ဘာမထီပုသိမ်သား
ပုလည်းပု သိမ်လည်း သိမ်ပေမယ့်
သွေးကတော့ မနည်းပါဘူး။
… ခေါက်ဆွဲမုန့်ဟင်းခါးဆိုတာ
ပုသိမ်သားတွေ အသေကြိုက်ပေမယ့်
ဘယ်အချိန်မှာ စားရမယ်၊ ဘယ်အချိန်မစားရဘူးဆိုတာလည်း သိပါတယ်။
ခေါက်ဆွဲမုန့်ဟင်းခါးလောက်နဲ့တော့မစည်းရုံးနဲ့လေ
ဂျီသရီးနဲ့ပစ်မယ်ဆိုတုန်းကတောင်
ကမ်းလုံးညွှတ်ကြိုခဲ့ကြတာ
ပစ်မယ့်စစ်သားတွေ နောက်ဆုတ်သွားခဲ့ရတာ
ပုသိမ်မြို့ရဲ့ ကမ်းနားလမ်းမှာ . . .။
ကားနဲ့မသွားရလို့ တားလို့
အမေစု စက်ဘီးနဲ့ထွက်တော့
စက်ဘီးတွေနဲ့ လိုက်ခဲ့ကြတာ
နှစ် ၂ဝ ကြာခဲ့ပြီဆိုပေမယ့်
မနေ့ကလိုပါပဲ . . .။
မြို့လယ်ခေါင် ကွင်းမရလို့
ကိုးသိန်းကွင်းဆိုတော့
ရန်ဆွယ်ကိုးသိန်း ကွင်းတာပေါ့လို့
ပုသိမ်သားတွေက လှည့်တွေးတတ်တယ်။
လူငယ်တွေက မအိပ်ကြဘူး။
မနက်မနိုးမှာစိုးလို့ . . .။
ဆိုင်ကယ်တွေကို ဓာတ်ဆီအပြည့်ဖြည့်ထားတယ်
မိုင် ၂ဝ အဝေးကနေ ကြိုလို့ရအောင် . . .။
ဆိုင်ကယ်တွေကို အားလုံးပြုပြင်ထားတယ်
အပြန်ကျရင် လိုက်ပို့နှုတ်ဆက်ရအောင် . . .။
ပုသိမ်ထီးတွေ အရောင်စုံ ကြိုစုထားတယ်
အမေစု အင်္ဂာျီနဲ့ လိုက်ဖက်အောင်လို့ . . .။
ဆရာဝန်တွေ နားကျပ်တွေ အသင့်ဆောင်လို့
စောင့်မျှော်သူတွေ နေမကောင်းဖြစ်ရင်
ချက်ချင်းကုသရအောင်
ဓာတ်ပုံသမားတွေ ရှိတဲ့ကင်မရာလေးတွေ ဆောင်လို့
အမေစုကို ပုသိမ်သားတွေချစ်ကြောင်း
ကမာ္ဘကိုကြွားမလို့
ထီးနဲ့လည်း အေးမြစေရမယ်
အပြုံးနဲ့လည်း အေးမြစေရမယ်
အခုမှ ချက်ချင်းပေါ်လာတဲ့
စာမေးပွဲကိုလည်း မဖြေရဲဘဲနေရဲတယ်။
17 comments
စိန်ပေါက်ပေါက်
February 9, 2012 at 12:16 pm
ပုသိမ်သားတွေ အမေစုကို ကြိုဆိုပုံလေး တိုတိုတုတ်တုတ်နဲ ့ ပြည့်ပြည့်စုံစုံ စပ်ထားတာ
ရေလည် မိုက်သဗျာ..
ခိုက်သွားပြီ ကိုသဲနုရေ..ဗဲဒီးကို ဂွတ်..
နောက်လဲ ခုလိုမျိုးလေးတွေ စပ်ပါဦးဗျာ..အားပေးရအောင်လို ့ပါ.
Thel Nu Aye
February 9, 2012 at 1:48 pm
အွိ။ တိန်။ သေဗျီဆြာ။ ဒါကူးထားတာ။ သများ mail ထဲဝင်လာလို့သဘောကျလို့တဆင့်ပြန်ပွားထားတာ။ သများကိုအဲလောက်တော်တယ်မှတ်နေတာလား။ ကျေးဂျုး။
ဆောဒီး။ မှတ်ချက်ရေးဖို့မေ့သွားလို့။
htet way
February 9, 2012 at 12:24 pm
ကောင်းတယ်ဗျာ အိမ်မဲသားတွေလည်းကြိုကြတာပ
ကျုပ်တို့ ဆီကလည်း ပုသိမ်ကိုလာတာပဲ
ပုလည်းပု သိမ်လည်း သိမ်ပေမယ့်
သွေးကတော့ မနည်းပါဘူး။
အိပ်မက်ကနေ အိမ်မဲလို့ ခေါ်ခံရပေမယ့်လည်း
သွေးကမကြောင်ပါဘူး
ရွာစားကျော်
February 9, 2012 at 12:26 pm
ပုလည်းပု သိမ်လည်း သိမ်ပေမယ့်
သွေးကတော့ မနည်းပါဘူး တဲ့ ကြိုက်တယ်ဗျာ.
အခုမှ ချက်ချင်းပေါ်လာတဲ့
စာမေးပွဲကို မဖြေဘဲလည်း နေရဲတယ် လို့ ဖြစ်ခဲ့ကြောင်းသိထားပါတယ်..
