” မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ
“ စတစ်ကာများ၊ နှင့် ကွန်ပြူတာလက်တော့တလုံး ဖမ်းဆီးမိကြောင်းကြားသိရသည်။

ဦးတိလောက ( ခ ) နိုင်လင်းဦးမှာ ရဟန်းဝါ ( ရ )ဝါ၊ အသက် ( ၂ရ )နှစ်ရှိပြီး အဖဦးစောဝင်း
အမိ ဒေါ်ရင်ဌေး တို့မှ ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်အတွင်းရှိ မိဿလင်ကျေးရွာအုပ်စု တွင်နေထိုင် ကြောင်း သိရသည်။

ဦးတိလောက သည် မြန်မာ ပြည်ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ရန် မဲဆောက်မြို ့မှ ထိုနေ ့
မနက်ပိုင်း တွင် မြဝတီ မြို ့သို ့ထွက်ခွာသွား ကြောင်း နီးစပ်သူ များ က ပြောပြသည်။

၄ ရက်နေ့တွင် ပုဒ်မ ၁၃/ ၁  လဝက မှုဖြင့် ဘားအံ့မြို့ ရဲစခန်းတွင်အမှုဖွင့်ခဲ့ကြောင်းကို မြဝတီ
အာဏာ ပိုင်များနှင့် နီးစပ်သော စီးပွားရေးသမားတဦးမှ Freedom News Group သို့ပြောသည်။

မေလ ( ၃ဝ ) ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့တွင် နိုင်ငံ( ရ )နိုင်ငံမှ ဗုဒ္ဒဘာသာ ရဟန်းသံဃာတော် များ
နှင့် ထိုင်းဗုဒ္ဒဘာသာအဖွဲ့ အစည်းတခုမှ ဦးပြီး အင်အား ၃၀ဝ ခန့် UNHCR ရုံးရှေ့မှ မဲဆောက် ပန်းခြံသို ့
ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်လမ်းလျောက် ရာတလျောက်တွင်

“ မြန်မာပြည်ငြိမ်းချမ်းပါစေ “  စတစ်ကာများ ဝေငှသွားကြောင်းလည်း ကြားသိရသည်။

Source: freedomnewsgroup.com