“ရှေးဟောင်း ရွွှေကျောင်းကြီးထဲက ရုပ်လုံးကြွ ဇာတ်တော်များ”
- 1ရှေးမူမပျက်သေးတဲ့ရွှေကျောင်းကြီး
“ရွှေကျောင်းကြီးက ရုပ်လုံးကြွဇာတ်တော်များ”
ပြီးခဲ့တဲ့လဆန်းက မရောက်တာအတော်ကြာတဲ့ ရွှေကျောင်းကြီးဘက်ရောက်ခဲ့ပါတယ်။
ဟိုငယ်စဉ်ကလေးဘဝထဲက ဝင်ခလုတ်ထွက်ခလုတ်နေခဲ့တဲ့ကျောင်းကိုဝင်ကြေးပေး
ရတော့ နှမျောသလို။
ဓါတ်ပုံရိုက်မယ်ဆိုတော့ ကင်မရာ အတွက်ပိုက်ပိုက်ပေး။
ဒါပေမယ့် တကူးတကလာရတာမဟုတ်ဘဲ ကိုယ့်မြို့ကို်ယ်ဆိုတော့
တန်ပါတယ်လို့ဘဲ စိ်တ်ထဲတွေးမိပါတယ်။
ဒီရွှေကျောင်းကြီးပုံရိုက်ထားတာကတော့ ဘိုလိုနှစ်ဆန်းတစ်ရက် (1-1-2012)နေ့ပါ။
းဒါပေမယ့်အခုမှတင်ဘို့အလှည့်ကျ။
ဒါပေမယ့် ကိုကျော်မွန်ခန့်က တင်ထားတာလဲရှိတော့ သူ့နဲ့မတူတာလေးရွေးတင်ပေးလိုက်ပါတယ်။
ရှေးရှေးတုန်းကပုံလေးကို လဲ စာအုပ်ထဲကနေဓါတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်။
ဒီပုံလေးကြည့်မိလို့ မန်းလေးကို လာချင်စိတ်ပေါက်သွားတယ်ဆိုရင် ကျေနပ်ပြီနော်.။
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့ လက်ဆော့
(11-2-2012)
12 comments
ကိုပေါက်(မန္တလေး)
February 12, 2012 at 8:43 am
ရွှေကျောင်းကြီးကိုမရောက် တာအတော်ကြာပါတယ်။
(1-1-2012)နေ့ကရောက်သွားပေမယ့် ပုံတွေမတင်ဖြစ်ခဲ့။
ရွာထဲက ကိုကျော်မွန်ခန့်က မန်းလေးရောက်ခိုက် ရွှေကျောင်းကြီးပုံတွေတင်ပေးလိုက်တာ
အတော်လေးလှပါတယ်။
အဲတော့ ကျနော်လက်ဆော့ထားတာထဲက သူနဲ့မတူတာလေး ရွေးတင်ပေးလိုက်ပါတယ်။
koyinmaung
February 12, 2012 at 9:06 am
တကယ့်ကိုလာလည်မှာပါ…..
အခွင့်မသင့်သေးလို့မလာနိုင်သေးတာပါ
တချိန်ကကျနော်တို့ရဲ့မင်းနေပြည်တော်ကြီးမဟုတ်လား
ရှေမူလက်ရာတွေ ကိုယ်တိုင်လာရောက်လေ့လာချင်ပါတယ်
မရောက်နိုင်သေးတဲ့ခုအချိန်မှာတော့ဆရာပေါက်နဲ့မန်းလေးရွာသားတို့
လက်ရာတွေနဲ့ဘဲနှစ်သိပ်လေရပါတယ်
ဓါတ်ပုံတွေကောင်းမှကောင်းပါ……
water-melon
February 12, 2012 at 10:02 am
လေးပေါက် ကင်မရာကြေး ၅၀ဝ ပေးရတာမလား 😛
လေးပေါက် ရွေကျောင်းကြီးဖြစ်နေတယ်
လေးပေါက် ရွှေကျောင်းထဲမှာ ဘယ်သူမှ သတိမထားမိတဲ့ ပုံ ကျွန်တော်ထဲမှာရှိတယ်
လိုချင်ရင်ပြောနော့
စိန်ပေါက်ပေါက်
February 12, 2012 at 12:56 pm
ခုပုံလေးကြည့်ပြီးတော့လဲ မန်းလေးကို လာချင်ဒယ်..
