Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ရန်ကင်းတောင်တော်အတွင်းက ငရံ့မင်းသုံးဆူ”

1 မြောက်ဘက်ကလှေခါးက ဆင်းရင်ဒီအတိုင်းဆင်းလာရတယ်လေ
2 လှေကားအဆင်းလမ်းက နည်းနည်းလေးတော့မတ်စောက်ပါတယ်
3 ငရံ့ မင်းဂူထဲကနေ အပေါ်မော့ကြည့်တော့ ဒီအတိုင်းမြင်ရတယ်လေ
4 မိုးရွာစေတဲ့အစွမ်းရှိတယ်လို့ မန်းလေးမြိုကလူတွေယုံကြည်တဲ့ ငရံ့မင်းသုံးဆူ
5 ငရံ့မင်းကို ရှေ့တည့်တည့်မှဖူးမြင်ရပုံ
6 ကလေး လေးတွေက ဒီလိုရေသပ္ပါယ်ကြတယ်လေ
7 ငရံ့ မင်းဂူအတွင်းက ဘုရားတစ်ဆူ မီးပူဇော်ထားတယ်
8 မင်္ဂလာရွှေမောင်း
9 ဂူအတွင်းက ရပ်တော်မူစေတီ
10 ရပ်တော်မူအနီးကပ်
11 အလင်းခနေတော့ ဝင်းပနေတဲ့စေတီ
12 ဒီအတိုင်းတက်သွားရင် တောင်ဘက် စောင်းတန်းတွေဘက်ရောက်သွားမှာပါ

 

“ရန်ကင်းတောင်တော်အတွင်းက ငရံ့မင်းသုံးဆူ………………….. အပိုင်းနှစ်”

ရန်ကင်းတောင်အတက်က မတ်စောက်သလို အဆင်းကလဲမတ်စောက်ပါတယ်။

တောင်ဘက်ကလှေခါးထစ်ကပိုကျယ်ပြီး မြောက်ဘက်လှေကားထစ်က ပိုပြီးမတ်စောက်

သလိုကျဥ်းလဲကျဥ်းမြောင်းပါတယ်.။

သဘာကျောက်ဆောင်ရဲ့လှိုဏ်ဂူထဲမှာဖြစ်တာကြောင့်အတွင်းထဲမှာအေးမြငြိမ်းချမ်းပါတယ်။.

အထဲက ကျောက်တောင်တွေထဲမှာ ငရံ့မင်းကသုံးဆူ ရွှေရောင်တွေဝင်းလက်လို့။

နံဘေးမှာက မတ်တတ်ရပ်ကိုယ်တော်က တစ်ဆူ။

အတွင်းထဲမှာဆင်းတုလေးက နှစ်ဆူ။

ရွှေမောင်းကတစ်လုံး။

သံဃာတော်နှစ်ပါးက အလှူငွေထည့်ချင်သူများအတွက် အဆင့်သင့်။

လှိူဏ်ထဲကို နေခတော့ အမွှေးတိုင် ဖယောင်းတိုင်တွေကထွက်လာတဲ့

မီးခိုးတန်းများကလှပ။

ကဲ…………………ခံစားသာကြည့်လိုက်ပါတော့နော်

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(31-1-2012)

21 comments

  • Shwe Tike Soe

    February 2, 2012 at 9:23 am

    ဟုတ်ပ လေးပေါက်ရယ် ကျွန်တော်ဖြင့် မန်းလေးသာရောက်နေတာ ဘယ်မှကို မသွားဖြစ်ဘူး….
    ရန်ကင်းတောင် ကို မရောက်တာ ၃နှစ်လောက်ရှိရော့မယ်…. ကျေးဇူး.. လေးပေါက် ဓာတ်ပုံတွေရှိသေးတယ်လို.သတင်းကြားတယ်နော်… ဟဲဟဲဟဲ ဆက်တင် နော်. 😀

  • water-melon

    February 2, 2012 at 9:33 am

    လေးပေါက် ငရံမင်း သမိုင်းအပြည့်အစုံလေးပြောပြပါအုန်း
    ငရံမင်းကရော ကျောက်သားနဲ့ပြုလုပ်ထားတာလား လေးပေါက်

