“သဘာဝဆေးခြယ် ရောင်စုံကမ္ဘာဝယ်”











သဘာဝဆေးခြယ်ရောင်စုံကမ္ဘာဝယ်
တစ်နေ့ တစ်နေ့ နေဝင်လိုက် နေထွက်လိုက် နဲ့သဘာဝကြီးက သူ့အလိုအလျောက်အတိုင်း မောင်းနှင်နေပါတယ်။
သဘာဝကြီးက အလိုအလျောက်ပြောင်းလဲနေတယ်ဆိုပေမယ့်
နေ့စဉ်နဲ့ အမျှ မတူညီတဲ့ အရောင်အသွေးတွေ အဆင်တွေနဲ့ ကမ္ဘာလောကကြီးကို
ဆေးရောင်တွေခြယ်ပေးနေပါတယ်။
ဒီသဘာဝပေးအပ်တဲ့အလှအပတွေကို ကျနော်တို့က မြင်မိလို့ ခံစားမိတာလဲရှိ။
သတိမထားမိလို့ မခံစားလိုက်ရတာလဲရှိ။
မြင်ပေမယ့်လဲ မခံစားနိုင်မိတာလဲရှိ။
လူတွေ ဘယ်လိုသဘောထားထား သဘာဝကြီးကတော့ သူ့အလုပ်သူလုပ်နေမှာအမှန်ပါဘဲ။
သူဖန်တီးပေးလိုက်ရတဲ့အတွက် ဘာတောင်းဆိုမူ့မှမလုပ်တာလဲအမှန်.။
ကျနော်တို့တစ်တွေကတော့ ကိုယ်ဖန်တီးလိုက်တာလေးကို သူများက သတိမပြုရင်ဘဲဖြစ်ဖြစ်
မနှစ်သက်ရင်ဘဲဖြစ်ဖြစ် မသိကျုးိကျွံပြုနေရင်ဘဲဖြစ်ဖြစ်
“ငါ့မှာတော့ လုပ်လိုက်ရတာ သူတို့ကတော့………………………”
ဆိုတဲ့ မချင့်မရဲနဲ့ မကျေနပ်စိတ်ကလေးတွေ ပေါ်လာတတ်ပါတယ်။
အသိအမှတ်အပြုခံချင်တယ်ဆိုတာ လူ့သဘာဝကိုး။
အဲတော့လဲ တစ်ခါတစ်ရံ စိတ်ဆင်းရဲရတတ်ပါတယ်။
အကောင်းဆုံးကတော့ သဘာဝတရားကြီးလိုစိတ်ဓါတ်မျိုးထားနိုင်ရင်အကောင်းဆုံးပါဘဲ။.
အသိမှတ်ပြုချင်ပြု မပြုချင်နေ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ရုံဘဲဆိုတာလေးပေါ့။
ကဲ ကြိုးစားကြည့်လိုက်ကြရအောင်ဗျာ။
ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့ လက်ဆော့
(12-2-2012)
12 comments
ကိုပေါက်(မန္တလေး)
February 12, 2012 at 8:36 am
ဒီပုံလေးတွေကတော့ အခုရက် သွားရင်းလာရင်း လက်ဆော့ထားတဲ့မန်းလေးပါတ်ဝန်းကျင်ကပုံလေးတွေပါ.။
မန်းလေးကန်တော်ကြီးရယ် ကပ်ကျော်ဘုရားနားရယ် မြို့သစ် 73လမ်းပါတ်ဝန်းကျင်ကပုံလေးတွေပါ။
KoNyeinChan
February 12, 2012 at 9:02 am
ကိုပေါက်ရေ… တတိယပုံလေးကို ပိုကြိုက်တယ်.. စတုတ္တပုံလေးလဲ သစ်ရွက်ခြောက်တွေမပါရင် ပိုကြည့်ကောင်းမယ်
ကိုပေါက်(မန္တလေး)
February 12, 2012 at 9:15 am
ဟုတ်ပ သစ်ရွက်ခြောက်တွေက လှမယ်ထင်ခဲ့တာ သေချကြည့်မှ မလှတော့ဘူးနော်။
water-melon
February 12, 2012 at 9:57 am
လေးပေါက် calendar ထုတ်ရောင်းရအောင် 😀
လေးပေါက် ပြိုင်ပွဲဝင်လို့ရပြီနော့
စိန်ပေါက်ပေါက်
February 12, 2012 at 10:28 am
ဒေါ်ပေါက်ရေ
ရိုက်ချက်တွေက တစ်ကယ် လန်လာတယ်နော..