မောင်ပ ရွှေဘဲလိုက်ကျွေးတယ်ကြားတော့လဲ လာချင်ဒယ်
အို..
ဘာပဲဖစ်ဖစ် လာချင်ဒယ်.. 😆
အရီးပေါက်ရဲ့
ရှေးမူမပျက်သေးတဲ့ ရွှေချောင်း အဲလေ..ရွှေကျောင်းကြီး ကြည့်သွားပါတယ်..
ကိုပေါက်(မန္တလေး)
February 12, 2012 at 1:10 pm
ရွှေမန်းမြို့သူများက ခင်တတ်ပါတယ်လေ။
စိန်ပေါက်ပေါက်
February 12, 2012 at 2:09 pm
ရွှေမန်းမြို့သူများက ခင်တတ်တာ အမှန်ပါပဲ လေးပေါက်ရေ…
စကားမစပ်..
စာရေးဘို့ လိပ်ပြာ ပြန်သွင်းရတာ အတော်ခက်တယ်ဗျာ
ဒီအထဲမှာ သပွတ်အူမျောလာတာကရှိသေးတယ် 😆
ကိုပေါက်(မန္တလေး)
February 12, 2012 at 2:38 pm
အခုလိပ်ပြာပြန်ရသွားပြီ။
သပွတ်အူလဲမီးရှို့လိုက်လို့ပြီးသွားပြီ။
အဲတော့ လောလောဆယ် ရိုက်ထားတဲ့ပုံတွေနေ့တိုင်းတင်ပြီး
………………………………………………………………………..
KoNyeinChan
February 12, 2012 at 8:11 pm
စတော်ဘယ်ရီသီးတွေ သီးနေတယ်မှတ်တယ်.. ရဲရဲနီနေလိုက်တာ 🙂
ရှေးလက်ရာ ကနုတ်တွေက အတော်အနုစိတ်နိုင်လွန်းတယ်.. ရွှေတိဂုံစောင်းတန်းမှာ အသစ်လုပ်ထားတဲ့ ကနုတ်တွေကတော့ လက်ရာကြမ်းတယ်.. ရှေးဟောင်းလက်ရာတွေ တစ်နေ ့ထက်တစ်နေ ့ အတော်ရှားကုန်ပြီ.. ရှေးဟောင်းရုပ်ထုတွေဆိုပြီး ကြေးသွန်းရုပ်တွေကို မြေကြီးထဲထား အက်ဆစ်လောင်းပြီးရောင်းတာတွေ မြင်ဖူး ကြားဖူးတယ်
MaMa
February 12, 2012 at 8:25 pm
ကိုပေါက်ရေ
(ဟိုငယ်စဉ်ကလေးဘဝထဲက ဝင်ခလုတ်ထွက်ခလုတ်နေခဲ့တဲ့ကျောင်းကိုဝင်ကြေးပေး
ရတော့ နှမျောသလို။
ဓါတ်ပုံရိုက်မယ်ဆိုတော့ ကင်မရာ အတွက်ပိုက်ပိုက်ပေး။) ဆိုတဲ့ ….
ကိုယ့်ခံစားချက်လေးပါ ထည့်ရေးတာ ကိုပေါက်ရဲ့ လက်ရာပဲ။
ကိုပေါက်(မန္တလေး)
February 12, 2012 at 10:42 pm
ကျနော်က နေရာတစ်ခုခုကိုရောက်ရင် ကျနော်အပေါ်ရိုက်ခတ်လာတဲ့ခံစားမူ့ကိုဦးစားပေးပြီးရေးတာများပါတယ် မမရေ
Mလုလင်
February 12, 2012 at 10:47 pm
ဖော်ရိန်နာ ဆို 10 FEC ပေးရတယ်နော်… မြန်မာ ဆို ကင်မရာ အလုံးလေးနဲနဲ ကြီးတာနဲ့ ဟွန့် … စိတ်နာဒလယ်။
ကိုပေါက်(မန္တလေး)
February 12, 2012 at 10:57 pm
လုလင်နောက်တစ်ခါလာရင် အခုလိုမဖြစ်အောင်စီစဉ်ထားတယ်။
ရွှေကျောင်းကြီးထဲမှာ အပီအပြင်ရိုက်မယ်ကွာ။