မဖြေရဲဘဲနေရဲတယ် ဆိုတော့ အဓိပ္ပာယ်တမျိုး ဖြစ်းသွားသလိုပဲ
Thel Nu Aye
February 9, 2012 at 1:53 pm
ဆောရီးပါ။ မှန်ပါတယ်။ မဖြေလဲဘဲပါ။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 9, 2012 at 12:37 pm
ကောက်ကာငင်ကာ စစ်ရဲတဲ့ ပေါမေက္ခကိုလဲ အံ့ဩပါရဲ့။
တော်တော် အာဏာရူး အမိုက်အမဲတွေပါလား။ကျေးဇူး
ပါနော် မသဲနုအေးရေ
ahnyartamar
February 9, 2012 at 1:32 pm
I’m very respect all of people in Pathein & good poem.
etone
February 9, 2012 at 2:33 pm
ပြောင်မြောက်တဲ့ကဗျာလေးပဲ … ဖြစ်နေတဲ့ အခြေနေကို ကလောင်စွမ်းထက်ထက်နဲ့ကွက်ကွက်ကွင်းကွင်းရေးပြနိုင်တဲ ့… စာရေးသူကို ချီးကျူးမိပါတယ် … ။
အမိအရ ရှာတင်ပေးတဲ့ အစ်မသဲနုအေးကိုလည်း ကျေးဇူးပါလို့ … ။
myanmarcitizen
February 9, 2012 at 4:38 pm
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။ ရင်ထဲကိုထိသွားတာပဲ။ ကျေးဇူးပါ မသဲနုရေ
blackchaw
February 9, 2012 at 4:45 pm
ဒီကဗျာ ဖတ်ပြီး
ပုသိမ်သားတွေကို လေးစားသွားပါတယ်။
ကျွန်တော်လည်း ပုသိမ်မှာမွေးခဲ့တာ မသည်းနုအေးရေ။
ပုသိမ်ကိုတော့ လူမှန်းသိတတ်မှ ချောင်းသာသွားလို့
နှစ်ခါပဲ ဖြတ်သွားဘူးပါတယ်။
၅ နှစ်သားလောက်ကတည်းက ပုသိမ်က ပြောင်းခဲ့တာပါ။
ပုသိမ်ကို မခင်တွယ်တော့သော ပုသိမ်သားပါဗျာ။
koaung
February 9, 2012 at 5:45 pm
မှန်တယ်ထင်တာကိုလုဎ်ရဲတဲ့စိတ်ဓတ်ကိုလေးစားတယ်ဗျာ
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 9, 2012 at 6:48 pm
ကောင်းလိုက်တဲ့ ကဗျာ …
“အမေစုကို ပုသိမ်သားတွေချစ်ကြောင်း
ကမာ္ဘကိုကြွားမလို့” … ဆိုပဲ …
အခုဆို ပုသိမ်သူားတွေ အမေစုကို ဘယ်လောက် ချစ်တဲ့အကြောင်း မြန်မာ သာမက ကမ္ဘာကပါ သိသွားကြပါပြီဗျာ … ။
မသဲနုအေးရေ … ရှဲပေးတဲ့အတွက် … ရှဲရှဲပါနော် ….
padonmar
February 10, 2012 at 12:54 am
ဟေ့ ဒို့ဧရာဝတီကွ (ဆွေမျိုးအတင်းဝင်စပ်သွားတာ)
ကဗျာလေးက ထိထိမိမိရှိပါပေတယ်။
ဖော်ပြပေးတာ ကျေးဇူးပါ။
Mလုလင်
February 10, 2012 at 12:58 am
ပုသိမ် မှာခဏ နေဖူးခဲ့ပါတယ်။ ပုသိမ် သား မဖြစ်ရုံတမယ်ပါပဲ။
ဝင်ကြွယ်သွားတဲ့
Mလုလင်
Khin Latt
February 10, 2012 at 4:25 am
ဖတ်ရင်းနဲ့ အဲဒီမှာတောင် ရှိနေချင်စိတ် ပေါက်သွားတယ်။
တကဲ့ ကို တိုရင်း လိုရှင်း ဖွဲ့ပြသွားနိုင် တာဘဲ။
ကဗျာဖွဲ့ သူ ပုသိမ်(သူ/သား) အတွက်လဲ ဂုဏ်ယူပါတယ်။
ဒီကဗျာကို မျှဝေ ပေးတဲ့ သဲနု ကိုလဲ ကျေးဇူးတင်ပါတယ်။
MaMa
February 10, 2012 at 6:09 am
ကဗျာလေးက မြင်ကွင်းကိုလည်း ပေါ်လွင်စေတယ်။
စိတ်ဓာတ်ကိုလည်း ဖော်ပြပေးတယ်။
ဖတ်ပြီးတော့ အင်းးးးးးးးးးးးး ဘယ်လိုပြောရမလဲ။
စိတ်ကျေနပ်တဲ့ ခံစားမှုကို ရသွားတယ်။ 🙂
Thel Nu Aye
February 10, 2012 at 8:57 am
တကယ်ပါ။ ကျွန်မလေအဲကဗျာလေးကိုဖတ်ပြီးမျက်ရည်ဝဲမိပါတယ်။ ဒီလူအုပ်ကြီးရဲ့မြင်ကွင်းကိုလဲကွက်ကွက်ကွင်းကွင်းမြင်မိပါတယ်။