“ရူ့ဘွယ်စုံညီ ရန်ကင်းတောင်တော်မဟီ…………………….. အပိုင်းသုံး”
1 လှေခါးအတက်လမ်းမှာ နေရောင်အလင်းတန်းခတော့ ……………











“ရူ့ဘွယ်စုံညီ ရန်ကင်းတောင်တော်မဟီ…………………….. အပိုင်းသုံး”
ရန်ကင်းတောင်အတွင်းက နေ တောင်ဘက်လှေခါးအတိုင်းအပေါ်တက်
လိုက်တဲ့အခါ အဝေးကမြင်နေရတဲ့ တည်ဆောက်လက်စ ဘုရားကြီးကို အနီးကပ်
ဖူးမျှော်ရပါတယ်။
အနောက်ဘက်လှေကားကနေဆင်းကြည့်လိုက်တော့ ဇရပ်အဆောင်ဆောင်တွေ
ကနေ မြင်ရတဲ့မြင်ကွင်းကလှပါလွန်းပါတယ်၊
မြကျောက်စေတီတော် ပုသိမ်ကြိးဘက်က လယ်ကွက်(မိုးတွင်းဆို စပါးခင်းစိမ်းစိမ်းနဲ့ပိုလှပါတယ်)
အဝေးက လမ်းကလေးတွေ ထန်းပင်အုပ်တွေနဲ့မြင်ရတာရူ့မညီးစရာ။
ကဲ ပြောနေရင်ကြာပါတယ် တစ်ခေါက်လောက်တက်ကြည့်လိုက်ကြရအောင်ဗျာ။
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့
(30-1-2012)
7 comments
ကိုပေါက်(မန္တလေး)
February 3, 2012 at 8:48 am
ကြက်ဖင်ရေ
အတွဲချောင်းဘို့ကရန်ကင်းတောင်က အဆင်မပြေဘူး။
ဒီတောင်လာရင်ကွဲတယ်ဆိုတဲ့အယူရှိတော့မလာကြဘူး။
အတွဲချောင်းမယ်ဆိုရင်
မန်းလေးတောင်
စန္ဒာမုနိဘုရား
မန်းလေးကန်တော်ကြီး
ကန်ပါတ်လမ်းနားက လက်ပန်ပင်
အဲဒီမှာသွားကြည့်ရင်ရတယ်။
လာခဲ့ မန်းလေးကို လိုက်ပို့ပေးမယ်။
အတွဲချောင်းဘို့သက်သက် သီးသန့်ပို့ပေးမယ်။
အချောင်းခံရတဲ့ကောင်က ဒါးနဲ့လိုက်ခုတ်ရင်တော့ လွတ်အောင်ပြေးဘို့က ကိုယ့်တာဝန်ဘဲနော်။
Moe Z
February 3, 2012 at 8:50 am
လေးပေါက်ရေ ရန်ကင်းတောင်တော့ မရောက်ဖူးဘူး
ဒီတစ်ခေါက်အချိန်ရရင်တော့ သွားဖြစ်မယ်ထင်တယ်
ဓာတ်ပုံတွေကနေ ကြိုမြင်ဖူးလိုက်လို့ ကျေးဇူးပါနော် ..
အဲဒီရန်ကင်းတောင်နားမှာ မြင်းစီးကွင်းအသစ်တစ်ခုဖွင့်ထားတယ်ကြားတယ်
နိုင်ငံခြားသားတွေလည်း သွားစီးကြတယ်
ီ
ဆူး
February 3, 2012 at 11:23 am
လေးလေးရေ.. မန်းကို လာရင် ဆူး ကို လိုက်ပို့ပေးနော်.. မရောက်တာ ၁ဝနှစ်ကျော်ပြီ ထင်တယ်.. တော်တော် ပြောင်းလဲသွားတယ်။
ကိုပေါက်(မန္တလေး)
February 3, 2012 at 3:24 pm
ရန်ကင်းတောင်က တက်ရတာ မတ်တော့ အလာနည်းတယ်။
တကူးတကသွားမှရောက်တာ။
လေးလေးတို့တောင် အကြာကြီးနေမှတစ်ခေါက်။
ဧည့်သည်လာမှ အိမ်ရှင်လဲ ဘုရားရောက်တာ ထုံးစံ။
ဆူးရော မိုးဇက်ပါ လာခဲ့ ရန်ကင်းတောင် ဘုရားဖူးရအောင်လိုက်ပို့ပေးမယ်။
ကြက်ဖင် ကိုတော့ အတွဲချောင်းရမယ့် နေရာမှာ ထမင်းထုပ် ရေဘူးနဲ့ထားပေးခဲ့မယ်။
ကောင်းမှကောင်း။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စိန်ပေါက်ပေါက်
February 3, 2012 at 3:33 pm
ဟယ်..
အတွဲချောင်းရင် ဓါးနဲ ့လိုက်ခုတ်သတဲ့
ဖြစ်သေးဘူး..
လျှို ့ဝှက်ကင်မလာပဲသုံးတော့မယ် 😆
ဪ..
တစ်ခါမှမရောက်ဖူးလို ့လား မသိဘူး..တူလေးရေ
မြင်ကွင်းတွေအတော်ပြောင်းလဲသွားတယ်ကွယ်
pooch
February 3, 2012 at 4:39 pm
လောက်ပေး အနော်မရောက်တာ ၁ဝ နှစ်ကျော်နေပြီ ။ ခုမှပဲ ပြန်မြင်ရတော့တယ်။ ကပ်ကျော်ဖြစ်နေတာလေ။ 😛
ကိုပေါက်(မန္တလေး)
February 3, 2012 at 10:17 pm
မန်းလေးကိုဧည့်သည်လာလို့လိုက်ပို့ရင် ညည်းပါလိုက်ခဲ့။
ခြေလျင်တက်မှာနော် ကားလမ်းကနေပြီးတော့။