1ရှေးမူမပျက်သေးတဲ့ရွှေကျောင်းကြီး “ရွှေကျောင်းကြီးက ရုပ်လုံးကြွဇာတ်တော်များ” ပြီးခဲ့တဲ့လဆန်းက မရောက်တာအတော်ကြာတဲ့ ရွှေကျောင်းကြီးဘက်ရောက်ခဲ့ပါတယ်။ ဟိုငယ်စဉ်ကလေးဘဝထဲက ဝင်ခလုတ်ထွက်ခလုတ်နေခဲ့တဲ့ကျောင်းကိုဝင်ကြေးပေး ရတော့ နှမျောသလို။ ဓါတ်ပုံရိုက်မယ်ဆိုတော့ ကင်မရာ အတွက်ပိုက်ပိုက်ပေး။ ဒါပေမယ့် တကူးတကလာရတာမဟုတ်ဘဲ ကိုယ့်မြို့ကို်ယ်ဆိုတော့ တန်ပါတယ်လို့ဘဲ စိ်တ်ထဲတွေးမိပါတယ်။ ဒီရွှေကျောင်းကြီးပုံရိုက်ထားတာကတော့ ဘိုလိုနှစ်ဆန်းတစ်ရက် (1-1-2012)နေ့ပါ။ းဒါပေမယ့်အခုမှတင်ဘို့အလှည့်ကျ။ ဒါပေမယ့် ကိုကျော်မွန်ခန့်က တင်ထားတာလဲရှိတော့ သူ့နဲ့မတူတာလေးရွေးတင်ပေးလိုက်ပါတယ်။ ရှေးရှေးတုန်းကပုံလေးကို လဲ စာအုပ်ထဲကနေဓါတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်။ ဒီပုံလေးကြည့်မိလို့ မန်းလေးကို လာချင်စိတ်ပေါက်သွားတယ်ဆိုရင် ကျေနပ်ပြီနော်.။ ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့ လက်ဆော့ (11-2-2012)