အားဒီး..မပုကြု….ဘာဆေးစားလို ့ဒီလောက်လှနေလဲ…
kyeemite
February 12, 2012 at 3:55 pm
ဆြာပေါက်ရေ..ပထမဆုံးပုံက မြေပဲခင်းမှတ်တယ်..မှတ်မိသေးသဗျာ…ငယ်ငယ်တုံးကဒီလိုအချိန်သာသာ
နွေကျောင်းပိတ်ရက်ဆို..ကျွန်တော်တို့သူငယ်ချင်းမတွေ..စုပီး ရှမ်းလေးကျွန်းကိုအစောကြီးထသွားပီး
မြေပဲနှုတ်ကြတာ..ကျောင်းပိတ်ရက်အပိုဝင်ငွေရှာဘို့ပေါ့..အဲတုံးကတစ်နေ့ ၆ကျပ် ရတယ်..မနက်စာ
အခင်းရှင်ကကျွေးတယ်…ညနေအလုပ်သိမ်းရင် ကောက်သင်းကောက်ခွင့်ပြုသေးတယ်..မြေပဲစိမ်း
တစ်ပြည်လောက်ရအောင်ကောက်သင်းကောက်ပီး နေညိုမှပြန်ကြတာ…ပုံတွေမြင်တော့ ငယ်ဘဝကို
လွမ်းသဗျာ..ကျေးဇူးပါကိုပေါက်ရေ…မန္တလေးဘက်လာဖြစ်ရင်ဆက်သွယ်ပီးဆုံကြမယ်ဗျာ..စကားတွေ
ပြောကြတာပေါ့..
ကိုပေါက်(မန္တလေး)
February 12, 2012 at 5:09 pm
ဟုတ်ပါ။
ဒီပုံလေးက မနက်ခြောက်နာရီလောက် သွားပြီးရိုက်ထားတာ။
လမ်းလျှောက်ထွက်ရင်းပေါ့။
ဒီနေရာကအခုမှလမ်းပေါက်တာလေ။
ကျနော်တို့ငယ်ငယ်က ရှမ်းလေးကျွန်းသွားချင်ရင်ကပ်ကျော်ဘုရားနားက
အုတ်ရိုးအပျက်ကိုကျော်။
လယ်ကန်သင်းတွေပေါ်မှာ စက်ဘီးကို ယိုင်ထိုးယိုင်ထိုးနဲ့စီးပြီးသွားရတာ။
ဇီးသီးပေါ်ချိန်ဆိုရင်ပေါ့။
ငယ်ဘဝ လွမ်းစရာ။
မန်းလေးလာမယ်ဆိုရင် ဖုန်းဆက်လိုက်ပါနော်။
koaung
February 12, 2012 at 6:48 pm
နံပတ်၃ပုံ အကြိုက်ဆုံးဘဲဗျိုး
Mလုလင်
February 12, 2012 at 11:02 pm
နံပါတ် 10 ကို ခံစားလို့ ရတယ် ဗျာ
လေးစားစွာဖြင့်
padonmar
February 12, 2012 at 11:34 pm
လှေကလေး ၃ နဲ့ နေဝင်ချိန် ၁၁ ကိုကြိုက်တယ်
Khin Latt
February 13, 2012 at 4:44 am
ကိုပေါက် ရေ – ပန်းချီကားလေးတွေ ကိုကြည့်နေရသလိုဘဲ။
အရမ်းလှတယ်။ ကျေးလက် တောရွာ အနံ့လေးတွေ ပြန်ရလာတယ်။
ပုံတွေထဲက ၂၊ ၃၊ ၅၊ ရ ကို အရမ်းကြိုက်တယ်။ တကယ် တော့ အားလုံး ကို သဘောကျတာပါ။
တကဲ့ သဘာဝ စစ်စစ် အလှတရား တွေ ကို အမိအရ ဖမ်းယူ နိုင်သူ ကိုပေါက် ကို ချီးကျူးပါရဲ့။
ကျွန်မ က မြို့ပြ ထက် တောရွာ လေးမှာ နေရတာ ပိုကြိုက်တယ်။
ထူးအိမ်သင် ရဲ့ “အမေ့အိမ်” ကိုနားထောင်ရင်း ဒီပုံတွေကြည့်လိုက်ရင် ….. 🙁
ကိုပေါက်(မန္တလေး)
February 13, 2012 at 8:38 am
တကယ်တော့ သဘာဝ ကြီးးက အလိုလိုလှပြီးသား။
ကျနော်တို့ကသာ သူ့အလှတွေကို သတိမထားမိကြတာပါ။