  • ကျနော်လဲ ဒီငရံ့မင်းဂူထဲကို မရောက်တာ နှစ်20ကျော်ပြီလေ။
    အခုမင်းလုလင်ရောက်လာမှ အခုလိုရောက်သွားတာ။
    အဲဒါ ကလေးတွေနဲ့ ပေါင်းတဲ့အကျိုးကျေးဇူးဘဲ။
    လူကြီးချင်းဆိုရင်နေ့ရွှေ့ညရွှေ့နဲ့ရောက်မှာကို မဟုတ်ဘူး။
    ပုံတွေကတော့ အများကြီး ရယ်။
    တစ်ရက်ကို ပိုစ်တစ်ခု ၊ပိုစ်တပုဒ်ကို ဓါတ်ပုံသုံးပုံနုန်းနဲ့တင်မယ်ဆိုရင်တော့
    တစ်နှစ်စာလောက်ရှိမယ်ထင်ပါရဲ့။
    ဟုတ်တယ်ဟုတ်

  • ဖရဲသီးရေ သမိုင်းကတော့ သိပ်မမှတ်မိတော့ဘူး။
    တော်ကြာလွဲကုန်လိမ့်မယ်။
    မိုးတွင်းကျရင်ထပ်သွားအုံးမှာ အဲဒီအခါကျရင်လိုက်ခဲ့။
    အဲဒီမှာရှိတဲ့ သူကိုမေး သူတို့ကငါ့ထက်ပိုသိတယ်လေ။

    • ကြက်ဖင် ( အကယ်ဒမီ )

      February 3, 2012 at 12:49 am

      ဒါနဲ့
      ငရံ့ပရိတ်ကအစွမ်းထက်တယ်ဆိုဘဲ
      ငါးရန့်ရုပ်ကြီးကို ရေသပ္ပယ်ကြတယ် ဖူးမြော်ကြတယ်ဆိုတော့ မန္တလေးက
      သံဃာတော်တွေ အားနာစရာကြီး

  • ကြက်ဖင် ( အကယ်ဒမီ )

    February 2, 2012 at 10:08 am

    ဓာတ်ဆရာကြီးကို အကြံပြုခွင့်ပေးပါ
    အဟမ်း
    ရန်ကင်းတောင်တန်းကြီးသော်လည်းကောင်း
    ထိုပရဝုဏ်မုတ်ဝ ကိုသော်လည်းကောင်း ဦးစွာပထမ မိတ်ဆက်ပြီး
    ဒါကတော့ဖြင့် ကျွန်တော်ဓာတ်ပုံဆရာ မန္တလေးရွာသားကိုပေါက် အတွဲသွားချောင်းနေကြ
    ဘယ်နေရာပါ ဘာညာ နိဒါန်းလေးပျိုးပြီး
    အတွင်းပိုင်းတွေကို ဆက်လက်ဖေါ်ပြသင့်ပါတယ်
    ဒါနဲ့
    ငရံ့ပရိတ်ကအစွမ်းထက်တယ်ဆိုဘဲ
    ငါးရန့်ရုပ်ကြီးကို ရေသပ္ပယ်ကြတယ် ဖူးမြော်ကြတယ်ဆိုတော့ မန္တလေးက
    သံဃာတော်တွေ အားနာစရာကြီး

  • Diamond Key

    February 2, 2012 at 11:04 am

    ငါးရံမင်းရောက် လုနဲ့ပေါက်၊
    ရိုက်ကြ တစ်ဖျောက်ဖျောက်၊
    ငါးရံမင်းမှာ ရေမသွန်းပါ၊
    မိုးရွှာမှာကို စိုးလို့ဗျာ၊
    မိုးရွာရင် ရိုက်ကွက်ပျောက်၊
    နှစ် ၂ဝ မှ တစ်ခါရောက်။
    နောက်တစ်ခေါက်မှာ၊
    ကင်မရာ အပါ၊
    သမိုင်းသွားယူမှာ၊
    အဲဒီခါမှ ပြောမယ်ဟ၊
    ဖရဲ စောင့်နှေဗျ။ :mrgreen:

  • zarlay

    February 2, 2012 at 11:07 am

    ရန်ကင်းတောင်ကို အတွဲတွေ အတူသွားရင် ကွဲတတ်တယ်လို့တော့သိတယ် တကယ်လားတော့မသိဘူး

  • DEPARKO DEPARKO

    February 2, 2012 at 12:11 pm

    ကျွန်တော်လည်းမန္တလေးအခေါက်ခေါက်ရောက်ပေမဲ့ အခုမှမြင်ဘူးတော့တယ် ကျေးဇူးတင်ပါတယ် ကိုယ်မသိသေးတာတွေဖြန့်ဝေပေးလို့

  • စိန်ပေါက်ပေါက်

    February 2, 2012 at 12:20 pm

    အူးလေး..အူးလေး..
    တွဲသွားရင် ကွဲတယ် ဆို ဂယ်ပြောတာလားဂျ

  • (ဒါနဲ့
    ငရံ့ပရိတ်ကအစွမ်းထက်တယ်ဆိုဘဲ
    ငါးရန့်ရုပ်ကြီးကို ရေသပ္ပယ်ကြတယ် ဖူးမြော်ကြတယ်ဆိုတော့ မန္တလေးက
    သံဃာတော်တွေ အားနာစရာကြီး)
    ဒါကတော့ ကိုယ့်ယုံကြည်မူ့နဲ့ကိုယ်လုပ်ကြတာပါဘဲ။
    ဒီလို လုပ်တယ်ဆိုတဲ့ကိစ္စအတွက်သံဃာတော်ကိုလည်းအားနာစရာမရှိပါ။
    သံဃာတော်တွေကိုယ်တိုင်ခွင့်ပြုထားတာလေ ။
    အဲတော့ အိုးကမပူ စလောင်းကပူဆိုသလိုဖြစ်နေအုံးမယ်နော်။
    လက်ဆောင်ပါးပါးလေးပေးချင်တာကတော့
    အကြောင်းအရာတစ်ခုကို အတည်ပေါက်ဝေဖန်တော့မယ်ဆိုရင်
    သေသေချာချာသိအောင်အရင်လေ့လာပြီးဝေဖန်မှာ အရသာရှိတာ။
    ဟုတ်တယ်ဟုတ်

    • ဂျက်ကီချီးပေ

      February 3, 2012 at 1:02 am

      ဟုတ်ပ

  • Novy

    February 2, 2012 at 2:35 pm

    ရန်ကင်းတောင်က ငါးရံမင်းစေတီကို မရောက်တာ 15နှစ်တော်ကျော်ပေါ့
    ဓါတ်ပုံလေးကြည့်ပြီး အလွမ်းဖြေသွားတယ် ဦးပေါက်ရေ.

  • Khin Latt

    February 2, 2012 at 10:11 pm

    ကိုပေါက်ရေ – တစ်ခေါက်မှ မရောက်ဖူး ဘူး။
    အခုရောက်ခဲ့ပြီ။
    တကဲ့ ကို ကျေးဇူးတင်ပါတယ်။
    ဖရဲ ပြောသလိုဘဲ ငရံမင်း သမိုင်းအပြည့်အစုံ လေး သိချင်သား။
    ကျွန်မတို့ ပြည်မှာ ဒီလို တိုးရစ် ဆွဲဆောင်ဖို့ နေရာတွေ မှ များမှများ ဆိုတာ ဒီလို ပုံတွေ တွေ့မှ သတိပြုုမိတယ်။ 😀

  • fatty

    February 2, 2012 at 11:34 pm

    ဝေးပေမဲ့ မခေါင်ဘူးဗျနော်

  • padonmar

    February 3, 2012 at 1:13 am

    ဘုရားလောင်းနုစဉ်အခါက ဒီနေရာမှာ ငါးရံ့မင်းဘဝ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

    မိုးခေါင်ရေခန်းလို့ ငါးအပေါင်း ဒုက္ခရောက်ချိန်မှာ ငါးရံ့မင်းက သစ္စာဆိုပါတယ်။(ဇာတ်ကတော့ ကောသလတိုင်းလို့ ဆိုပါတယ်)

    “ငါဟာ ကိုယ့်ကိုကိုယ် မှတ်မိတဲ့ အချိန်ကစပြီး တတ်သိနားလည်တဲ့ အရွယ် ရောက်ပြီးချိန်ကစပြီး
    ဇာတ်တူချင်းစားတဲ့ ငါးမျိုးမှာ ဖြစ်ပေမယ့် ဆန်စေ့လောက်ဆန်ကွဲလောက်ရှိတဲ့ ငါးလေးကိုတောင် မစားဖူးပါ။
    အခြားသတ္တဝါတစ်ကောင်းကိုမျှ ညှင်းဆဲတာကို မသိပါ။
    သတ်တာကိုတော့ မပြောပါနဲ့တော့၊ငါဟာသတ္တဝါတစ်ကောင်ကိုတောင် မညှင်းဆဲတာကို ပြောခဲ့ပါတယ်။
    ဒီစကားမှန်ခဲ့ရင် အဲဒီသစ္စာစကားကြောင့် မိုးရွာပါစေသတည်း”

    ယတော သရာမိ အတ္တာနံ၊
    ယတော ပတ္တောသ္မိ ဝိညုတံ၊
    နာဘိဇာနာမိ သဉ္စိစ္စ၊
    ဧကပါဏမ္ပိ ဟိ ံသိတံ၊
    ဧတေန သစ္စဝဇ္ဖေန၊
    ပဇ္ဇုနော အဘိဝဿတု။
    (သာမဏေကျော်၏ အခက်အတွက်လက်နက်ကောင်းမှ ကူးပေးပါသည်)

    သူတော်ကောင်းကြီးများ ဒီသစ္စာဆိုရင် မိုးရွာတယ်လို့ မှတ်သားဖူးပါတယ်။
    ရန်ကုန်မှာ အပူလှိုင်းဖြတ်တဲ့ နှစ်က အောင်သုခထမင်းဆိုင်ပိုင်ရှင်ရဲ့ ဆွမ်းကျွေးမှာ ဆရာတော်ကြီးများ ဒီပရိတ်ကို ရွတ်ဆိုပေးပြီး မကြာခင် မိုးရွာချတယ်လို့ မဂ္ဂဇင်းထဲ ဖတ်ရဖူးပါတယ်။
    ဘုရားလောင်း ငါးရံ့မင်းပုံကို ရေသပ္ပါယ်တာဖြစ်လို့ သံဃာတွေကို အားနာစရာမရှိလောက်ပါကြောင်း။

    ကိုပေါက်ရေ ပုံတွေအတွက် ကျေးဇူးပါနော်

  • awra-cho

    February 3, 2012 at 10:09 am

    စကားမစပ် ဓါတ်ပုံ တင်တာလေး ပြောပေးပါအုးံ၊

  • etone

    February 3, 2012 at 11:37 am

    တနေ့တနေ့ ရုံးမှာ ထိုင်နေပေမယ့် လေးပေါက်တို့ ကျေးဇူးနဲ့ ဘုရားဖူးနေရတာလည်း .. အပမ်းဖြေခြင်း တမျိုးပါပဲ … ။ လေးပေါက်ရေ ကျန်းမာပါစေနော် … ဒါမှ နောက်လည်း များများ ရိုက်တင်နိုင်မှာ … 🙂

  • Shwe Ei

    February 3, 2012 at 11:44 am

    ရန်ကင်းတောင်ကို အပျင်းထူပြီး ဆုံးအောင်မတက်မိတဲ့ ကိုယ့်ကိုယ်ကို စိတ်နာဒယ်။ အော် မန်းလေးမန်းလေး အလှမ်းဝေးလိုက်တာကွယ်။ 🙁

Leave a Reply